BEC-TERO TV

တောမီးကွင်းခဲ့တဲ့ သြစတြေးလျ က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း

09 Jan 2020     1,638 Views


သြစတြေးလျနိုင်ငံမှာ လွန်ခဲ့တဲ့ လအနည်းငယ်ခန့်ကတည်း ဆိုးရွားစွာ တောက်လောင်နေတဲ့ တောမီးဟာ မငြိမ်းနိုင်သေးတာကြောင့် ကမ္ဘာ့ရာသီဥတု အပြောင်းအလဲနဲ့ ပက်သက်ပြီး တစ်ကမ္ဘာလုံးက စောင့်ကြည့် ကူညီပေးနေကြပါတယ်။

တောမီးကြောင့် တောတွင်းတိရိစ္ဆာန်လေးတွေ မလွတ်မြောက်နိုင်ပဲ သေကြေပျက်ဆီးတာ၊ လူတွေနေရာပြောင်းရွေ့ရတာတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် မီးလောင်နေတဲ့ တောထဲမှာ သစ်လုံးတွေနဲ့ ဆောက်ထားတဲ့ ထိုင်းဘုန်းကြီးကျောင်း တစ်ကျောင်းကတော့ မီးကူးစက်လောင်ကျွမ်းခြင်းမရှိပဲ အကောင်းပကတိအတိုင်း ကွက်ပြီးကျန်နေခဲ့တာကို ထူးဆန်းစွာ မြင်တွေ့ခဲ့ရပါတယ်။

ဖြစ်စဉ်ကို ဇန်နဝါရီ ၈ ရက်နေ့က ထိုင်းအမျိုးသမီး ဆရာဝန်မတစ်ယောက်က လူမှုကွန်ယက်ပေါ်မှာ တင်ထားခဲ့ပါတယ်။ ဆစ်ဒနီမြို့ရဲ့ တောထဲမှာ လောင်နေတဲ့ တောမီးကို မီးသတ်သမားတွေက သွားရောက်ငြိမ်းသတ်ခဲ့ကြပါတယ်။

မီးငြိမ်းသွားတဲ့အခါမှာတော့ တောထဲက သစ်ပင်တွေ မီလောင်ခံရပြီး ဘုန်းကြီးကျောင်းနေရာ ကွက်ကွက်လေးပဲ မီးကွင်းပြီး ကျန်ခဲ့တာကို တွေ့လိုက်ရပါတယ်။ ဘုန်းကြီးကျောင်းဟာ သစ်လုံးတွေနဲ့ပဲ တည်ဆောက်ထားတာမို့ မီးလောင်ခံရမှာ သေချာတယ်လို့ အစပိုင်းမှာ မီသတ်သမားတွေက ယူဆခဲ့ကြပေမယ့် အကောင်းပကတိအတိုင်း ကျန်ရစ်ခဲ့တဲ့အတွက် ထူးဆန်းအံ့သြကုန်ကြပါတယ်။

တောမီးဟာ လေပြင်းပြင်းမှာ အရှိန်အဟုန်နဲ့ လောင်ကျွမ်းခဲ့တာတောင် ဘုန်းကြီးကျောင်းကို တောမီးမကူးစက်နိုင်ခဲ့တာဟာ တန်ခိုးကြီးလွန်းလို့ ဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင်တွေက ယုံကြည်နေကြပြီး အဆိုပါသတင်းကို ဝင်ရောက်ပြောဆိုဆွေးနွေးသူ၊ ပြန်လည်ဝေမျှသူတွေနဲ့ ပြည့်နှက်နေပါတယ်။

‘ဝတ်ဗုဒ္ဓဓ္ဓမ” လို့ အမည်ရတဲ့ ဘုန်းကြီးကျောင်းဟာ သြစတြေးလျ နိုင်ငံမှာ သက်တမ်းအရင့်ဆုံး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဖြစ်ပြီး ၂၀၂၀ မှာဆိုရင် ၄၂ နှစ် ပြည့်ပြီဖြစ်ပါတယ်။


09 Jan 2020     1,638 Views




RELATED

Most Popular of Special or Others

Most Popular of NEWS