BEC-TERO TV

ပါကင်မလွတ်လို့ ရှေ့ကားကို (၁၁)ကြိမ်တိတိ တိုက်ရွေ့ခဲ့တဲ့အမျိုးသမီး (ရုပ်သံ)

09 Jan 2020     1,422 Views


ကမ္ဘာပေါ်မှာ ဘေးအန္တရာယ်အကင်းဆုံး ကားမောင်းသူတွေရဲ့စာရင်းမှာ အမျိုးသမီးတွေက အမျိုးသားတွေရဲ့ရှေ့က ဦးဆောင်နေပါတယ်။ ဒါပေမယ့် ကျွမ်းကျင်မှုအပိုင်းမှာရော အမျိုးသားတွေထက် သာရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ကျိကျန်းစီရင်စုမှာ လွန်ခဲ့တဲ့တစ်ပတ် ညပိုင်းအချိန်က “ယန်း” ဆိုတဲ့ အမျိုးသမီးဟာ ကားပါကင်ကနေ သူမရဲ့ SUV အမျိုးအစား အဖြူရောင်ကားကို မောင်းထွက်ဖို့ ကြိုးစားစဉ် လမ်းမအလယ်မှာ တရားမဝင် ပါကင်ထိုးထားတဲ့ ကားတွေကြောင့် ရုတ်တရက် လွယ်လွယ်ကူကူ ထွက်လို့ မရခဲ့ပါဘူး။

သူမဟာ ကားပိုင်ရှင်ကို ကားဖယ်ပေးဖို့ ဖုန်းဆက် အကြောင်းကြားခဲ့ပေမယ့် ၁၀ မိနစ်လောက်ကြာတဲ့အထိ ဘယ်သူမှ ရောက်မလာတာကြောင့် သူ့ဟာသူ မောင်းထွက်ဖို့ ကြိုးစားခဲ့ပါတယ်။

စောင့်ကြည့်ကင်မရာပုံရိပ်တွေအရ ‘ယန်း’ ဟာ သူမကားရှေ့မှာ ပိတ်ထားတဲ့ အနက်ရောင် ဆလွန်းကားကို (၁၁)ကြိမ်တိတိ တိုက်ပြီး သူမကားထွက်လို့ရတဲ့ အကျယ်ရအောင် ဖန်တီးခဲ့တာကိုတွေ့ရပါတယ်။ ဒီရုပ်သံဟာ တရုတ်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး ဝေဖန်မှုတွေပြင်းထန်ခဲ့ပါတယ်။ ကားကိုတိုက်စရာမလိုပဲ ထွက်လို့ရကြောင်း၊ မကျွမ်းကျင်လို့သာ အခုလိုလုပ်တာဖြစ်ကြောင်း စသည်ဖြင့် ဝိုင်းဝန်းရေးသားပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ ‘ယန်း’ ဟာ ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ပါတယ်။ သူမရှေ့မှာ ပိတ်ရပ်ထားတဲ့ကားဟာ တရားမဝင် ပါကင်ထိုးတာတာမှန်ပေမယ့် သူမအနေနဲ့ ပျက်ဆီးဆုံးရှုံးမှုကိုတော့ လျော်ပေးရမှာဖြစ်ပါတယ်။


09 Jan 2020     1,422 Views




RELATED

Most Popular of Special or Others

Most Popular of NEWS