BEC-TERO TV

တိုက်စစ်အဖျက်ကစားခဲ့လို့ ဝေဖန်ခံနေရတဲ့ စီရော်နယ်ဒို

02 Dec 2019     1,409 Views


မနေ့ညနေပိုင်းက ကစားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ ဆက်စူအိုလိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲမှာ ​စီရော်နယ်ဒိုဟာ ဂိုးရရှိဖို့ အခွင့်အရေးအတော်များများကို လွဲချော်ခဲ့ပြီ မိမိအသင်းသားဘက်က ကန်သွင်းတဲ့သွင်းဂိုးကို တစ်ဖက်အသင်းပြိုင်ဘက်နောက်တန်းကနေ ကာကွယ်ခဲ့သလို ဖြစ်ခဲ့လို့ ဝေဖန်ပြောဆိုခံနေရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဆက်ဆူအိုလိုအသင်းကို အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် အနိုင်ရလဒ် ရရှိအောင် ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ဆက်ဆူအိုလိုအသင်းရဲ့ဦးဆောင်သွင်းဂိုးတွေကို နောက်ကနေ လိုက်ပြီး ချေပနေရပြီး ၂-၂ အနေအထားကို ရောက်ရှိခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ နောက်ထပ် အနိုင်ဂိုးတွေ သွင်းယူနိုင်ဖို့ အခွင့်အရေးတွေ အများကြီးပေမယ့်လည်း အခွင့်အရေး မယူနိုင်ခဲ့ပါဘူး။

ပွဲချိန် ၆၉ မိနစ်မှာ အနိုင်ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးကောင်း ရရှိခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး စီရော်နယ်ဒိုက ပြိုင်ဘက်အသင်းခံစစ်ကနေ ကာကွယ်သလို ဖြစ်ခဲ့တာကြောင့် ဂိုးရရှိဖို့ နစ်နာခဲ့ရပါတယ်။

ဖြစ်စဉ်မှာ ဟီဂူအင်က ဘောလုံကို ဆွဲလာခဲ့ပြီး ဒိုင်ဘာလာက ဘောလုံးယူ ဂိုးထဲကန်သွင်းတဲ့ အချိန်မှာ ရော်နယ်ဒိုနဲထိပြီး ပြန်ထွက်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပွဲမှာ စီရော်နယ်ဒိုဟာ အသင်းကို သရေရစေမယ့် ချေပဂိုး ပင်နယ်တီသွင်းဂိုး တစ်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။

အသက် (၃၄) နှစ်အရွယ်ရှိရော်နယ်ဒိုဟာ နိုင်ငံအသင်းမှာ ခြေစွမ်းပြသွင်းဂိုးတွေသွင်းယူနိုင်ပေမယ့် ဂျူဗင်တပ်စ်အသင်းမှာ သွင်းဂိုးတွေရရှိဖို့ အတော်လေးရုံးကန်နေရပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်အချို့မှာ​ ခြေစွမ်းပြကစားထားနိုင်ခြင်းမရှိလို့ နည်းပြဆာရီက ဒဏ်ရာပြသာနာအကြောင်းပြုပြီး လူစားလဲမှု ၊ Line-UP ချန်ထားခဲ့မှုတွေကို ပြုလုပ်ခဲ့ပါတယ်။

နောက်လာမယ့်ပွဲစဉ်တွေမှာ ရော်နယ်ဒိုတစ်ယောက် ဝေဖန်မှုတွေကနေ ရုံးထွက်ပြီး သွင်းဂိုးတွေ သွင်းယူပြနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။


02 Dec 2019     1,409 Views




RELATED

Most Popular of Football

Most Popular of Sport