BEC-TERO TV

ဆီးကျောက်တည်ရောဂါအတွက် အစွမ်းထက် တိုင်းရင်းဆေးနည်း

17 Dec 2019     3,858 Views


ဆီးကျောက်တည်ရောဂါဟာ ဝေဒနာရှင်ကို မချိမဆံ့ခံစားရပြီး အလူးအလဲနှိပ်စက်သည့် ဆီးရောဂါတစ်မျိုးဖြစ်သည်။ အရွယ်အစားအမျိုးမျိုးရှိသည့် ဆီးကျောက်များကို ကျောက်ကပ်အတွင်းမှ ခွဲစိတ်ဖယ်ရှားရသည်ထိ ကြောက်စရာကောင်းတဲ့ ရောဂါဖြစ်ပါတယ်။ ဆီးကျောက်တည်ရောဂါဟာ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်တတ်သည့် ရောဂါဖြစ်သည်။

ဆီးကျောက်တည်ဝေဒနာရှင်များအတွက် သက်သာပျောက်ကင်းစေနိုင်သည့် အစွမ်းထက် မြန်မာ့တိုင်းရင်းဆေးနည်း (၂)နည်းကို ဖော်ပြပေးလိုက်ရပါသည်။

ဆေးနည်း (၁) သံမနိုင် ကျောက်မနိုင်နည်း

သံမနိုင် ကျောက်မနိုင် အပင်သည် မြန်မာ့ဆေးကျမ်းတွင် ဆေးဘက်ဝင်အပင်အဖြစ် စာရင်းဝင်ပြီး ချုပ်သော သတ္တိရှိသည်။ ဖောယောင်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ဆီးချုပ် ကျောက်တည်ရောဂါများကို ပျောက်ကင်း၍ အနာပြည်ပေါက်စေနိုင်သော စွမ်းအင်သတ္တိရှိကြောင်း လေ့လာသိရှိရသည်။

ဆေးနည်းမှာ မြေပြင်တွင် ရှပ်၍ပေါက်လေ့ရှိသော “သံမနိုင်ကျောက်မနိုင်” အပင်ကို အမြစ်ပါ ပါအောင် ဆွဲနုတ်ပါ။ မြေအိုးတွင်ထည့်ကာ သုံးခွက် တစ်ခွက်တင်ကျိုပါ။ ထို့နောက် အရည်များကို (အဖတ်မပါအောင်) ရေစစ်နဲ့ စစ်ပြီး သံမနိုင်ကျောက်မနိုင် ပြုတ်ရည်ကို ခဏခဏ သောက်ပေးခြင်းဖြင့် နှစ်ရက်အတွင်း ရောဂါကင်းစင်သက်သာကာ ဆီးကျောက်များ အလိုလိုကြွေကျကြမည်။

 

ဆေးနည်း (၂) ဆီးဖြူသီးနည်း

ဆီးဖြူသီး၏ ဓာတ်သဘောမှာ အငန်မှလွဲ၍ အရသာ ငါးပါးစလုံး စုဖွဲ့တည်နေခြင်းကြောင့် အရသာတစ်မျိုးခြင်းစီ၏ စွမ်းရည်အလိုက် အထွေထွေရောဂါတို့ကို ပျောက်ကင်းစေနိုင်သည်။ ဆီးဖြူသီးကို အခြားအရာများနဲ့ ပေါင်းစပ်မှီဝဲပါက ဆီးရောဂါ၊ လေအောင့်ရောဂါ၊ သလိပ်ရောဂါ အစရှိသော ဝေဒနာတို့ကို ပျောက်ကင်းသက်သာစေသည်။ နာမည်ကိုက "ဆီးဖြူ" ဖြစ်သဖြင့် ဆီးနဲ့ပက်သက်တဲ့ ကိစ္စတွေအတွက် အစွမ်းထက်သည်။

ဆီးကျောက်တည်ခြင်းအတွက် “ဆီးဖြူသီး” ဆေးနည်းမှာ ဆီးဖြူသီး ၂၀ ကျပ်သားကို နူးနေအောင်ပြုတ်ပြီး အစေ့ထုတ်ပါ။ ထို့နောက် နနွင်း(အစစ်) ၁၀ ကျပ်သား၊ ပျားရည် ၁၀ ကျပ်သား တို့နဲ့အတူ သုံးမျိုးရောစပ် သမအောင်မွှေပြီး တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း တစ်ဇွန်း စားသုံးပါ။ နနွင်းခါးအရသာကို မနှစ်သက်သူများအနေနဲ့ ပျားရည်ကို ပို၍ရောစပ်နိုင်ပါသည်။

 

ဆေးနည်း (၃) ထိကရုံးနည်း

ထိကရုံးပင်တွင် အေးသောသတ္တိရှိသည်၊ သလိပ်၊ သည်းခြေတို့ကို ငြိမ်းစေပြီး ဆီးရောဂါ၊ လိပ်ခေါင်းရောဂါ၊ သွေးအန်၊ ဝမ်းရောဂါတွေအတွက် အထူးကောင်းသည်။ ထိကရုန်းပင်တွင် ကုန်းထိကရုန်း၊ ရေထိကရုန်း ဟူ၍ နှစ်မျိုးရှိပြီး ကုန်းထိကရုန်းက သာ၍အစွမ်းထက်သည်။

ဆီးကျောက်တည်ခြင်းအတွက် ထိကရုန်း ဆေးနည်းမှာ ထိကရုန်းပင်ကို အရွက်မှ အမြစ်ထိ ပဉ္စငါးပါးစလုံး စင်ကြယ်အောင် ဆေးကျောပြီး ရေနှင့်ပြုတ်ကာ ရေနွေးကြမ်းအဖြစ် သောက်သုံးပါက ကျောက်ပျော်ပြီး ကွဲကျကြွေကျ စေသည်။

 

ဆေးနည်း (၄) အုန်းစိမ်းကျောက်ချဉ်နည်း

အုန်းသီးစိမ်းတစ်လုံးကို ဖောက်၍ရလာသော အုန်းစိမ်းရည်ထဲသို့ ကျောက်ချဉ်မှုန့်ကို မန်ကျည်းစေးခန့် အရွယ်လောက် ထည့်ပြီး နာရီဝက်ခန့် စိမ်ထားပြီးနောက် သောက်သုံးပါ။

အုန်းရည်သောက်ပြီး များမကြာမီတွင် ဆီးသွားချင်စိတ် ဖြစ်လာပြီး ဆီးနဲ့အတူ ကျောက်ပါ ကြွေကျလာပါလိမ့်မည်။ မကြာခဏဆိုသလို အုန်းရည်သောက်ပေးပါက လုံးဝသက်သာပျောက်ကင်းသွားနိုင်ပါမည်။

 

မှတ်ချက်။  ။ ရောဂါ၏ အနုအရင့် အခြေအနေအလိုက် တိုင်းရင်းဆေးနည်းများကို သုံးစွဲရန် သင့်/မသင့် နားလည်တတ်ကျွမ်းသည့် ဆရာဝန်ကြီးများနဲ့ တိုင်ပင်သင့်ပါကြောင်း ထပ်လောင်း အကြံပြုပါရစေ။


17 Dec 2019     3,858 Views




RELATED

Most Popular of Health Fix

Most Popular of Life Style