BEC-TERO TV

အာရှယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အာရှနာမည်ကြီး ဂျပန်အသင်း အုပ်စုကနေ ထွက်ခဲ့ရ

13 Jan 2020     1,471 Views


ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၂၀ အာရှယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အုပ်စု (ခ) မှာ အာရှနာမည်ကြီး ဂျပန်အသင်းဟာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ လက်ရှိမှာ ဂျပန်အသင်းဟာ ၂ ပွဲကစားထားပြီး ၂ ပွဲစလုံးရှုံးနိမ့်ထားခဲ့သည့်အတွက်ကြောင့် ယခုပြိုင်ပွဲကနေ ထွက်ခွာခဲ့ခြင်းဖြစ်ပါတယ်။

ဂျပန်အသင်းပါဝင်တဲ့ အုပ်စုမှာ ဆီးရီးယား ၊ ဆော်ဒီအာရေဗျ ၊ ကာတာအသင်းတို့ပါဝင်ခဲပြီး ဂျပန်အသင်းက ဆော်ဒီအသင်းကို ၂-၁  ၊ ဆီးရီးယားအသင်းကို ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပါတယ်။ လက်ကျန်နောက်ဆုံးပွဲကို ကာတာအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

အာရှယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲကို နိုင်ငံအသင်းပေါင်း (၁၆) သင်းပါဝင်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ဂျပန်အသင်းဟာ ၂၀၁၆ ခုနှစ်မှာ တောင်ကိုရီးယားအသင်းကို ၃-၂ ဖြင့်အနိုင်ရပြီး အာရှယူ-၂၃ ချန်ပီယံရှစ် ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။

ယခု ကျင်းပနေတဲ့ အာရှ ယူ-၂၃ ပြိုင်ပွဲကို၂၀၁၃ ခုနှစ်က စတင်ကျင်းပလာတဲ့ ပြိုင်ပွဲဖြစ်ပြီး  ပြိုင်ပွဲ ၃ ကြိမ်ကျင်းပထားရာမှာ မတူညီတဲ့ အသင်း ၃သင်းက ချန်ပီယံ ဖြစ်ထားပါတယ်။၂၀၁၃ မှာ အီရတ်၊၂၀၁၆ မှာ ဂျပန်နဲ့ ၂၀၁၈ မှာ ဥဇဘတ်ကစ္စတန်အသင်းတို့က ချန်ပီယံ တစ်ကြိမ်စီရရှိထားကြပါတယ်။


13 Jan 2020     1,471 Views




RELATED

Most Popular of Football

Most Popular of Sport