BEC-TERO TV

ရွှေဆိုင်ဓါးပြမှုမှာ အဖြစ်ဆိုးခဲ့ရတဲ့ သားလေးအကြောင်း ပြောပြလာတဲ့မိခင်

13 Jan 2020     1,431 Views


ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီလ ၉ ရက်နေ့က ထိုင်းနိုင်ငံ လော့ဘူရီခရိုင်၊ ရော်ဘင်ဆန်ကုန်တိုက် ရွှေဆိုင်ဓါးပြတိုက်မှုမှာ သေနတ်မှန်ပြီး သေဆုံးသွားတဲ့ အသက် ၂ နှစ်အရွယ် ကလေးရဲ့ မိခင်ဖြစ်သူရဲ့ကြေကွဲဝမ်းနည်းစရာ ခံစားချက်တွေနဲ့ သားဖြစ်သူရဲ့ ဓါတ်ပုံတွေဟာ ဖေ့စ်ဘွခ်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

ကလေးရဲ့မိခင်းဖြစ်တဲ့ ‘ထရီတွန်’ က “ဒီလိုအဖြစ်ဆိုးမျိုး ကျွန်မဘဝမှာ ကြုံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးပါဘူး” လို့ အစချီပြီး ရေးသားခဲ့ပါတယ်။

ကလေးကို မကာကွယ်လိုက်နိုင်တဲ့အတွက် ယူကျုံးမရဖြစ်ရပြီး သားလေးကို ဆုံးရှုံးလိုက်ရတဲ့အတွက် သူမရော ခင်ပွန်းဖြစ်သူပါ ရင်ကွဲမတတ်မွန်းကျပ်စွာ ခံစားနေရတယ်လို့ ဆိုပါတယ်။ သားလေး နောက်ဘဝမှာ ဒီလိုအဖြစ်မျိုး ထပ်ပြီးမကြုံရပါစေနဲ့လို့ မျှော်လင့်ကြောင်း ရေးသားထားပါတယ်။

ဒီအကြောင်းအရာလေးဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ပြန်လည်မျှဝေသူ သိန်းနဲ့ချီရှိကာ သူမပို့စ်ရဲ့ အောက်မှာတော့ ဝမ်းနည်းကြေကွဲကြောင်း ကွန်မန့်တွေနဲ့ ပြည့်နှက်နေပါတယ်။

ဒီပို့စ်လေးထဲမှာပဲ ကလေးနဲ့ပက်သက်တဲ့ အမှတ်တရဓါတ်ပုံတွေကိုလည်း တွဲပြီတင်ထားတာတွေ့ရပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့က သားအမိနှစ်ယောက် ရော်ဘင်ဆန်ကုန်တိုက်ကြီးကို စျေးဝယ်သွားစဉ် ကုန်တိုက်ထဲမှာ ဖွင့်ထားတဲ့ ‘မိုးသောက်ပန်း’ ရွှေဆိုင်ကို ဓါးပြတိုက်မှုနဲ့ ကြုံခဲ့ပါတယ်။ သေနတ်ကိုင်ထားတဲ့ ဓါးပြဟာ သူမတို့ သားအမိနဲ့ တည့်တည့်တိုးခဲ့ပြီး မြင်မြင်သမျှကို သေနတ်နဲ့ ပစ်ခဲ့သဖြင့် ကလေးရဲ့ ဦးခေါင်းကို သေနတ်ထိမှန်သွားခဲ့ပြီး နေရာမှာတင် သေဆုံးခဲ့ပါတယ်။

မျက်နှာဖုံးစွပ်ဓါးပြရဲ့ ပစ်ခတ်မှုကြာင့် နောက်ထပ်လူ ၂ ဦးလည်း သေဆုံးခဲ့ရပါတယ်။ ပြစ်မှုကျူးလွန်သူကိုတော့ ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းရှာဖွေနေကြောင်း သိရသည်။


13 Jan 2020     1,431 Views




RELATED

Most Popular of Special or Others

Most Popular of NEWS