BEC-TERO TV

တရုတ်နိုင်ငံတွင် အမည်မသိ ဗိုင်းရပ်စ် ရောဂါအသစ်တစ်မျိုး ကူးစက်ပြန့်ပွားနေ

21 Jan 2020     1,354 Views


တရုတ်နိုင်ငံတွင် အမည်မသိ ဗိုင်းရက်စ် ရောဂါအသစ်တစ်မျိုးကူးစက် ပြန့်ပွားနေမှုကြောင့် လူ (၄) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဗိုင်းရပ်စ်ဟာ ရောပါဖြစ်ပြီး လူသေဆုံးမှုတွေ ရှိနေတယ်လို့ အာဏာပိုင်တွေက အတည်ပြုပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်က စတင်ခဲ့တဲ့ ဗိုင်းရပ်စ်ဟာ ဘေကျင်း ၊ ရှန်ဟိုင်း စတဲ့ မြို့ကြီးတွေထိ ပျံနှံနေပြီး ကူးစက်ခံရသူပေါင်း (၂၀၀) ကျော်ရှိနေပြီလို့ သိရပါတယ်။

တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်က ယခု ဒီဗိုင်းရပ်စ်ပိုးအသစ်ဟာ လူကနေ လူကို ကူးစက်တာဖြစ်ပြီး ယခု ဝူဟန်ပြည်နယ်မှာ ဆေးဘက်ဆိုင်ရာဝန်းထမ်းတွေထိကူးစပ်ခံနေရပြီး (၁၅) ဦးခန့် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ရောဂါအခြေအနေမှာလည်း ဆိုးရွားနေတယ်လို့ ဆိုပါတယ်။

ယခုရောဂါ စတင်ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်ပြည်နယ်မှာ လူဦးရေ (၁၁) သန်းခန့်နေထိုင်လျှက်ရှိပါတယ်။ World Health Organization (WHO) ဖော်ပြချက်အရ တရုတ်နိုင်ငံမှာ ယခု ဗိုင်းပ််စ်ကြောင့် ကူးစက်ခံရမှုဖြစ်စဉ် (၂၁၈)  ရှိနေပြီလို့ သိရပါတယ်။ ဒါ့အပြင် အခြားနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံတွင် (၂) ခု ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ဖြစ်စဉ် (၁) ခုစီတွေ့ရှိရတယ်လို့ သိရပါတယ်။

စင်ကာပူ ၊ ဟောင်ကောင်း နှင့် ဂျပန်နိုင်ငံမှ လေဆိပ်တွေကလည်း တရုတ်နိုင်ငံ ဝူဟန်နိုင်ငံမှ လာတဲ့ ခရီးသည်တွေကို ဗိုင်ပ်စ်ရှိ ၊ မရှိ စစ်ဆေးနေပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက် ၊ ဆန်ဖရန်စ္စကို ၊ လော့အိမ်ဂျလိစ့် တို့တွင်လည်း ပြီးခဲ့တဲ့ အပါတ်ခန့်ကစတင်ပြီး အလာတူရောဂါတွေ ကူးစက်မပြန့်ပွားဖို့ စစ်ဆေးလျှက်ရှိပါတယ်။

တရုတ်နိုင်ငံကို နှစ်စဉ် အလည်အပတ်လာရောက်တဲ့ နိုင်ငံခြားခရီးသွား ဧည့်သည် (၁) သန်းခန့်ရှိပြီး အများစုမှာ သြစတြေးလျ နိုင်ငံမှ ဖြစ်တယ်လို့ သိရပါတယ်။ အရင် ၂၀၀၀ ခုနှစ်လောက်က တရုတ်နိုင်ငံမှာ SARS ဗိုင်းရပ်စ် ကူးစက်ရောဂါပိုးကြောင့်  သေးဆုံးသူ (၇၇၄) ဦးအထိရှိခဲ့ပါတယ်။ အခုဒီ ဗိုင်းရပ်စ်ဟာ ဆိုရင်လည်း စစ်ဆေးတွေ့ရှိချက်အရ SARS ဗိုင်းရပ်စ် ရောဂါအမျိုးအစားလိုပဲ ဆိုးရွားတယ်လို့ သုတေသနပညာရှင် ဆိုပါတယ်။

ယခု ဗိုင်းရပ်စ်ကို 2019-nCoV လို့ ခေါ်ဆိုကြပြီး လူအချင်းချင်း ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ကူးစက်မှု အလွန်မြန်ပြီး ကြောက်စရာကောင်းတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါကူးစက်မှု လက္ခဏာများမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများ၊ အဖျားကြီးခြင်း၊ ချောင်းဆိုးခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO)က တိရိစ္ဆာန်များကို အကာအကွယ်မဲ့ ကိုင်တွယ်ခြင်း ၊ ရောဂါလက္ခဏာ ရှိသူတွေနဲ့ ထိတွေခြင်းမပြုလုပ်ဖို့ သတိပေးထားပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနှင့် နီးစပ်မှုခြင်း ရှိတာကြောင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်။ ဒါကြောင့် ကူးစက်မခံရဖို့အတွက် အထူးဆင်ခြင် ဂရုစိုက်ကြဖို့နှင့် ကိုယ့်အနီးနားမှာ အထက်ဖော်ပြပါ လက္ခဏာမျိုးတွေ့ ရှိရပါက နီးစပ်ရာဆေးရုံး ၊ ဆေးခန်းကို ပို့ဆောင်ပေးကြဖို့ အသိပေးလိုက်ရပါတယ်။

Ref; BBC


21 Jan 2020     1,354 Views




RELATED

Most Popular of International News

Most Popular of NEWS