BEC-TERO TV

နေဒွေးရဲ့ ကိုယ်ထိလက်ရောက်ရိုက်နှက်စော်ကားခဲ့မှုကို ဓာတ်ပုံတွေနဲ့တကွဖွင့်ချလိုက်တဲ့ သံစဉ်မောင်

16 Jan 2020     2,225 Views


သရုပ်ဆောင်သံစဉ်မောင်ဟာဆိုရင် မော်ဒယ်နဲ့သရုပ်ဆောင် ဘေဘီမောင်ရဲ့ညီမအရင်းတစ်ယောက်ဖြစ်ပြီး အနုပညာလောကရဲ့ တက်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်နေဒွေးဟာဆိုရင်လဲ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေကိုရိုက်ကူးပြီး ပရိသတ်အားပေးမှုရရှိထားတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ အရင်က (၃) နှစ်တာကာလမျှ သမီးရည်းစားတွေဖြစ်ခဲ့ဖူးကြတဲ့ သံစဉ်မောင်နဲ့ နေဒွေးတို့ဟာ လက်ရှိအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ပဋိပက္ခတွေပြဿနာတွေဖြစ်ပွားနေပြီး အပြိုင်အဆိုင်တရားစွဲဆိုမှုတွေ ပြုကြတော့မယ်လို့ သိရပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ဒီပြဿနာတွေဟာ မကြာသေးခင်က နေဒွေးနဲ့ သရုပ်ဆောင်မင်းခန့်ကျော်တို့ရဲ့ ငွေကြေးပြဿနာအရှုပ်အရှင်းတွေပြီးနောက် ဖြစ်ပေါ်ခဲ့တာလဲဖြစ်ပါတယ်။ သံစဉ်မောင်က နေဒွေးရဲ့ ချစ်သူများပြီး သစ္စာမရှိတဲ့လုပ်ရပ်တွေကို သက်သေတွေနဲ့တကွ ပရိသတ်တွေကို ချပြခဲ့ပြီး နေဒွေးဘက်ကလဲ ထိုကိစ္စအပေါ် ပြန်လည်တုန့်ပြန်ပြောဆိုရေးသားခဲ့ပါတယ်။ 

 

ရည်းစားဟောင်းနှစ်ယောက်ရဲ့ အခြေအတင်ဖြစ်နေမှုတွေအတွက် ပရိသတ်တွေက ဘယ်သူမှန်တယ်၊ မှားတယ် ဝေခွဲမရဖြစ်နေကြချိန်မှာပဲ သံစဉ်မောင်က သမီးရည်းစားဖြစ်ခဲ့စဉ်က နေဒွေးဟာ သူမကိုအမြဲလက်ပါပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်ပြုမူခဲ့ကြောင်း သက်သေပုံရိပ်တွေနဲ့တကွ နောက်ကြောင်းတွေကိုဖွင့်ချလိုက်ပါတယ်။

သံစဉ်မောင်က ဖူးယောင်ပြီးဒဏ်ရာတွေရရှိထားတဲ့ သူမရဲ့မျက်နှာနဲ့ သွေးထွက်သံယိုဖြစ်နေတဲ့ သူမရဲ့လက်ပုံတို့ကိုတင်ကာ  “အရှက်မရှိမပြတ်သားနိုင်လို့ instagram မှာမျိုးစုံတင် Fb မှာတင်နေခဲ့တောင် မသိချင်ယောင်ဆောင်နေခဲ့တာ နင်တင်တာအားလုံး ငါမှာ SS တွေရှိတယ်နော် အေး တွဲနေတုန်းက နင်လူစိတ်မရှိပဲ အမြဲလက်ပါရိုက်နှက်ပြီး ငါမျက်နှာကို လူကြားထဲမထွက်နိုင်အောင်ရိုက်ထားတဲ့ပုံတွေအားလုံး ငါထုပ်ပြမှာ နင်လိုက်ပတ်သတ်ချင်နေတာလေ နင်ငါ့ကိုမပြတ်သားနိုင်လို့ ဟိုလူကိုစကားလာပြောခိုင်း ဒီလူ့ကိုစကားလာပြောခိုင်းနဲ့ ငါမှာသက်သေတွေအကုန်ရှိတယ်နော် နင့်စိတ်ဓာတ်ဘယ်လိုလဲဆိုတာ သိတဲ့သူတွေအကုန်သိတယ် အခုနင့်လုပ်ရပ်တွေက ဆိုးသည်ထက်ဆိုးလာလို့ အကြောင်းသိသူတွေက သက်သေလိုရင်အချိန်မရွေးခေါ်ဖို့ ပြောထားကြပြီးသား"

လူတကာကို သံစဉ်မောင် မကောင်းဘူးလိုက်ပြောနေတာ ဘယ်သူနဲ့တွဲတွဲ တွဲသမျှမိန်းကလေးတိုင်းကို ငါမကောင်းကြောင်းလိုက်ပြောနေတာ ငါမှာအသံဖိုင်တွေနဲ့ တရားရုံးမှာ ရှင်းမှာ နင်သမိုင်းကြောင်းနဲ့ နင်လုပ်ရပ်က အရမ်းဖြူစင်နေတယ်ပေါ့ ငါ့ကိုနင်$ရှက်လိုက်ခွဲနေတာ စကားရှုတ်ထားတာ သက်သေအချက်အလက်အားလုံးနဲ့ ငါရှင်းတော့မှာ ငါ့မိသားစု ငါ့အမနာမည်ဘေဘီမောင်ဆိုတာပါထည့်ပြီး နင်စော်ကားထားတာ ဒီတစ်ခါ ငါအထောက်အထားအားလုံးနဲ့ အဆုံးထိတက်မှာ လာစိန်မခေါ်နဲ့ ပါးရိုက်ရင်နားကိုက်တက်တယ် ငါနာမည်ပျက်မှာဆိုးလို့သည်းခံတာ ဆက်သည်းခံနေရင်နင်ကခွေးရူးတစ်ကောင်လိုလိုက်ကိုက်နေဦးမှာဆိုတော့ အဆုံးထိသွားကြတာပေါ့ တကယ်မိန်းမလိုမိန်းမရ အောက်တန်းစားကောင်နဲ့ပတ်သတ်မိတာ ဘဝရဲ့အကြီးမာဆုံးနောင်တပဲ” ဆိုပြီး အဖြစ်မှန်တွေကိုဖွင့်ချရေးသားခဲ့တာဖြစ်ပါတယ်။

သံစဉ်မောင်ရဲ့ ဖွင့်ချရေးသားချက်တွေအပြီးမှာတော့ ပရိသတ်တွေက နေဒွေးရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အတော်လေးအံ့ဩနေကြသလို မိန်းကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်စော်ကားခဲ့တဲ့နေဒွေးကို ဝိုင်းဝန်းပြစ်တင်ပြောဆိုနေကြတာကိုလဲ တွေ့ရပါတယ်။ သံစဉ်မောင်ကတော့ နေဒွေးရဲ့ပြောဆိုမှုတွေဟာ မိသားစုနဲ့ အစ်မဖြစ်သူဘေဘီမောင်ကိုပါထိခိုက်လာတဲ့အပြင် သူမကိုကိုယ်ထိလက်ရောက် ရိုက်နှက်စော်ကားခဲ့မှုအတွက် သက်သေတွေနဲ့တကွ တရားရုံးမှာရင်ဆိုင်ဖြေရှင်းသွားမယ်လို့ သိရပါတယ်။

 

(ပိုပိုလေး)


16 Jan 2020     2,225 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS