BEC-TERO TV

နည်းပညာသုံးပြီး တောင်းတဲ့ အဆင့်မြင့်မြင့် တောင်းစားသူတွေ ပေါ်လာပြီ

02 Dec 2019     1,371 Views


လမ်းပေါ်မှာဖြစ်ဖြစ်၊ ဆိုင်တွေထဲမှာပဲဖြစ်ဖြစ် ပိုက်ဆံတောင်းတဲ့သူတွေနဲ့ ကြုံဖူးကြပါလိမ့်မယ်။ အဲဒီအခါ မပေးချင်လို့ပဲဖြစ်ဖြစ် ပိုက်ဆံအကြွေမပါလို့ပဲဖြစ်ဖြစ် မရိုင်းသွားအောင် “အကြွေမရှိလို့ပါ” လို့ ပြောပြီး ငြင်းပယ်ခဲ့ဖူးကြမှာပါ။

နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ လူတိုင်းက နည်းပညာတွေကို အသုံးချတတ်အောင် အမီလိုက်နေကြပါတယ်။ ဒီအထဲမှာ ပိုက်ဆံတောင်းတဲ့ (သူဖုန်းစား) တွေလဲ ပါလာကြပါပြီ။ သူတို့နဲ့တွေ့တဲ့အခါ အရင်ကလိုမျိုး “အကြွေမရှိလို့ပါ” လို့ ပြောပြီး ရှောင်းထွက်သွားလို့မရတော့ပါဘူး။

တရုတ်နိုင်ငံက လမ်းတွေပေါ်မှာ ပိုက်ဆံတောင်းတဲ့သူတွေဟာ WeChat အပလီကေးရှင်းရဲ့ အွန်လိုင်းငွေပေးချေစနစ်ကို အသုံးပြုပြီး အဆင့်မြင့်မြင့် တောင်းစားနေကြပြီလို့ ဖေ့စ်ဘွခ်သုံးစွဲသူ Fazil Irwan က သူ့မိတ်ဆွေတစ်ယောက် တရုတ်နိုင်ငံမှာ ကြုံခဲ့ရတဲ့အဖြစ်ပျက်ကို ပြန်လည် ဝေမျှထားပါတယ်။

ကျွန်တော့သူငယ်ချင်းတွေ ညစာစားဖို့ အပြင်ထွက်အလာ လမ်းပေါ်မှာ အဖွားကြီးတစ်ယောက်က ပိုက်ဆံတောင်းပါလေရော၊ သူတို့က ပေးစရာ ပိုက်ဆံအရွက်(cash) မရှိဘူးလို့ ပြောလိုက်တော့ အဖွားကြီးက ကိစ္စမရှိပါဘူးဆိုးပြီး QR ကုဒ်ပါတဲ့ ကတ်ပြားလေးထုတ်ပေးပါလေရော။ အဲဒါလေးကို စကန်ဖတ်ပြီး အွန်လိုင်းကနေ ပေးလို့ရပါတယ်တဲ့။ ဒါနဲ့ပဲ အွန်လိုင်းကနေ ပိုက်ဆံလွှဲပေးခဲ့ရပါတယ်” လို့ ရေးသားခဲ့ပါတယ်။

အဲဒီပို့စ်ရဲ့အောက်မှာ ဝင်ရောက်ရေးသားသူ 3.4K ရှိနေပြီး ပြန်လည်ဝေမျှသူ 16K ရှိတာကို တွေ့ရပါတယ်။

ကဲ..နောက်တစ်ခါဆိုရင်တော့ ‘အကြွေမရှိဘူး’ လို့ ငြင်းလို့မရတော့ဘူးနော်..။


02 Dec 2019     1,371 Views




RELATED

Most Popular of Special or Others

Most Popular of NEWS