BEC-TERO TV

အပြာကားတွေမှာ စာတမ်းထိုး မပါလို့ PornHub ဝဘ်ဆိုက် တရားစွဲခံရ

20 Jan 2020     2,210 Views


ယခုနောက်ပိုင်း ရုပ်သံမီဒီယာတွေမှာ ဘာသာစကား အခက်အခဲကြောင့်သော်လည်းကောင်း၊ အကြားအာရုံချို့တဲ့သူများ ခံစားကြည့်ရှုနိုင်ရန် စတဲ့အချက်တွေကြောင့် စာတန်းထိုးနဲ့ တစ်ကွ တင်ဆက်လာကြပါတယ်။ ဒါပေမယ့် အပြာရုပ်ရှင်(လူကြီးကား)တွေမှာတော့ စာတန်းထိုး ပါဝင်တာ မရှိသလောက် ရှားပါတယ်။

အဲဒီလို စာတန်းထိုး ထည့်သွင်းဖို့ ပျက်ကွက်တဲ့အတွက် အွန်လိုင်းပေါ်မှာ အပြာကားအများဆုံးတင်ထားတဲ့ နာမည်ကြီး ဝဘ်ဆိုက်ဖြစ်တဲ့ PornHub ကို အမျိုးသားတစ်ဦးက ဒေါသတကြီးနဲ့ တရားစွဲဆိုလိုက်ပါတယ်။

တရားစွဲဆိုထားသူမှာ အကြားအာရုံချို့တဲ့သူ(နားမကြားသူ)ဖြစ်ပြီး ဒီဗီဒီယိုတွေကို ကြည့်ရှု့ရာမှာ စာတန်းထိုး မပါဝင်တဲ့အတွက် သူ့အနေနဲ့ ဖီးလ်မလာကြောင်း၊ ဒါဟာ နားမကြားသူတွေရဲ့ ဥပဒေကို ချိုးဖောက်တာဖြစ်ကြောင်း ဒေါသတကြီးစွပ်စွဲပြီးနောက် ထိပ်တန်း အပြာဝဘ်ဆိုက်တွေဖြစ်တဲ့ PornHub, RedTube, YouPorn နဲ့အတူ ဒီဆိုက်တွေရဲ့ ပင်မကုမ္ပဏီကြီးဖြစ်တဲ့ MindGeek ကို ဘရွတ်ကလင်မှာရှိတဲ့ ဖက်ဒရယ်တရားရုံးမှာ ၁၉၉၀ ခုနှစ်က ပြဌါန်းထားတဲ့ အမေရိကန် မသန်စွမ်းဥပဒေပုဒ်မနဲ့ တရားစွဲလိုက်ပါတယ်။

ယင်းအမျိုးသားဟာ ယခင်ကလည်း အဆိုပါဥပဒေဖြင့်ပင် အမေရိကန်ရဲ့ ပင်မသတင်းဌါနခွဲတစ်ခုဖြစ်တဲ့ FOX News ကိုလည်း တရားစွဲခဲ့ဖူးသူဖြစ်ပါတယ်။

“စာတန်းမထိုးတဲ့အတွက် အခြားသူတွေ အပြည့်အဝခံစားနိုင်သလိုမျိုး နားမကြားသူတွေနဲ့၊ အကြားအာရုံပြသနာရှိသူတွေ ခံစားခွင့်မရဘူး” လို့ဆိုပါတယ်။

ဒါ့အပြင် သူက ဝဘ်ဆိုက်က ဗီဒီယိုတွေကို စာရင်းလုပ်ထားပြီး အဆိုပါဗီဒီယိုတွေမှာ စာတမ်းထိုးမပါတဲ့အတွက် သူဖီးလ်မလာဘူးလို့ ဆိုပါတယ်။ ဗီဒီယိုတွေမှာ စာတမ်းထိုး ပါသင့်တယ်လို့ ပြောပြီး လျော်ကြေးရလိုကြောင်း လျှောက်ထားပါတယ်။ PornHub ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သူက ဆိုက်ထဲမှာရှိတဲ့ အချို့ဗီဒီယိုတွေမှာ စာတန်းထိုး​ပါဝင်ကြောင်း ပြန်လည် ခုခံထားပါတယ်။


20 Jan 2020     2,210 Views




RELATED

Most Popular of Special or Others

Most Popular of NEWS