BEC-TERO TV

ဂြိုလ်သားတွေ တစ်ကယ်ရှိကြောင်း ပြောလိုက်တဲ့ ဗြိတိသျှအာကာသယာဉ်မှူး

15 Jan 2020     12,812 Views


ဂြိုလ်သားတွေဟာ အပြင်မှာ တစ်ကယ်ရှိနေပြီး ကမ္ဘာမြေကြီးပေါ်ကိုတောင် ရောက်နေနှင့်တာ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ပထမဦးဆုံး ဗြိတိသျှအာကာသယာဉ်မှူး ဒေါက်တာဟယ်လန်ရှားမန်း က ဖွင့်ချလိုက်ပါတယ်။ အေလီယန်လို့ခေါ်တဲ့ ဂြိုလ်သားတွေ အပြင်မှာ အမှန်တစ်ကယ်ရှိတယ်ဆိုတာ မဖြစ်နိုင်စရာအကြောင်း မရှိပါဘူး၊ ဒါပေမယ့် ကျွန်မတို့လူတွေက သူတို့ကို မျက်စိနဲ့ မမြင်နိုင်တာပဲရှိပါတယ် လို့ ဆိုပါတယ်။

စင်္ကြာဝဠါကြီးထဲမှာ ဘီလီယံပေါင်းများစွာသော ကြယ်တွေရှိနေပါတယ်၊ အဲဒါကြောင့် သက်ရှိသတ္တဝါတွေဟာ ပုံစံမျိုးစုံနဲ့ ရှိနေဦးမှာ မလွဲပါဘူးလို့ သူမက Observer Magazine နဲ့ အင်တာဗျူးမှာ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

“ဂြိုလ်သားတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုဟာ လူတွေလို ကာဗွန်နဲ့ နိုက်ထရိုဂျင် ပေါင်းစပ်ထားတာ ဟုတ်ချင်မှ ဟုတ်မှာပါ၊ သူတို့တွေ ကမ္ဘာကြီးပေါ်မှာ အခုရောက်နေနိုင်ပါတယ် ကျွန်မတို့ကသာ သူတို့ကို မမြင်ရတာပါ” လို့ ဆိုပါတယ်။

အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာရှားမန်း ဟာ ၁၉၉၁ ခုနှစ် မေလက ဆိုဗီယက်မော်ဂျူလာ အာကာသစခန်းကို သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပထမဦးဆုံး ဗြိတိသျှ အာကာသယာဉ်မှူးဖြစ်ပါတယ်။ အဲဒီမတိုင်မီက သူမဟာ ဓာတုဗေဒပညာရှင်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

သူမဟာ အာကာသထဲကိုသွားတဲ့ ပထမဦးဆုံး အာကာသယာဉ်မှူးလည်းဖြစ် အမျိုးသမီးတစ်ဦးလည်း ဖြစ်တာကြောင့် ဗြိတိသျှသမိုင်းမှာ မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် အမျိုးသား အာကာသယာဉ်မှူး ‘တင်မ်ပိခ်’ အာကာသထဲကို သွားတဲ့အခါမှာတော့ လူတွေဟာ သူမကို ဗြိတိသျှရဲ့ ပထမဦးဆုံး အာကာသယာဉ်မှူး ဖြစ်တယ်ဆိုတာ မေ့လျော့သွားကြတဲ့အတွက် စိတ်မကောင်းဘူးလို့ဆိုပါတယ်။ ဒါကြောင့်မို့ သူမရဲ့ အင်တာဗျူးတွေမှာ သူမကိုယ်သူမ ဗြိတိသျှရဲ့ ပထမဦးဆုံးအာကာသယာဉ်မှူးအမျိုးသမီးလို့ အပြည့်အဝ သုံးနှုန်းလေ့ရှိပါတယ်။

ဒေါက်တာရှားမန်း ပြောပြခဲ့တဲ့ ဂြိုလ်သာတွေ အမှန်တစ်ကယ်ရှိတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပက်သက်လို့ သက်သေပြစရာတစ်ခု ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အွန်းလိုင်းမှာ ပေါက်ကြားခဲ့တဲ့ ရုပ်သံ ၃ ခုထွက်ပေါ်လာခဲ့ပြီး အမျိုးအမည်မသိယာဉ်ပျံ UFO တစ်စင်း မြန်းနှုန်းမြင့်စွာ ဖြတ်ပျံသွားတာကို ဂြိုလ်တုကတစ်နေ ဖမ်းယူနိုင်ခဲ့တဲ့ ပုံရိပ်တွေဖြစ်ပါတယ်။ အမေရိကန်ရေတပ်စခန်းက ဒီအဖြစ်ပျက်ဟာ ဟုတ်မှန်ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။


15 Jan 2020     12,812 Views




RELATED

Most Popular of Special or Others

Most Popular of NEWS