BEC-TERO TV

လူကြီးလမ်းကြောင်းယာဉ်တန်းနဲ့ ပက်သက်၍ ဥပဒေသစ် ထိုင်းထုတ်ပြန်

13 Jan 2020     1,476 Views


ထိုင်းနိုင်ငံတွင် အရေးကြီးပုဂ္ဂိုလ်များ စီးနင်းလိုက်ပါလာသည့် VIP ယာဉ်တန်း(လမ်းကြောင်း) နဲ့ ပက်သက်၍ ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွမ်း က ဥပဒေသစ်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

ယင်းဥပဒေအရ ဘန်းကောက်မြို့ရှိ လမ်းများပေါ်တွင် လမ်းကြောင်းယာဉ်တန်းအတွက် လမ်းများအားလုံးကို ပိတ်ဆို့ခြင်းမပြုရန် ဘုရင်ကြီးက အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

အခုလို အမိန့်ထုတ်ပြန်လိုက်ရခြင်းမှာ  VIP ယာဉ်တန်းများကြောင့် လမ်းအသုံးပြုသူများ အဆင်မပြေဖြစ်ရတဲ့အပေါ် အွန်လိုင်းပေါ်မှာ ဝေဖန်သံများ ထွက်လာခဲ့တာကြောင့် ဖြစ်သည်။ ရဲတွေအနေနဲ့ လမ်းကြောင်းယာဉ်တန်း ဖြတ်သန်းသွားမည့် သက်ဆိုင်ရာ လမ်းတွေကိုသာ ခတ္တမျှ ပိတ်ပေးထားရမှာဖြစ်တယ်လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ် နရူမွန်ပင်ရိုဆင်ဝပ် က သူမရဲ့ ဖေ့စ်ဘွခ်ပေါ်မှ ရေးသားခဲ့ပြီး လိုက်နာရမည့် အချက်များကိုလည်း ရုပ်သံဖြင့် ပြောဆိုခဲ့သည်။ ထိုအချက်များထဲတွင် လမ်းကြောင်းယဉ်တန်း ဖြတ်သန်းသွားမည့်နေရာက လူကူးမိုးပျံတံတားများကိုလည်း အသုံးပြုခွင့်ပေးရန် ပါဝင်သည်။

ဘန်ကောက်မြို့ဟာ ကမ္ဘပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှု အဆိုးရွားဆုံး နေရာတစ်နေရာအဖြစ်စာရင်းဝင်ပြီး အမေရိကန်အခြေစိုက် ယာဉ်ကြောဆန်းစစ်လေ့လာရေးအဖွဲ့အစည်း INRIX ရဲ့ ၂၀၁၇ စာရင်းအရ ကမ္ဘာ့ နံပါတ် ၁၁ နေရာမှာ ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်က #royalmotorcade ဟု တက်ခ်ချိပ်ပြီး ထိုင်းဘာသာစကားနဲ့ ဖော်ပြမှုတွေဟာ တွစ်တာရဲ့ ထိပ်တန်းစားရင်းဝင်ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ နောက်ထပ် ထိပ်တန်းစာရင်းဝင်နေတာကတော့ #islandsclosure ြဖစ်ပါတယ်။ နှစ်သစ်ကူးပိတ်ရက်မှာ ဘုရင့်အငယ်ဆုံးသမီးတော် အလည်အပတ်သွားမှာမို့ ကမ္ဘာ့လှည့်ခရီးသည်တွေသွားတတ်ကြတဲ့ တောင်ပိုင်းကမ်းခြေတွေကို ပိတ်ခဲ့တာနဲ့ ပက်သက်ပြီး ရေးသားပြောဆိုတာတွေဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ တင်းကြပ်တဲ့ ဥပဒေအရ ဘုရင်၊ မိဖုရား ၊ သားသမီး တော်ဝင်မျိုးနွယ်တွေကို ထိပါးစော်ကားသူ မည်သူမဆို ထောင်ဒဏ် ၁၅ နှစ်နဲ့အထက် ချမှတ်ခံရမည်ဖြစ်သည်။


13 Jan 2020     1,476 Views




RELATED

Most Popular of International News

Most Popular of NEWS