BEC-TERO TV

ကမ္ဘာ့ပေါ်မှာ နျူကလီးယား စွမ်းအင်ထုတ်လုပ်မှု အများဆုံးနိုင်ငံများ

09 Jan 2020     1,802 Views


ကမ္ဘာ့ပေါ်မှာ နျူကလီးယား လက်နက်တွေဟာ ကြောက်စရာအကောင်းဆုံး လက်နက်တွေဖြစ်ကြပြီး နျူကလီးယား စွမ်းအင်ဟာ ကမ္ဘာကြီး ပျက်စီးသွားနိုင်တဲ့ အထိဖြစ်သွားရနိုင်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ နျူကလီးယား လက်နက်ကြောင့် လူတွေ အိုးမဲ့ အိမ်မဲ့ ပျက်စီး ဆုံးရှုံးမှု ကြုံတွေခဲ့ရကြပါတယ်။ ထို့အဖြစ်အပျက်တွေရှိခဲ့ဖူးတာကြောင့် လူတွေဟာ  နျူကလီးယားကို အသံမကြားချင်လောက်အာင် ကြောက်ရွ့တုန့်လှုပ် ခြောက်ခြားစေခဲ့ပါတယ်။

ဒါပေမယ့်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံတွေကတော့ နျူကလီးယား စွမ်းအင်သုံး နျူကလီးယား လက်နက်တွေကို ကာကွယ်ရေးအတွက် အသုံးပြုနေကြဆဲဖြစ်ပါတယ်။ ဒီတစ်ခါ တတိယကမ္ဘာစစ်ဖြစ်ရင် အဆိုပါလက်နက်တွေကြောင့် ကမ္ဘာကြီး အပြီးတိုင် ပျောက်ဆုံးသွားနိုင်တယ်လို့တောင် ပြောဆိုကြတာတွေ ရှိကြပါတယ်။

ယခုနှစ်နောက်ပိုင်းတွေမှာ မြောက်ကိုရီးယား နိုင်ငံဟာ နျူကလီးယား စမ်းသမ်းမှုတွေ ပြုလုပ်လာပြီး နျူကလီးယား စွမ်းအင်ရရှိအာင် ကြိုးစားလာတာကို တွေ့ရပါတယ်။ မြောက်ကိုရီးယားဟာ ၂၀၁၆ ခုနှစ်ကစပြီး နျူကလီးယား လက်နက်စမ်းသပ်မှု (၆) ကြိမ်တိတိ ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

နျူကလီးယား စွမ်းအင်ဟာ လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ပေးနိုင်တာကြောင့် တချို့နိုင်ငံတွေက လျှပ်စစ်ဓါတ်အားအတွက်ဆိုပြီး အကြောင်းပြကာ ထုတ်လုပ်နေတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ဒါကြောင့် နျူကလီးယားကိုဖျက်သိမ်းဖို့ မဖြစ်နိုင်တာကြောင့် နျူကလီးယား လက်နက်လျှော့ချဖို့အတွက်  ကမ္ဘာ့ကုလသမဂ္ဂက အလေးထား ဆောင်ရွတ်နေကြတာ ဖြစ်ပါတယ်။

နျူကလီးယား စွမ်းအင်ကို ဘယ်နိုင်ငံတွေက အဓိကအသုံးပြုနေကြပြီး ထုတ်လုပ်မှုအများဆုံး နိုင်ငံတွေက ဘယ်နိုင်ငံတွေလဲဆိုတာကို ဒီတစ်ပါတ် ပိုပိုလေးတီဗွီ အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ရပါတယ်။

၁။ အမေရိကန် ပြည်ထောင်စု

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ နျူကလီးယား ထုတ်လုပ်မှု အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နျူကလီးယား လက်နက် အတော်များများကို ပိုင်ဆိုင်ထားတဲ့ အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာကြီးကို နျူကလီးယားနဲ့ စတင်မိတ်ဆက်လိုက်တဲ့ နိုင်ငံတစ်နိုင်ငံလို့ လည်း သတ်မှတ်လို့ ရပါတယ်။

