BEC-TERO TV

ဂျီဖက်နဲ့ ချစ်သူတွေမဟုတ်တော့ဘူးလို့ အတိအလင်းပြောကြားလိုက်တဲ့ နန်းဆုရတီစိုး

02 Dec 2019     1,748 Views


အနုပညာရှင်အချင်းချင်း သမီးရည်းစားဘ၀ ချစ်သူတွေအဖြစ် ရွှေလက်တွဲထားတဲ့ စုံတွဲတွေထဲမှာ နန်းဆုရတီစိုးနဲ့ ဂျီဖက်တို့ချစ်သူနှစ်ဦးကလဲ ပရိသတ်တွေချစ်ခင်အားကျရတဲ့စုံတွဲလေးဖြစ်ပါတယ်။ မနဲ့မောင်အချစ်ရေးကိုတည်ဆောက်ထားကြတဲ့ သူတို့နှစ်ယောက်ဟာ လိုက်ဖက်ညီကြတဲ့ ချစ်သူတွေမို့ သဘောတူကြည်ဖြူကြတာ သက်ဆုံးတိုင်လက်တွဲသွားနိုင်ဖို့ထိပါ မျှော်လင့်နေခဲ့ကြတာပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

၂ နှစ်ကျော်ကြာ ချစ်သူတွေအဖြစ် လက်တွဲခဲ့ပြီးနောက်မှာတော့ သမီးရည်စားသဘာ၀အတိုင်း နန်းစုနဲ့ဂျီဖက်တို့ကြားမှာ အချစ်ရေးအဆင်မပြေမှုတွေရှိလာခဲ့ပါတယ်။ ပုံမှန်စိတ်ဆိုးစိတ်ကောက်ဖြစ်နေကြတယ်လို့သာ ပရိသတ်တွေက ထင်ခဲ့ပေမယ့် အမြဲတမ်းနှစ်ယောက်အတူမြင်တွေ့နေကြ ချစ်သူနှစ်ဦးကို ပုံမှန်မဟုတ်တဲ့အနေအထားတွေနဲ့ တွေ့မြင်လာရတာကြောင့် ပရိသတ်တွေက သူတို့နှစ်ယောက်ရဲ့အချစ်ရေးကို စိုးရိမ်ပေးခဲ့ကြပါတယ်။

သိပ်မကြာခင်က နန်းဆုက ဂျီဖက်နဲ့သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ထိလွယ်ရှလွယ်ဖြစ်နေတဲ့ အနေအထားမို့ အကောင်းဆုံးဖြစ်ဖို့ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေကြားခဲ့ပြီး ဂျီဖက်ဘက်ကတော့ အချစ်ရေးနဲ့ပတ်သက်လို့ တိတိလင်းလင်း ပြောပြခဲ့ခြင်းမရှိခဲ့ပါဘူး။ ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ကို အရင်လို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်အဆင်ပြေသွားဖို့အတွက် ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါတယ်။

နန်းဆုက အားလုံးသိချင်နေကြတဲ့ သူမရဲ့လက်ရှိအချစ်ရေးအနေအထားကို မီဒီယာတွေကနေ ပွင့်ပွင့်လင်းလင်းပြောပြလိုက်ပါပြီ။ အချစ်ရေးအနေနဲ့ သူမနဲ့ဂျီဖက်ဟာ ချစ်သူတွေမဟုတ်ကြတော့ဘူးလို့ တရားဝင်အသိပေးပြောကြားလိုက်ပါပြီ။ သူတို့နှစ်ယောက်ဟာ ချစ်သူတွေမဟုတ်ကြတော့သလို ရန်သူတွေလည်း မဟုတ်ပါဘူးလို့ဆိုပါတယ်။

