BEC-TERO TV

Hotel Transylvania

18 Sep 2015     1,343 Views


Hotel Transylvania

ဇာတ်လမ်းအကျဉ်း -

ကမ္ဘာပေါ်မှာရှိတဲ့ monster များ လွတ်လွတ်လပ်လပ်ပျော်ပါးနိုင်ဖို့ရန်အတွက် လူတွေနဲ့ဝေးတဲ့တစ်နေရာမှာ Hotel Transylvania လို့ခေါ်တဲ့ ဟိုတယ်တစ်ခုကို Count Dracula ကစတင်တည်ထောင်ခဲ့ပါတယ်။ Dracula ကသူ့သမီးလေး Mavis ရဲ့ 118 နှစ်ပြည့်မွေးနေ့ကို ခမ်းနာစွာကျင်းပဖို့ သူ့ရဲ့အရင်းနှီးဆုံးဖြစ်တဲ့ နာမည်ကြီး မကောင်းဆိုးဝါးသတ္တ၀ါတွေကိုဖိတ်ခေါ်ခဲ့ပါတယ်။ “လူသားမရှိ” လို့ကြွေးကျော်ထားတဲ့ Dracula ရဲ့ ဟိုတယ်ကြီးထဲကို Jonathan လို့ခေါ်တဲ့ အသက် ၂၁နှစ်အရွယ် လူငယ်လေးတစ်ဦးလမ်းမှားပြီး ရောက်လာတဲ့အခါမှာတော့ Dracula ရဲ့ချစ်မြတ်နိုးရဆုံးသမီးလေး Mavis နဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ လူသားတွေလုံးဝမရှိဘူးလို့ အာမခံထားတဲ့ ဟိုတယ်ကြီးထဲမှာ လူသားတစ်ဦးဝင်ရောက်လာပြီဆိုတော့ ဧည့်သည်တွေနဲ့ Dracula ကြားဘယ်လိုအငြင်းပွားမှုတွေဖြစ်လာမလဲ။ လူသားနဲ့မေတ္တာမျှနေတဲ့ သမီးငယ်ကို ဘယ်လိုကိုင်တွယ်မလဲ။ သွေးစုပ်ဖုတ်ကောင်ဖြစ်ပေမဲ့သူ့သမီးနဲ့ မိသားစုအပေါ်မှာထားတဲ့ ဖခင်တစ်ဦးရဲ့မေတ္တာကို တွေ့မြင်ရမဲ့ ကာတွန်းဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ ကလေးတွေသာမက လူငယ်တွေကြားမှာပါ ရေပန်းစားနေတဲ့ ဟာသနဲ့ချစ်ခြင်းမေတ္တာပေါင်းစပ်ထားတဲ့ ဇာတ်လမ်းလေးကို မကြည့်ရသေးရင် ကြည့်ဖြစ်အောင်ကြည့်ကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။

ပါဝင်သောသရုပ်ဆောင်များ -

  • Hotel Transylvania ပိုင်ရှင်၊ Mavis ရဲ့ဖခင် Count Dracula အဖြစ် Adam Sandler
  • Hotel Transylvania သို့လမ်းမှားရောက်လာတဲ့ ၂၁အရွယ်လူငယ်လေး Jonathan အဖြစ် Andy Samberg
  • Dracula ရဲ့ ၁၁၈နှစ်ပြည့် သမီးလေး၊ လူသား Jonathan နဲ့ချစ်ကျွမ်းဝင်ခဲ့တဲ့ Mavis အဖြစ် Selena Gomez
  • Dracula ရဲ့အချစ်ဆုံးသူငယ်ချင်း၊ Mavis ရဲ့ဦးလေး Frank/ Frankenstein အဖြစ် Kevin James
  • Frankenstein ရဲ့ဇနီး Eunice အဖြစ် Fran Drescher
  • Dracula သူငယ်ချင်း၊ Werewolf Wayne အဖြစ် Steve Buscemi
  • Wayneရဲ့ဇနီး၊ Eunice ရဲ့သူငယ်ချင်း Werewolf Wanda အဖြစ် Molly Shannon
  • Dracula ရဲ့ ကိုယ်ပျောက်သူငယ်ချင်း Griffin အဖြစ် David Spade
  • Dracula ရဲ့သူငယ်ချင်း ပုပု၀၀ Mummy Murray အဖြစ် CeeLo Green
  • လူသားကိုဟင်းချက်လိုတဲ့ Hotel Transylvania ရဲ့စားဖိုမှူး Quasimodo အဖြစ် Jon Lovitz

18 Sep 2015     1,343 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment