BEC-TERO TV

မောင်ဖြစ်သူ ဆေးဖိုးဝါးခအတွက် (၅)နှစ်လုံးလုံး ငရုပ်သီးနဲ့ပဲ ဝမ်းဖြည့်ခဲ့တဲ့ အမဖြစ်သူ သေဆုံး

15 Jan 2020     1,117 Views


ဒီအဖြစ်အပျက်လေးဟာ ပုံပြင်ဆန်ဆန်ဆိုပေမယ့် အပြင်လောကမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ဝမ်းနည်း​​ကြေကွဲစရာ အဖြစ်အပျက်လေးတစ်ခုဖြစ်ပါတယ်။ ဘဝတစ်ခုရရှိလာရင် တစ်ယောက်နဲ့တစ်ယောက် ဖြစ်တည်မှုခြင်းမတူညီကြပေမယ့် တစ်ချို့သော ဘဝတွေက ခက်ခက်ခဲခဲ ရုံးကန်ရပါတယ်။

ဒီအဖြစ်လေးမှာတော့ အသက် ၂၄ နှစ်အရွယ်ရှိ တရုတ်နိုင်ငံ ကျောင်းသူလေး ဝူဟွာယန် ကောင်းမလေးတစ်ယောက်ဟာ စိတ်ရောဂါသည် မောင်ဖြစ်သူအတွက် ကျန်းမာရေးကို ငဲ့ရင်း နှစ်အကြာကြီး ခြို့ချန်ခြွေတာ စားသောက်ကာ နောက်ဆုံးမှာတော့ အာဟာရပြတ်လပ်ပြီး အသက်ကိုပင် ပေးဆပ်လိုက်ရခဲ့ပါတယ်။

ဝူဟွာယန်ဟာ တတိယနှစ်ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ သူမ အသက် ၄ နှစ်အရွယ်ကတည်းက မိခင်ဖြစ်သူက ဆုံးပါးသွားခဲ့ပြီး ဖခင်ဖြစ်သူကလည်း သူမကျောင်းသူဘဝရောက်ချိန်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒီတော့ သူမတို့မောင်နှမဟာ မိဘမဲ့ဖြစ်ခဲ့ရပြီး အဘွားဖြစ်သူထံမှ ခိုလှုံခဲ့ရပါတယ်။ အဘွားဖြစ်သူဟာ သူတို့မောင်နှမကို စောက်ရှာက်ထားတယ်ဆိုပေမယ့် ပြည့်ပြည့်စုံစုံ အဆင်ပြေပြေအထိတော့ မထားနိုင်ကြောင့် ကျပ်ကျပ်တည်းတည်း နေထိုင်စားသောက်ရပါတယ်။

နောက်ပိုင်းမှာတော့ သူမရဲ့ ဦးလေး ၊ အဒေါ်ဖြစ်သူတို့က ဝူဟွာယန်ကို တစ်လကို ယွမ်(၃၀၀) မြန်မာငွေအားဖြင့် (၆၅၀၀၀) ဝန်ကျင် ထောက်ပံပေးခဲ့ပါတယ်။ ဒီငွေလေးရရှိခဲ့သော်လည်း သူမတို့မောင်နှမအတွက် အဆင်ပြေခြင်းတော့မရှိခဲ့ပါဘူး။ ဒီတော့ အမဖြစ်သူ ဝူဟွာယန်ဟာ ကျန်းမာရေးမကောင်းတဲ့ မောင်ဖြစ်သူကိုငဲ့ရင်း သူမက တစ်ရက်ကို (၂ )ယွမ် မြန်မာငွေအားဖြင့် (၄၃၀) ကိုသာ အသုံးပြုကာ ထမင်းနှင့် ငရုပ်သီးကိုသာ (၅)နှစ်လုံးလုံး နေ့စဉ်စားသောက်ခဲ့ပါတယ်။ ကျန်တဲ့ ငွေအများစုကိုတော့ စိတ်ရောဂါသည် သူ့မောင့်အတွက် အသုံးပြုခဲ့ပါတယ်။

ထမင်းနှင့်ငရုပ်သီးကို နေ့စဉ်စားသောက်ခဲ့ရတဲ့ ဝူဟွာယန်ဟာ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ အာဟာရပြတ်လပ်မှုကြောင့် ကျောက်ကပ်ဝေဒနာ ခံစားလာရပြီး ဆေးရုံးတင်ခဲ့ရပါတယ်။ သေးဆုံးရောက်ချိန်မှာ အသက် ၂၄ နှစ်အရွယ်ရှိ ဝူဟွာယန်ရဲ့ ခန္ဓာကိုယ်အလေးချိန် ဟာ (၄၃)ပေါင်ကျော်ပဲရှိပါတယ်။ဆရာဝန်တွေရဲ့ ပြောကြားချက်အရတော့  အာဟာရချို့တဲ့မှုကြောင့် သူမဟာ ဆံပင်တွေ ၊ မျက်ခုံးမွှေးတွေ တစ်ချို့တစ်ဝက် ကျွတ်ထွက်ပြုတ်ကျခဲ့တယ်လို့ ဆိုပါတယ်။

ထို့သို့ သူမ၏သတင်းဟာ မီဒီယာတွေဖော်ပြချက်ကြောင့် ပြည်သူတွေသိရှိခဲ့ရပြီး သူမကို ကျန်းမာလာဖို့အတွက် ငွေကြေးထောက်ပံ့မှုတွေ ၊ ကူညီမှုတွေ ပြုလုပ်ခဲ့ပေမယ် ဝူဟာဟန်ဟာ  ဆုံးပါးသွားခဲ့ရပါတယ်။

သူမတို့မောင်နှမဟာ တရုတ်နိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ဂူးကျိုးပြည်နယ်မှာ နေထိုင်ကြတာဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကိုသိရှိပြီး ကူညီစောက်ရှောက်မှုကင်းမဲ့ခဲ့တဲ့ တရုတ်အစိုးရအာဏာပိုင်တွေကို ပြည်သူတွေက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

Source ; BBC


15 Jan 2020     1,117 Views




RELATED

Most Popular of International News

Most Popular of NEWS