BEC-TERO TV

ဂင်းနစ်စံချိန်ချိုးရန် အရှည်လျားဆုံး ကိတ်မုန့်ကြီးကို အိန္ဒိယစားဖိုမှူးများ ပြုလုပ်

16 Jan 2020     856 Views


ဇန်နဝါရီ ၁၅ ရက်နေ့က အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ ရာနဲ့ချီတဲ့ ကိတ်မုန့်ဖုတ်သူတွေ စုပေါင်းကာ ၆.၅ ကီလိုမီတာ(၄ မိုင်)ခန့် ရှည်လျားသော ကိတ်မုန့်ကြီးကို ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးနိုင်ရန် စုပေါင်း ပြုလုပ်ခဲ့ကြသည်။

ပင်လယ်ကမ်းရိုးတန်းပြည်နယ်ဖြစ်တဲ့ ကာရာလာစီရင်စု သရီဆာမြို့က ပွဲတော်တွေကျင်းပရာ ကွင်းပြင်ထဲမှာ ထောင်နဲ့ချီတဲ့ စားပြဲတွေကို ဆက်ထားကြပြီး ကိတ်မုန့်ကြီးကို ချောကလက်တွေ၊ အချိုပွဲမှာအသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေနဲ့ စုပေါင်း ဖုတ်လုပ်နေကြပါတယ်။

၄ မိုင်ခန့် ရှည်လျားတဲ့ ဗန်နီလာကိတ်မုန့်ကြီးဟာ အထူ ၄ လက္မ၊ အကျယ် ၄ လက္မ ရှိပြီး အလေးချိန်အားဖြင့် ၅၉,၅၀၀ ပေါင် ရှိပါတယ်။

မုန့်ဖုတ်သူ ၁၅၀၀ ခန့်ဟာ တူညီရိုးရာဝတ်စုံတွေဝတ်ဆင်ထားကြပြီး ဂျုံနဲ့ သကြား ၁၂,၀၀၀ ကီလိုဂရမ် အသုံးပြုကာ ကိတ်မုန့်ကြီးကို ၄ နာရီနီးပါး ဖုတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီမုန့်ဖုတ်ပွဲကို ကာရာလာမုန့်ဖုတ်အသင်းမှ ကြီးမှူးပြုလုပ်ခဲ့ပြီး လာရောက်ကြည့်ရှုသူ များပြားခဲ့ပါတယ်။ ကမ္ဘာဂင်းနစ်စံချိန်ကို ချိုးရန် ရည်ရွယ်ချက်ဖြင့် ကိတ်မုန့်ဖုတ်ကြောင်း အသင်းရဲ့ အထွေထွေအတွင်းရေးမှူး နူရှက်ဒ် က ပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်က တရုတ်မုန့်ဖုတ်သူများ စုပေါင်းကာ ၃.၂ ကီလိုမီတာ ရှည်လျားတဲ့ သစ်သီးကိတ်မုန့်ကြီးကို ဖုတ်ခဲ့တာကြောင့် တရုတ်နိုင်ငံက ကမ္ဘာ့စံချိန်တင်ထားခဲ့ပါတယ်။ အဆိုပါစံချိန်ကို ချိုးရန် ၆.၅ ကီလိုမီတာရှည်လျားတဲ့ ကိတ်မုန့်ကြီးကို အိန္ဒိယမုန့်ဖုတ်သူများက ဝိုင်းဝန်း ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ကိတ်မုန့်ရဲ့ အရသာကလည်း ပြောစရာမရှိအောင် ထူးခြားပြောင်မြောက်စွာ သန့်ရှင့်မှုအပြည့်နဲ့ ဖုတ်ထားကြောင်း သိရသည်။


16 Jan 2020     856 Views




RELATED

Most Popular of Special or Others

Most Popular of NEWS