BEC-TERO TV

နှလုံးသားကို ထိရှလွန်းလို့ OSCAR ဆု စကာတင် စာရင်းဝင်သွားတဲ့ ဇာတ်ကား

15 Jan 2020     1,403 Views


“The Sister” လို့ အမည်ပေးထားတဲ့ ၈ မိနစ်စွန်းစွန်းသာ ကြာမြင့်တဲ့ အင်နီမေးရှင်း ကာတွန်းဇာတ်ကားတိုလေးက ခံစာမှုများစွာ၊ ရသများစွာ၊ အတွေးများစွာကို အချိန်တိုလေးအတွင်းမှာ ပရိသတ်တွေရဲ့ရင်ထဲ အရောက်ပို့ပေးနိုင်တာကြောင့် ၂၀၂၀ ခုနှစ် အော်စကာ ရုပ်ရှင်ထူးချွန်ဆု စကာတင်စာရင်းထဲ ဝင်သွားခဲ့ပါတယ်။

ဇာတ်လမ်းဖန်တီးသူ ဒါရိုက်တာက တရုတ်အမျိုးသမီး Siqi Song ဖြစ်ပါတယ်။ မိသားစုတစ်စုမှာ သားသမီးတစ်ယောက်သာ ယူခွင့်ရှိတဲ့ တရုတ်နိုင်ငံရဲ့ ပေါ်လစီကို ထင်ရှားအောင် ထိထိမိမိ မီးမောင်းထိုးပြနိုင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

ဒီဇာတ်ကားလေးနဲ့ ပက်သက်ပြီး ဒါရိုက်တာ Siqi Song က သူမဟာ ဒီလိုမျိုး ကန့်သတ်တဲ့ ဥပဒေကို ချိုးဖောက်ပြီး မိသားစုမှာ ဒုတိယမြောက် ကလေးအဖြစ် အသက်ရှင်သန်ခွင့်ရခဲ့တဲ့ ကလေးဖြစ်တယ်လို့ဆိုပါတယ်။ သူမမှာ အစ်ကိုတစ်ယောက်ရှိနှင့်ပြီး မိဘတွေဟာ အစိုးရဝန်ထမ်းတွေဖြစ်လို့ ဒီဥဒေအောက်မှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ သူမကို ကြီးပြင်းလာအောင် ခက်ခက်ခဲခဲ မွေးခဲ့ကြရတာပါ။ သူမဟာ ၁၉၉၀ ခုနှစ်ဝန်းကျင်က မွေးဖွားခဲ့သူဖြစ်ပြီး အဲဒီအချိန်ကာလက တရုတ်နိုင်ငံမှာ တစ်အိမ်ကို ကလေးတစ်ယောက်ဥပဒေ တင်းတင်းကြပ်ကြပ် ပြဌါန်းနေတဲ့ ကာလတွေလည်းဖြစ်ပါတယ်။ သူမကို မွေးဖွားနိုင်ဖို့ မိဘတွေက အများကြီးကို ပေးဆပ်ခဲ့ရတာတွေရှိပါတယ်။ ဒီဇာတ်လမ်းလေးဟာ သူမရဲ့ဘဝကို ပြန်လည်ထင်ဟပ်ပုံဖော်ပြီး ပညာပေးဇာတ်လမ်းအနေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

၈ မိနစ်စာ ဇာတ်လမ်းတိုလေး ပြီးဖို့ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရင်း ၃ နှစ်ကြာ အချိန်ယူရိုက်ကူးခဲ့ရပါတယ်။ မနှစ်ကလည်း အလားတူ ပညာပေး အင်နီမေးရှင်း ရုပ်ရှင်ဇာတ်လမ်းကို ကနေဒါမှာ ကြီးပြင်းတဲ့ တရုတ်အမျိုးသမီးတစ်ဦးက ရိုက်ခဲ့ပြီး အော်စကာစကာတင်စာရင်းဝင်ကာ အော်စကာဆု ဆွတ်ခူးသွားခဲ့ပါတယ်။ သူမရဲ့ ဇာတ်လမ်းကတော့ အသက်ကြီးမှ မိခင်တစ်ယောက်ဖြစ်ဖို့ ဒုတိယအခွင့်အရေးအနေနဲ့ မမျှော်လင့်ပဲ ရလာတဲ့ကိုယ်ဝန်ကို မွေးဖွားခဲ့တဲ့အကြောင်း ပုံဖော်ထားတာဖြစ်ပါတယ်။


15 Jan 2020     1,403 Views




RELATED

Most Popular of Special or Others

Most Popular of NEWS