BEC-TERO TV

ခင်ပွန်းကွယ်လွန်ပြီး အသက် ၈၃ နှစ်အရွယ်ကျမှ ရုပ်ရှင်မင်းသမီးဖြစ်လာသူ

17 Jan 2020     1,774 Views


ထူးထူးခြားခြား ဂျပန်နိုင်ငံက အသက် ၈၃ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက်မှာ ဝင်ငွေလစာ အင်မတန်ကောင်းတဲ့ လူကြီးရုပ်ရှင်လောကထဲကို ခြေစုံပစ်ဝင်ခဲ့ပြီး မင်းသမီးငယ်တွေနဲ့အပြိုင် စူပါစတား မင်းသမီးကြီးတစ်လက် ဖြစ်လာခဲ့ပါတယ်။

ငယ်ရွယ်တဲ့ မင်းသမီးတွေတောင် ရွေးချယ်ခွင့်မရတဲ့ မင်းသား အသက်ငယ်ငယ်လေးတွေနဲ့ သရုပ်ဆောင်ရတဲ့ထိ သူမကျင်လည်ရာ ရုပ်ရှင်လောကမှာ အောင်မြင်လာခဲ့ပါတယ်။

“အိုဂါဆာဝါရာ ယုကို(Ogasawara Yuko)” ဟာ အလွန်စည်းကမ်းတင်းကျပ်တဲ့ မိသားစုကနေ ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။ သူမရဲ့ ဖခင်က ရုံးဝန်ထမ်းဖြစ်ပြီး မိခင်ကတော့ အိမ်ရှင်မ သက်သက်ပါ။ အရွယ်ရောက်လာတဲ့အခါ လက်ထပ်ခဲ့ပြီး သားနှစ်ယောက် သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ “အိုဂါဆာဝါရာ” ဟာ သူမရဲ့ ဘဝဟာ သူ့အမေလိုပဲ ရိုးရိုးကြီးနေထိုင်သွားရမှာလားလို့ တွေးမိပြီးနောက် တစ်ခုခုတော့ ပြောင်းလဲမှဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

“အိုဂါဆာဝါရာ ယုကို" နဲ့ ခင်ပွန်း

သူမရဲ့ခင်ပွန်းဟာ အသက် ၅၉ နှစ်မှာ အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး အဲဒီအချိန်မှာ ယူကျုံးမရဖြစ်ကာ စိတ်ရောကိုယ်ပါ ညိုးငယ်ခဲ့ရပါတယ်။ ဒါပေမယ့် နှစ်နှစ်လောက် ကြာတဲ့အခါမှာ ဒီအတိုင်းနေလို့မဖြစ်ဘူးဟု ပြန်အားတင်းကာ မိသားစုရဲ့ အားပေးကူညီမှုနဲ့ ကိုယ်ပိုင်စားသောက်ဆိုင်လေး ဖွင့်ခဲ့ပါတယ်။

တစ်ရက်မှာတော့ သူဆိုင်မှာ လာစားတဲ့ အမျိုးသမီးဖောက်သည်တစ်ယောက်က လူကြီးရုပ်ရှင်(အပြာကား) မှာ သရုပ်ဆောင်လုပ်ဖို့ စိတ်ဝင်စားလားလို့ သူမကို မေးလာခဲ့ပါတယ်။ သူမဟာ ရှက်ရှက်နဲ့ ချက်ခြင်းဆိုသလို ငြင်းပစ်လိုက်ပါတယ်။

နောက်ပိုင်းမှာတော့ အမျိုးသမီးက သူမကို တစ်ဖြည်းဖြည်း နားချပြီး အပြာရုပ်ရှင်ရိုက်ကွင်းတွေကိုလည်း လေ့လာလို့ရအောင် အလည်ခေါ်ပါတယ်။ သူမသွားလည်တဲ့နေ့က ရိုက်ကွင်းမှာ အမျိုးသမီးငယ်လေးနဲ့ အမျိုးသားကြီး(အဖိုးကြီး)တို့ သရုပ်ဆောင်နေတာကို တွေ့လိုက်ရပါတယ်။

အဲဒီမှာတင် သူမက “ငါသာ မင်းသမီးလုပ်ရမယ်ဆိုရင် ဒီလိုမျိုး အဖိုးကြီးတွေနဲ့ တွဲမရိုက်ချင်ဘူးနော်” လို့ ပြောလိုက်တဲ့အခါ ဒါရိုက်တာက ချက်ခြင်းဆိုသလို “စိတ်တိုင်းကျဖြစ်စေရပါမယ်၊ စီစဉ်ပေးနိုင်ပါတယ်” လို့ ပြန်ပြောလိုက်ပါတယ်။

ဒါပေမယ့် “အိုဂါဆာဝါရာ” အပြာမင်းသမီးဘဝကို စဝင်ခဲ့တာ အသက် ၈၁ နှစ်အရွယ်ရောက်မှဖြစ်ပါတယ်။ သူမနဲ့ တွဲဖက်ရတဲ့ မင်းသားတွေ အားလုံးနီးပါက သူ့မြေးအရွယ်လောက်တွေနဲ့ချည်း ဖြစ်ပါတယ်။ သူမဘဝမှာ ခင်ပွန်းသည်နဲ့က လွဲရင် အခြားအမျိုးသား ကောင်လေးနဲ့ ချစ်တင်းနှောရတာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး သူမရဲ့ စိတ်ဆန္ဒတွေကို ပြည့်ဝပျော်ရွှင်စေတယ်လို့ ဆိုပါတယ်။

သူမရဲ့ သားဖြစ်သူက သူအခုလို အပြာမင်းသမီး လုပ်နေတာကို သိသွားပေမယ့်လည်း အမေစိတ်ချမ်းသာရင်ပြီးရော ဆိုပြီး သဘောတူခွင့်ပြုတယ်လို့ ဖြည့်စွက်ပြောသွားခဲ့ပါတယ်။

 


17 Jan 2020     1,774 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS