BEC-TERO TV

အလုပ်ကြိုးစားလွန်းပါက အသက်တိုပြီး ရုတ်တရက်သေဆုံးနိုင်

05 Dec 2019     2,214 Views


အသက် ၃၆ နှစ်အရွယ် လူငယ်တစ်ဦးဟာ အလုပ်အသစ်အတွက် ကုမ္ပဏီတစ်ခုတွင် အင်တာဗျူးဝင်နေစဉ်အတွင်း အလုပ်အင်တာဗျူးသူရဲ့ရှေ့မှာတင် ရုတ်တရက် မေ့လဲကျခဲ့ပြီး သေဆုံးခဲ့ရမှုတစ်ခု နိုဝင်ဘာလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှ အမျိုးသားတစ်ဦးဟာ အလုပ်အင်တာဗျူးဝင်နေချိန်တွင် ရုတ်တရက် လဲကျသွားခဲ့တာကြောင့် ဆေးရုံကို အရေးပေါ်တင်ပို့ခဲ့ရပါတယ်။ ဆေးရုံရောက်တဲ့အချိန်မှာတော့ သူ့ရဲ့မျက်စိသူငယ်အိမ်ဟာ ကျယ်နေတာကို စစ်ဆေးတွေ့ခဲ့ရပြီးနောက် သေဆုံးသွားပြီဖြစ်ကြောင်း ဆရာဝန်တွေက အတည်ပြုပေးခဲ့ပါတယ်။

အလုပ်အင်တာဗျူးသူရဲ့ အဆိုအရ လူငယ်ဟာ ယခင်အလုပ်မှာတုန်းက အလုပ်အလွန်ကြိုးစားခဲ့ပြီး အမြဲတမ်းလိုလို ညနက်သည်အထိ အချိန်ပိုအလုပ်လုပ်ခဲ့ရကြောင်း၊ ဒါကြောင့်မို့ သူ့အနေနဲ့ အလုပ်ပြောင်းဖို့ ကြိုးစားနေတာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် လူငယ်ဟာ သွေးတိုးရောဂါလည်း ရှိသူဖြစ်ပါတယ်။

သရုပ်ဖော်မျှသာ

လူငယ်ဟာ ရုတ်တရက် နှလုံးဖောက်တဲ့ ဝေဒနာကြောင့် အခုလို ရုတ်တရက်သေဆုံးခဲ့ရကြောင်း ဆရာဝန်တွေက ဆိုပါတယ်။ သေဆုံးသူဟာ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါနဲ့ သွေးတိုးရောဂါရှိသူဖြစ်ပါတယ်။ ဒီလိုရောဂါရှိနေသူတွေဟာ ရှေ့ပြေးရောဂါလက္ခဏာတွေမပြပဲ ကျန်းမာရေးအကာင်းကြီးကနေ ရုတ်တရက် အချိန်မရွေး နှလုံးရပ်ပြီး သေဆုံးနိုင်ခြေ မြင့်မားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှလုံးနဲ့ ပက်သက်တဲ့ရောဂါ ရှိသူတွေအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်ပြီး လုပ်သင့်တဲ့အလုပ်ချိန်ထက် ပိုပြီး အလုပ်လုပ်တာတွေကို ရှောင်ကျဉ်ကြဖို့ ဆရာဝန်က သတိပေးလိုက်ပါတယ်။


05 Dec 2019     2,214 Views




RELATED

Most Popular of Special or Others

Most Popular of NEWS