BEC-TERO TV

ကိုယ်ပျောက်တိုက်လေယာဉ် ၅၂ စင်း ပျံတက်ပြီး အီရန်ကို ယူအက်စ် သတိပေး

07 Jan 2020     1,443 Views


အမေရိကန်နိုင်ငံ အနောက်ဘက်ပိုင်း ယူတာပြည်နယ်ရှိ လေတပ်အခြေစိုက်စခန်းမှ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ကိုယ်ပျောက်တိုက်လေယာဉ် ၅၂ စင်းကို ဝေဟင်သို့ရောက်အောင် ပျံသန်းရင်း စစ်အင်အားပြလိုက်ပြီး အီရန်ကို သတိပေးလိုက်ပါတယ်။

အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံတန်ဖိုးရှိတဲ့ F-35A တိုက်လေယာဉ် ၅၂ စင်းကို ယူတာပြည်နယ်မှာရှိတဲ့ ဟေးလ်လေတပ်အခြေစိုက်စခန်းကနေ ယနေ့ပျံသန်းပြလိုက်တာဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကို 388th နဲ့ အရံ 419th အုပ်စုလေယာဉ်မှူးတွေ အတူတကွပျံသန်းပြီး တောင့်တင်းခိုင်မာတဲ့ လေတပ်အင်အားကို ပြသပြီး အီရန်ကို သတိပေးလိုက်ပါတယ်။

အီရန်စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးကတ်ဆန်ဆိုလာမာနီ ကို ဒရုန်းတိုက်ခိုက်မှုနဲ့ သုတ်သင်ပြီးနောက် အီရန်ဘက်က တုံ့ပြန်လာမှုတွေကို အမေရိကန်က ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

လေကြောင်း စစ်ရေးလေ့ကျင့်ပြသမှုတွေအပြီးမှာ 419th လေယာဉ်မှူးများက “ပျံသန်းဖို့ အဆင်သင့်ဖြစ်နေပြီ၊ တိုက်ခိုက်မယ် အနိုင်ယူမယ်” လို့ တွစ်တာပေါ်မှာ ကြွေးကြော်စာ တင်ခဲ့ပါတယ်။ ဒါ့အပြင် “အတားအဆီးတွေကို တွန်းလှန်ပြီး ကျွန်ုပ်တို့ လေယာဉ်မှူးတွေဟာ F-35A ကို မောင်းနှင်ဖို့ စစ်ဆေးခံခဲ့ပါပြီ” လို့ ဖော်ပြထားပါတယ်။

388th အဖွဲ့ လေယာဉ်မှူးတွေက “ဒီလေ့ကျင့်မှုတွေအတွက် လပေါင်းအတော်ကြာ ပြင်ဆင်ခဲ့ပါတယ်၊ F-35A လေယာဉ်တွေကို မောင်းနှင်နိုင်စွမ်းရှိမရှိ လက်တွေ့ပြသခဲ့တာပါ၊ စမ်းသပ်မှုတွေထဲမှာ လေယာဉ်ကို ထိန်းကြောင်းမောင်းနှင်ပုံ၊ အဖွဲ့လိုက်ဆောင်ရွက်ခြင်း၊ စစ်ရေးစွမ်းရည်၊ လေပေါ်တိုက်ပွဲတွေနဲ့ အဖွဲ့လိုက်ပစ်မှတ်စတာတွေ ပါဝင်ပါတယ်”

“၄ နှစ်စွန်းစွန်းလောက် လေ့ကျင့်ပြင်ဆင်ပြီးနောက်မှာ F-35A Lightning II လေယာဉ်တွေကို မောင်းနှင်ပြီး စစ်တိုက်ဖို့ အရည်အသွေးပြည့်မီတဲ့ လေယာဉ်မှူးတွေ အသင့်ဖြစ်နေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

ရေဒါဖမ်းယူရ မလွယ်ကူတဲ့ ကိုယ်ပျောက် F-35A လေယာဉ်တစ်စီးကို အမေရိကန်ဒေါ်လာ ၈၉.၂ မီလီယံ တန်ဖိုးရှိပါတယ်။ ဟေးလ်လေတပ် အခြေစိုက်စခန်းက ပထမဦးဆုံး F-35A လေယာဉ်ကို လွန်ခဲ့တဲ့ ၄ နှစ်ကျော်ကတည်းက လက်ခံရရှိခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ လေယာဉ်မှူးတွေကို သင်တန်းတွေ၊ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


07 Jan 2020     1,443 Views




RELATED

Most Popular of International News

Most Popular of NEWS