သူတို့ရဲ့ ပထမဆုံးသော နျူကလီးယား စမ်းသပ်ချက်ကို (၁၉၄၅) ခုနှစ် ဇူလိုင် (၁၆) ရက်နေ့က နယူးမက္ကစီကို မှာ ပြုလုပ်ပြခဲ့ပြီး ကမ္ဘာ့ဖျက်မယ့်သူတွေအတွက် ​သေမင်းတမန်တွေပီလို့ တောင် ကြွေးကြော်ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံမှာ နျူကလီးယား စွမ်းအင်ထုတ် အနျူမြူဓါတ်ပေါင်းဖို စက်ရုံ (၁၀၀) ခန့်ရှိပါတယ်။ ဒါဟာ ကမ္ဘာနိုင်ငံတွေထဲ့မှာ အများဆုံးရှိတဲ့ ပမာဏပဲဖြစ်ပါတယ်။ နျူကလီးယား စွမ်းအင်မှ လျှပ်စစ်ထုတ်လုပ်မှုအတွက် ၁၉ % ကိုအသုံးပြုတယ်လို့ သိရှိရပါတယ်။ ၁ နာရီလျှင် နျူကလီးယား လျှပ်စစ် ဓါတ်အား ၇၇၀၇၁၉ ဂစ်ဂါဝပ် (gigawatt) ကျော် ထုတ်လုပ်ပေးနိုင်ပါတယ်။

၂။ ပြင်သစ်

ပြင်သစ်နိုင်ငံဟာ နျူကလီးယား စွမ်းအင် ထုတ်လုပ်မှုအများဆုံး နိုင်ငံတွေထဲ့မှာ ဒုတိယမြောက် ထုတ်လုပ်မှုအများဆုံး နိုင်ငံဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ နျူကလီးယား အနျူမြူဓါတ်ပေါင်းဖို စက်ရုံ  (၅၈) ခုခန့် ရှိပါတယ်။ အဆိုပါ နျူကလီးယား စွမ်းအင်မှ  လျှပ်စစ်ဓါတ်အားအတွက် ၇၄.၈ % ခန့်ထိ အသုံချပြီး ပိုလျံတာတွေကို အခြားနိုင်ငံတွေကို ပြန်လည်ရောင်းချတယ်လို့ သိရပါတယ်။ ပြင်သစ်နိုင်ငံဟာ နျူကလီးယားလျှပ်စစ် ဓါတ်အားကို ၁ နာရီလျှင် ၄၀၇၄၃၈ ဂစ်ဂါဝပ် (gigawatt) ကျော် ထုတ်လုပ်ပေးနိုင်ပါတယ်။

ပြင်သစ်နိုင်ငံဟာ ၂၀၁၂ ခုနှစ် သမ္မတ Francois Hollande လက်ထက်မှာ နျူကလီးယား ထုတ်လုပ်မှုကို လျှော့ချဖို့ သဘောတူညီမှုရခဲ့ပြီး ၇၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ခဲ့ပါတယ်။ ကမ္ဘာပေါ်ရှိနိုင်ငံတွေထဲမှာတော့ နျူကလီးယား စွမ်းအင်ကနေ လျှပ်စစ်အတွက် အသုံးပြုတဲ့ အများဆုံး နိုင်ငံဖြစ်ပါတယ်။

၃။ ရုရှား

နူကလီးယား ထုတ်လုပ်မှု အများဆုံးနိုင်ငံတွေထဲ့မှာ ကမ္ဘာအင်အားကြီး တစ်နိုင်ငံဖြစ်တဲ့ ရုရှားလည်း ပါဝင်ပါတယ်။ ရုရှားနိုင်ငံမှာ နျူကလီးယား ဓါတ်ပေါင်းဖို စက်ရုံ ၃၃ ခုရှိပါတယ်။

နျူကလီးယား စွမ်းအင်ကနေ လျှပ်စစ်အတွက် ၁၉.၈%  အသုံးပြုနေပြီး တစ်နာရီလျှင် နျူကလီးယား လျှပ်စစ် ၁၆၂၉၃ ဂီဂါဝဒ် ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။ ရူရှားဟာ လာမည့် ဆယ်စုနှစ်အတွင်း နျူကလီးယား ဓါတ်ပါင်းဖို့ ၂၈ ခုခန့် ထပ်ပေါင်း တည်ဆောက်နိုင်ဖို့လည်း စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

