BEC-TERO TV

အက်သလက်တီကိုအသင်းကို အနိုင်ယူပြီး စပိန်စူပါဖလားကိုဗိုလ်စွဲခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

13 Jan 2020     1,430 Views


မနေ့က စပိန်စူပါဖလား ဖိုင်နယ်ပွဲစဉ်ကို  မက်ဒရစ်ဒါဘီနှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနှင့် အက်သလက်တီကိုအသင်းတို့ဟာ ဆော်ဒီနိုင်ငံ King Abdullah ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး  ရီးရဲလ်အသင်းက နောက်ဆုံးပင်နယ်တီအဆုံးအဖြတ်မှာ ၄-၁ ဖြင့် အနိုင်ရကာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

အဆိုပါပွဲတွင် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဗလင်စီယာအသင်းနဲ့ကစားခဲ့တဲ့ လူစာရင်းအတိုင်း အပြောင်းအလဲမလုပ်ခဲ့ဘဲ လူစာရင်းထုတ်ခဲ့ပြီး အက်သလက်တီကိုအသင်းလည်း ဘာစီလိုနာအသင်းကို အနိုင်ရရှိခဲ့တဲ့ လူစာရင်းမှာ ဆာဗစ်နေရာမှာ ဟီမီနက်ဇ်ကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။

နှစ်ဖက်အသင်းစလုံးဟာ အကြိတ်အနယ် အပြိုင်အဆိုင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဂိုးကန်သွင်းခွင့်တွေ အကြိမ်ကြိမ်ရရှိခဲ့ပါတယ်။ ဒါပေမယ့် နှစ်ဖက်အသင်းစလုံးရဲ့ ဂိုးသမားတွေဖြစ်တဲ့ အိုဘလက်ခ် နဲ့ ကော်တိုရစ် ကာကွယ်နိုင်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန် မိနစ် (၉၀) အထိ ဂိုးမရှိသ​ရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

အချိန်ပိုဆက်ကစားရာမှာ ပွဲချိန် ၁၁၅ မိနစ်တွင် အက်သလက်တီကိုအသင်းအတွက် သေချာပေါက် ဂိုးရနိုင်ချေရှိတဲ့ အခွင့်အရေးတစ်ကြိမ်ရရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ဂိုးရရှိဖို့ ဖိအားပေးနေစဉ်မှာ အက်သလက်တီကိုအသင်းက ကောင်တာပြန်ကစားခွင့်ရရှိခဲ့ပြီး မိုရာတာ တစ်ယောက်ထဲ ပြေးထွက်ချိန်မှာ ရီးရဲလ်ကွင်းလယ်လူ ဗယ်ဗာဒီက ခြေထိုးဖြတ်ခဲ့တာကြောင့် အက်သလက်တီကိုအသင်း ဂိုးရရှိဖို့ နစ်နာခဲ့ရခဲ့ပါတယ်။ ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့တဲ့ ဗယ်ဗာဒီလည်း တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရပါတယ်။

လက်ကျန်မိနစ်တွင် အက်သလက်တီကိုအသင်းက တစ်ယောက်အသာနဲ့ ကစားခွင့်ရခဲ့ပေမယ့် ရီးရဲလ်အသင်းက အကောင်းဆုံး ထိန်းချုပ်သွားနိုင်ခဲ့ကာ ပင်နတီအဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာ ရီးရဲလ်အသင်းက ၄ ဂိုးစလုံးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး အက်သလက်တီကို အသင်းက ထရစ်ပီယာတစ်ဦးတည်းသာ ဂိုးဝင်ခဲ့ပြီး ဆာအူလ်ရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့သလို၊ ပါတေးရဲ့ ကန်ချက်ကို လည်း ကော်တိုအာက ပုတ်ထုတ်ကာကွယ်ခဲ့ပါတယ်။

ပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမားဆုကိုတော့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဗယ်ဗာဒီက ရရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းဟာ သူရဲ့နည်းပြဘဝမှာ ဖလားလုပွဲ (၉) ကြိမ်ကစားခွင့်ရရှိခဲ့ပြီး (၉) ကြိမ်စလုံး ဖလားရရှိအာင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။


13 Jan 2020     1,430 Views




RELATED

Most Popular of Football

Most Popular of Sport