BEC-TERO TV

ရှက်လို့မပြောပဲထားတာ ၅ ရက်ကြာသွားတော့ ပုတ်နေပြီ

15 Jan 2020     1,576 Views


လူသိခံလို့မရတဲ့ ကိစ္စတစ်ခုကို လုပ်လိုက်မိလို့ အမှားတစ်ခုဖြစ်သွားခဲ့ရင် ဘယ်သူမဆို ဒီပြသနာကို ကိုယ့်ဟာကိုယ် တစ်ယောက်ထဲ အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းဖို့ ကြိုးစားကြမှာပါပဲ။ အရှက်တွေ၊ ဂုဏ်သိက္ခာတွေနဲ့ ပက်သက်နေပြီဆိုရင် ပိုဆိုးတာပေါ့။ ဒါပေမယ့် သူများအကူအညီမပါပဲ ကိုယ်တစ်ယောက်ထဲ ကျိတ်ပြီးတော့ ဖြေရှင်းလို့ မရနိုင်တဲ့ ကိစ္စတွေလည်းရှိပါတယ်။

ထိုင်းနိုင်ငံက  အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးဟာ တစ်ကိုယ်ရေ အာသာဖြေဖို့အတွက် သံပိုက်လုံးကို အသုံးပြုခဲ့ရာ ထင်မှတ်မထားပဲ သူ့ရဲ့ငယ်ပါ ညပ်နေခဲ့ပါတယ်။ ဒီကိစ္စက လူသိခံလို့မဖြစ်တာကြောင့် ၅ ရက်ကြာ တစ်ယောက်ထဲ အိမ်ထဲမှာ ကျိတ်ပြီး ပြန်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေက ဆိုးလာခဲ့တာကြောင့် ရှေ့မျက်နှာနောက်ထား အားလုံးကို အသိပေးပြီး ဆေးရုံတက်ခဲ့ရပါတယ်။

လူငယ်ဟာ သူ့ရဲ့ လိင်တံမှာ ခြေအိတ်အနက်စွပ်ပြီး ၅ စင်တီမီတာရှည်တဲ့ သံပိုက်လုံးထဲကို လိင်ဆက်ဆံသလို ပြုကျင့်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သွေးလှည့်ပတ်မှု ပိတ်ဆို့သွားတာကြောင့် လိင်တံ ဖူးယောင်လာပြီး ပြန်ထုတ်လို့ မရတော့တဲ့ အခြေအနေစိုက်ခဲ့ပါတယ်။ သူဟာ အိမ်ထဲမှာပဲ ၅ ရက်လောက် နည်းလမ်းမျိုးစုံ ပြန်ချွတ်လို့ရမယ့် နည်းတွေကို သုံးခဲ့ပါတယ်။ ချောဆီတွေသုံးပေမယ့်လည်း ပြန်ထုတ်လို့ မရခဲ့ပါဘူး။ နောက်ဆုံးမှာ လိင်တံက မခံနိုင်အောင် နာကျင်မှုနဲ့အတူ အသက်ရှုတာပါ ခက်ခဲလာတဲ့အတွက် ဆေးရုံကို သွားပြလိုက်ရပါတော့တယ်။

လူငယ်ဟာ ယခင်ကလည်း အခုလိုမျိုး နှစ်ကြိမ်လောက် လုပ်ခဲ့ဖူးကြောင်း ဒါပေမယ့် ခြေအိတ်မစွပ်ပဲ လုပ်ခဲ့တာဖြစ်ကြောင်း ဆရာဝန်တွေကို ပြောပြခဲ့ပါတယ်။

ဆရာဝန်တွေက ၃ မီလီမီတာအထူရှိတဲ့ သံပိုက်လုံးကို ဓါးသွား ၂၅ မျိုးလောက်နဲ့ သတိထားပြီး ဖြတ်တောက်ခဲ့ရပါတယ်။ ပိုက်လုံးကနေ လွတ်သွားတဲ့ သူ့ရဲ့လိင်တံဟာ သွေးစီးဆင်းမှု ပိတ်ဆို့နေတဲ့အတွက် ညိုမည်းနေပြီး ပုတ်နံ့တောင် အနည်းငယ်ထွက်နေပါတယ်။ လိင်တံရဲ့ အပေါ်ယံအရေပြားတွေ ပုတ်သိုးဆွေးမြေ့နေတာကြောင့် ဖြစ်ပါတယ်။

အခုလိုအခြေအနေမျိုးနဲ့ ၃ နာရီလောက် ညပ်နေရင်တောင် ယောက်ျားဘဝဆုံးသွားနိုင်ကြောင်း၊ ဒါပေမယ့် ဒီလူငယ်က ၅ ရက်လောက်ထိ ညပ်နေခဲ့တာတောင် ဘဝမဆုံးခဲ့တဲ့အတွက် အရမ်းအံ့သြမိတယ်လို့ ဒေါက်တာ စီထရာလီကီစကူလ် က ပြောဆိုခဲ့ပါတယ်။ ကဲ.. အမျိုးသားတို့ရေ သတိထားကြဦးနော်..


15 Jan 2020     1,576 Views




RELATED

Most Popular of Special or Others

Most Popular of NEWS