နန်းဆုပြောသွားတာက “အချစ်ရေးက ချစ်သူတွေလည်း မဟုတ်ကြတော့သလို ရန်သူတွေလဲ မဟုတ်ကြပါဘူး။ အချင်းချင်းက အဆက်အသွယ်လဲရှိပါတယ် အလုပ်နဲ့ပတ်သက်ပြီး​တော့ စကားတွေလဲပြောဖြစ်ပါတယ်။ သူ့ One Man Show အတွက် လိုအပ်တာလေးတွေလဲ သတိပေးဖြစ်တယ်။ အဲ့လိုမျိုးလေးတွေ​တော့ ပြောဖြစ်တာရှိပါတယ်”ဆိုကာ ချစ်သူတွေမဟုတ်ကြတော့မယ့် မိတ်ဆွေတွေလို အဆက်အသွယ်ရှိတုန်းပါပဲလို့ ဆိုသွားပါတယ်။

ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ဖြတ်သန်းခဲ့ရပုံကိုလည်း “နန်းဆုတို့ လွန်ခဲ့တဲ့လတွေတုန်းက အရမ်းကိုစိတ်ဆင်းရဲစရာတွေ ပဋိမက္ခတွေအများကြီးဖြစ်ခဲ့ရတယ်။ အဲ့ဒီဟာ​တွေကို နာကျင်စွာနဲ့ခံစားခဲ့ရတဲ့အချိန်တွေကိုလဲ အများကြီးဖြတ်ကျော်ခဲ့ရတယ်။ အဲ့ဒီအတွက် နှစ်ယောက်စလုံးလဲ လူပင်ပန်းစိတ်ပင်ပန်းဖြစ်ရသလို ဘေးနားမှာရှိတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ပရိသတ်တွေကအစ စိတ်မကောင်းဖြစ်ရတယ် စိတ်ပင်ပန်းခဲ့ရတယ်။ အဲ့အခြေအနေကို ပြန်မရောက်ချင်ဘူး၊ ပြန်ရောက်မှာလဲ ကြောက်တယ်။

အဲ့လိုကိစ္စမျိုးတွေထပ်ဖြစ်လာရင် ကိုယ့်မှာခံနိုင်ရည်ရှိပါ့မလားတောင် မသိဘူး။ အခုတော့ သူ့အလုပ်သူ့လုပ်၊ ကိုယ်လဲ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကြိုးစားပြီးနေထိုင်နေတယ်။ ဒီအခြေအနေလေးကလဲ သူ့အတွက်လဲကောင်းမယ် နန်းဆုအတွက်လဲကောင်းမယ် နှစ်ယောက်လုံးအတွက်လဲ ပိုပြီးစိတ်ချမ်းသာမယ်လို့ ထင်မိတာပဲလေ။ အဲ့တာကြောင့် ဒီအခြေအနေလေးကပဲ ပိုပြီးတော့ကောင်းမယ်လို့ ထင်ပါတယ်” လို့ ပြောပြသွားပါတယ်။

ပရိသတ်တွေ မျှော်လင့်ထားသလို ကြားချင်ကြသလို အဖြေမျိုးမပေးနိုင်တဲ့အတွက်လဲ စိတ်မကောင်းစွာ တောင်းပန်စကားဆိုသွားပါသေးတယ်။ “Sorry ပါလို့ နန်းဆုအနေနဲ့ ဒီ Relationship နဲ့ပတ်သက်ပြီး ပရိသတ်တွေကြားချင်နေကြတာကို နန်းဆုမပြောပေးနိုင်၊ မဖြေပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး၊ နန်းဆုကို နားလည်ပေးပါ” ဆိုပြီး အပြုံးတွေကို အားတင်းထားရင်း စိတ်မကောင်းစွာပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဂျီဖက်က သူ့ရဲ့တစ်ကိုယ်တော်ရှိုးပွဲအတွက် ကြိုးစားပြင်ဆင်နေသလို နန်းဆုကလဲ သူမရဲ့အနုပညာအလုပ်တွေကို အကောင်းဆုံးလုပ်ကိုင်နေတာ တွေ့ရပါတယ်။

ပရိသတ်ကြီးရေ… ဒဏ္ဍာရီထဲက သိပ်ချစ်ကြတဲ့ ဖူးစာရှင်စုံတွဲလေးကတော့ အချစ်ကြိုးတွေဖြတ်တောက်ပြီး ချစ်သူတွေမဟုတ်ကြတော့ပါဘူးတဲ့…

 

Source_Cele Gabar

(ပိုပိုလေး)


02 Dec 2019     1,748 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment