BEC-TERO TV

အသက် ၄၀ ကျော်လာပြီဆိုရင် ဒါတွေသတိထားပါ

30 Dec 2019     1,510 Views


အကယ်၍ စာဖတ်သူဟာ အသက် ၄၀ ကျော်၊ အသက် ၄၀ ပတ်ဝန်းကျင်ဆိုရင်တော့ စိတ်ရောကိုယ်ပါ ကျန်းမာဖို့အတွက် သတိထား ဆင်ခြင်ရတော့မယ့် ရှောင်ရန်/ဆောင်ရန် အချက်လေးတွေကို ဆရာဝန်တစ်ဦးက ထိမိရှိလှတဲ့အချက်လေးတွေနဲ့ ကျန်းမာရေးသုအဖြစ် ဝေမျှပေးလိုက်ပါတယ်။

နံပါတ်(၁) မျက်ခြေမပြတ် စစ်ဆေးရမည့်အရာ ၂ ခု

၁။ သွေးပေါင်ချိန်

၂။ သွေးထဲမှာ သကြားပါဝင်နှုန်း (သွေးချို၊ ဆီးချို)

နံပါတ်(၂) လျှော့စားမည့်အရာ ၉ ခု

၁။ ဆား

၂။ သကြား

၃။ အသားနဲ့ တာရှည်ခံအစားအစာများ

၄။ အနီရောင်ရှိသော အသား

၅။ နို့ထွက်ပစ္စည်း

၆။ ကစီဓါတ်များသော(ကော်များသော) အစားအစာများ

၇။ အချိုရည်(ဆိုဒါ)

၈။ ဆေးလိပ်

၉။ အရက်

နံပါတ်(၃) ဖြည့်စွက်စားရမည့်အရာ ၃ မျိုး

၁။ ဟင်းသီးဟင်းရွက်

၂။ သစ်သီးဝလံ

၃။ အစေ့အဆံ

နံပါတ်(၄) မေ့ထားသင့်သည့်အရာ ၄ ခု

၁။ မိမိရဲ့အသက်အရွယ်

၂။ အတိတ်

၃။ ကိုယ့်အပေါ် အမှားလုပ်ခဲ့သူများ

နံပါတ်(၅) ချွင်းချက်မရှိ၊ ရှိကိုရှိထားရမည့်အရာ ၄ ခု

ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ ဖော်ပြပါအရာ ၄ ခုကတော့ အသက် ၄၀ ကျော်လာပြီဆိုတာနဲ့ ချွင်းချက်မရှိ ရှိကိုရှိထားရမယ့် အရာတွေဖြစ်ပါတယ်။

၁။ ကိုယ့်ကိုတစ်ကယ်ချစ်ခင်တဲ့ သူငယ်ချင်းတွေ

၂။ မိသားစုအပေါ်ဂရုစိုက်မှု

၃။ အကောင်းမြင်စိတ်

၄။ ပြဿနာတွေနဲ့ ကင်းရှင်းစွာနေတတ်ရေး

နံပါတ်(၆) ကျန်းမာစေဖို့ လိုအပ်တဲ့အရာ ၅ ခု

၁။ ဥပုဒ်သီလဆောက်ခြင်း

၂။ ပြုံးပါ/ရယ်မောပါ

၃။ ခရီးတွေသွားပါ

၄။ ကာယလေ့ကျင့်ခန်း (အနဲဆုံးတော့ လမ်းလျှောက်ပါ)

၅။ ကိုယ်အလေးချိန်လျှော့ချပါ

 

နံပါတ်(၇) သတိပြုရမယ့်အချက် ၅ ချက်

၁။ ဗိုက်အဆာမခံပါနဲ့ (မဆာခင်စားပါ)

၂။ ရေငတ်မခံပါနဲ့ (ရေမဆာခင် သောက်ပါ)

၃။ အိပ်ရေးပျက်မခံပါနဲ့ (အရမ်းအိပ်ချင်လာတဲ့ထိ မစောင့်ပဲ အိပ်ပါ)

၄။ မမောခင် နားပါ

၅။ နေမကောင်းဖြစ်မှ ဆေးစစ်တာမလုပ်ပါနဲ့ (ကြိုတင်စစ်ဆေးပါ)

 

ဖော်ပြပါအချက်တွေကတော့ အသက် ၄၀ နားနီးလာပြီဖြစ်တဲ့ သူတွေအတွက် စိတ်ရောကိုယ်ပါ ကျန်းမာဖို့ သတိထားသင့်တဲ့ အချက်တွေဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးက အများအတွက် အကျိုးရှိစေတယ်ဆိုရင် တစ်ဆင့်ပြန်လည်မျှဝေပေးပါဦး။

 

(ပိုပိုလေး)


30 Dec 2019     1,510 Views




RELATED

Most Popular of Health Fix

Most Popular of Life Style