BEC-TERO TV

အမျိုးသမီးဝန်ထမ်းများ ဓမ္မတာအချက်ပြ ရင်ထိုး ဝတ်ဆင်ရန် ဂျပန်ကုမ္ပဏီစေခိုင်း

02 Dec 2019     1,484 Views


ဂျပန်နိုင်ငံက ကုမ္ပဏီတစ်ခုဟာ ဝန်ထမ်းအမျိုးသမီးတွေကို ဓမ္မတာ(ရာသီ)လာနေချိန်တွင် ကာစတန်မာများအား အသိပေးသည့်အနေနှင့် ဓမ္မတာပေါ်နေကြောင်း အချက်ပြသင်္ကေတ ရင်ထိုး ဝတ်ဆင်ထားကြရန် ညွှန်ကြားလိုက်သည်။

အိုဆာကာမြို့တွင်ဖွင့်လှစ်ထားသော အမျိုးသမီးများအတွက် လိင်ဆက်ဆံမှုပစ္စည်းများ၊ ဓမ္မတာ(ရာသီ)ချိန်အတွင်း ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ရောင်းချသည့် Michi Kake စတိုးဆိုင်က အမျိုးသမီး ဝန်ထမ်းများကို ရာသီလာနေချိန်တွင် ရင်ထိုးများ ဝတ်ဆင်ရန် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အတင်းအကြပ်ဝတ်ခိုင်းခြင်းမျိုးမဟုတ်ပဲ ယင်းကဲသို့ဝတ်ခိုင်းရခြင်းမှာ ဆိုင်တွင်ရောင်းချနေသော ကုန်ပစ္စည်းများနဲ့လည်း ဆက်စပ်မှုရှိတဲ့အတွက် လိုက်နာလက်ခံမည်ဆိုပါက ရာသီလာနေချိန်တွင် ဝတ်ဆင်ထားရန် စီစဉ်လိုက်ခြင်းဖြစ်သည်။ ရင်ထိုး၏ ပုံစံမှာ ကာတွန်းဇာတ်ကောင် Seiri-chan ၏ အရုပ်ဖြစ်ပြီး အဆိုပါကာတွန်းရုပ်ကို အမျိုးသမီးများ၏ ဓမ္မတာ မီးယပ်စက်ဝန်းအဖြစ် ဂျပန်တွင် လူသိများကြသည်။

 

စတိုးဆိုင်၏ အပြင်အဆင်ကိုလည်း မီးယက်စက်ဝန်းမှာ အဆင့် ၄ ဆင့် ရှိသကဲ့သို့ အရောင်လေးများနဲ့ အကန့်ခွဲကာ သက်ဆိုင်ရာ ပစ္စည်းများကို ပြသရောင်းချထားသည်။

အပြာရောင် နေရာက လက်ရှိမှာ ဓမ္မတာ လာနေသူများအတွက်ဖြစ်ပြီး၊ ရာသီလာကာစ၊ ရာသီမလာမီ နဲ့ ရာသီလက္ခဏာအရ မအီမသာဖြစ်နေတဲ့ အချိန်တွေအလိုက် ခွဲခြားထားသည်။ ဂျပန်နိုင်ငံမှာတော့ အမျိုးသမီးများရဲ့ ဓမ္မတာကိစ္စတွေနဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုလေ့မရှိကြောင်း စတိုးဆိုင်မန်နေဂျာ Takahiro Imazu က ပြောကြားခဲ့ပါတယ်။

 

ဒီကိစ္စနဲ့ပက်သက်ပြီး ကာစတန်မာတွေအားလုံးက သဘောကျချင်မှ ကျမှာပါ ဒါပေမယ့် ငယ်ရွယ်သူတွေကတော့ သဘောထား ပြောင်းလဲလာနိုင်ပါတယ်။ အခုတော့ပြောဖို့ စောနေပါသေးတယ် ဒါပေမယ့် ဒီဆိုင်လေးကိုတော့ အမျိုးသမီးတွေအတွက် လိင်နဲ့ပက်သက်ပြီး လိုအပ်တာဖြစ်စေ၊ ဓမ္မတာပေါ်တဲ့ကိစ္စနဲ့ပဲဖြစ်စေ အားကိုးရတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်” လို့ ဆိုပါတယ်။


02 Dec 2019     1,484 Views




RELATED

Most Popular of Special or Others

Most Popular of NEWS