၄။ တောင်ကိုရီးယား

တောင်ကိုရီးယားမှာ နျူကလီးယား ဓါတ်ပေါင်းဖို စက်ရုံ ၃၃ ခုရှိပြီး နျူကလီးယား လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု တစ်နာရီလျှင် ၁၄၃၅၅၀ ဂီဂါဝပ် ထုတ်လုပ်နိုင်ပါတယ်။ နျူကလီးယားမှ စွမ်းအင်မှ ရရှိတဲ့ နျူကလီးယား လျှပ်စစ် ဓါတ်အားအတွက် ၃၀.၄ % ကိုအသုံးပြုပါတယ်။ ဒီနှစ်နောက်ပိုင်းတွေမှာ တောင်ကိုရီးယားဟာ နျူကလီးယား စွမ်းအင်ကို ပိုမိုထုတ်လုပ်လာပြီး နောက်ထပ် နျူကလီးယား အနျူမြူဓါတ်ပေါင်းဖို (၂) ခုအတွက် ဒေါ်လာ (၇) သန်းခန့် အကုန်ကျခံကာ တည်ဆောက်သွားဖို့ ရှိပါတယ်။

တောင်ကိုရီးယားဟာ နျူကလီးယား စွမ်းအင်ကို အိန္ဒိယ နဲ့ တရုတ်နိင်ငံတွေလို အရှေ့အလယ်ပိုင်း ဒေသတွေမှာ ရောင်းချနိုင်ဖို့အတွက် ပြင်ဆင်နေပြီး ၂၀၂၁ မှာနျူကလီးယား အနျူမြူဓါတ်ပေါင်းဖို (၅) ခု ထပ်ဆောက်နိုင်ဖို့  ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

၅။ ဂျာမဏီ

ဂျာမဏီနိုင်ငံဟာ နျူကလီးယား ဓါတ်ပေါင်းဖို စက်ရုံ ၉ ခုခန့်ရှိပြီ နျူကလီးယား စွမ်းအင်မှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု တစ်နာရီလျှင် ၉၄၀၉၈ ဂီဂါဝပ် ထုတ်လုပ်နိုင်ပါတယ်။ ဂျာမဏီနိုင်ငံဟာ နျူကလီးယား စွမ်းအင်မှ လျှပ်စစ်အတွက် ၁၆.၁ % အသုံးပြုနေပြီး ကျန်တာကိုတော့ ကာကွယ်ရေးအတွက် အသုံးပြုနေတာ ဖြစ်ပါတယ်။

၆။ တရုတ်

အခုနောက်ပိုင်းမှာ စီးပွားရေးမှာရော ၊ စစ်ရေးမှာရော အင်းအားကြီး ဖြစ်လာတဲ့ တရုတ်နိင်ငံဟာ နျူကလီးယား စွမ်းအင်း ပိုင်ဆိုင်ထားတဲ့ နိင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ နျူကလီးယား ဓါတ်ပေါင်းဖို စက်ရုံ ၁၇ ခုခန့်ရှိပြီး တစ်နာရီလျှင် နျူကလီးယား လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု ၉၂၆၂၅ ဂစ်ဂါဝပ် ရှိတယ်လို့ သိရပါတယ်။ နျူကလီးယား စွမ်းအင်မှာ လျှပ်စစ်အတွက် ၂ % ခန့်သာအသုံးပြု တာကြောင့် နျူကလီးယား စွမ်းအင်ကို လက်နက်ထုတ်ထုပ်ရေးမှာ ပိုပြီး အသုံးချနေတာ ဖြစ်ပါတယ်။

၇။ ယူကရိန်း

ယူကရိန်းနိုင်ငံမှာတော့ နျူကလီးယား ဓါတ်ပေါင်းဖို စက်ရုံ ၁၅ ခုခန့်ရှိပြီး နျူကလီးယား လျှပ်စစ်ထုပ်လုပ်မှု ၈၄၈၈၆ ဂစ်ဂါဝပ် ရှိပါတယ်။ ယူကရိန်းနိုင်ငံဟာ နျူကလီးယား စွမ်းအင်မှ လျှပ်စစ်ဓါတ်အားအတွက် ၄၆.၂% အထိအသုံးပြုပါတယ်။ ယူကရိန်းဟာ လာမည့် ၂၀၃၀ မှာ နျူကလီးယား ဓါတ်ပေါင်းဖို စက်ရုံ (၁၁) ခုထပ်တောင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ အကြောင်းအရာတွေကတော့ နျူကလီးယား စွမ်းအင်ကို အသုံးပြုပြီး နျူကလီးယား လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှု  အများဆုံး နိုင်ငံတွေပဲဖြစ်ပါတယ်။

 

 

 

 

 

                                                                       

 


09 Jan 2020     1,802 Views




RELATED

Most Popular of Special or Others

Most Popular of NEWS