BEC-TERO TV

အသစ်ထွက်မည့် Samsung Galaxy S20 ရဲ့ ဓါတ်ပုံနဲ့ ရုပ်သံများ ပေါက်ကြား

20 Jan 2020     1,362 Views


ဆမ်ဆောင်းကုမ္ပဏီရဲ့ အသစ်ထွက်ရှိလာတော့မည့် Galaxy S20 ၏ ပုံရိပ်နှင့် ထူးခြားချက်များ မကြာသေးမီရက်ပိုင်းက အွန်လိုင်းပေါ်မှာ ပေါက်ကြားခဲ့ပြီး မိုဘိုင်းသုံးစွဲသူတွေကြားမှာ Galaxy S20 ကို စိတ်ဝင်စားမှုများ မြင့်တက်နေပါတယ်။

5G ကွန်ယက်စနစ် ထောက်ပံ့ပေးထားသည့် Galaxy S20 မှာ 40 Mega Pixel ဆယ်လ်ဖီကင်မရာနဲ့အတူ အနီးအဝေး အဆ ၁၀၀ ထိ Zoom ဆွဲနိုင်သည့် မှန်ဘီလူးအပြင် အခြားထူးခြားချက်များစွာ ပါရှိပါတယ်။

Galaxy S20 ကို S20 Ultra၊ 5G S20 Plus 5G နဲ့ S20 5G ဟူ၍ သုံးမျိုးသုံးစား ခွဲခြားထားပါတယ်။ Ultra က ဂရိတ်အမြင့်ဆုံးဖြစ်ကာ 4K အရည်အသွေးရှိ ဗီဒီယိုများ ရိုက်ကူးနိုင်မည့်အပြင် သိုလှောင်သိမ်းဆည်းနိုင်မည့် Storage 1TB ပမာဏရှိသည့် SD card ကိုလည်း ထပ်ဆောင်း Storage အဖြစ် ထည့်နိုင်ရန် ထောက်ပံ့ပေးထားပါတယ်။

မျက်နှာပြင်အကျယ်အနေနဲ့ Ultra က ၆.၉ လက္မ၊ Plus က ၆.၇ လက္မ နှင့် S20 က ၆.၂ လက္မ အကျယ်ရှိပါတယ်။ ထည့်သွင်းထားတဲ့ သိုလှောင်နိုင်မှု အနိမ့်ဆုံး Build-in Storage မှာ 128 GB ဖြစ်ပြီး Ultra မော်ဒယ်အတွက်တော့ 512 GB ကိုပါ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

မော်ဒယ် သုံးမျိုးစလုံးကို Exynos 9970 7nm Chipset တပ်ဆင်ပေးထားပြီး၊ ဘက်ထရီ၊ ဒေတာသိုလှောင်နိုင်မှု ပမာဏ၊ မျက်နှာပြင်အကျယ်၊ ကင်မရာမှန်ဘီလူး အနီးအဝေး ဆွဲနိုင်မှုတို့သာ တစ်ခုနှင့်တစ်ခု အနည်းငယ်ကွာခြားမှာဖြစ်ပါတယ်။

Samsung Galaxy S20 ပေါက်ကြားခဲ့တဲ့ နမူနာဗီဒီယိုလေးမှာ မြည်းစမ်းကြည့်ရှုနိုင်ပါတယ်။


20 Jan 2020     1,362 Views




RELATED

Most Popular of Special or Others

Most Popular of NEWS