BEC-TERO TV

လိမ္မော်သီး စျေးဗန်းဖျက်ဆီးခြင်းခံရတဲ့ အဘကို ကူညီမယ့်သူပေါ်ပြီ

21 Jan 2020     13,469 Views


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖြစ်ပျက်ခဲ့တဲ့ လိမ္မော်သီး ရောင်းနေတဲ့ အဘကို စည်ပင်ဝန်ထမ်းတွေက စျေးဗန်းကိုချခိုင်းပြီး တူဖြင့် လိမ္မော်သီးတွေကို ထုချေနေတဲ့ ဗီဒီယို အွန်လိုင်းပေါ်မှာ ပြန့်နှံခဲ့ပါတယ်။ အဲ့ဒီလို ကိုယ်ချင်းစာတရား မရှိတဲ့ လုပ်ရပ်ကြောင့် အွန်လိုင်းပေါ်မှု ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ ဗီဒီယိုကို တွေ့ရှိခဲ့တဲ့ ဖေ့စ်ဘုတ်အကောင့် (Han Lynn Htun) ဆိုတဲ့ အကောင့်က ယနေ့တွင် လိမ္မော်သီး ရောင်းနေတဲ့ အဘကို ရှာဖွေခဲ့ပြီး အကူအညီတချို့ပေးခဲ့ပါတယ်။

အဘနာမည်က ဦးသိန်းထွန်း အသက်က ၇၀ ရှိပြီဖြစ်ပြီး သားသမီး လေးယောက်ရှိပါတယ်။ အဘ အမျိုးသမီးက အသက် ၆၀ ရှိတယ်လို့ သိရပါတယ်။ သမီးအကြီးဆုံးနဲ့ ဗိုလ်ချုပ်စျေးမှာ စျေးတူတူရောင်းကြတယ်လို့ သိရပြီး  သမီးငယ်လေးက မသန်စွမ်းလေးဖြစ်တယ်လို့ သိရပါတယ်။ အဘက တနေ့လုပ်မှ သူအိမ်အတွက် အဆင်ပြေတာမို့ သမီးအကြီးနဲ့အတူ မနက် ၇ နာရီကတည်းက စျေးလှည့်ရောင်းတယ်လို့ သိရပါတယ်။

ညဘက် အိမ်ကို ပြန်ရောက်ချိန်က ည ၈ နာရီဖြစ်ပြီး အဘ စျေးရောင်းလာတဲ့သက်တမ်းမှာ ဒီလို တခါမှ မဖြစ်ဘူးပါဘူးလို အဘက ပြောပါတယ်။ အိမ်က မသန်မစွမ်း သမီးငယ်လေးနဲ့ အမျိုးသမီးအတွက် နေပူထဲ တွေမှာ စျေးရောင်းနေရဲ့ အဘတယောက်အတွက် အဲ့နေ့က လုပ်ရပ်က သူအတွက် မျက်ရည်ကျစေခဲ့ပါတယ်။ ဒါပေမယ့် သူမိသားစုကိုတော့ ပြောပြခဲ့ခြင်းမရှိပါဘူးဘဲ တစ်ယောက်တည်း ကြိတ်ခံစားကာ အရင်းပြန်ရှာပြီး စျေးရောင်းနေတယ်လို့ အဘကပြောပါတယ်။

ဖေ့စ်ဘုတ်အကောင့် (Han Lynn Htun) ဆိုတဲ့ အကောင့်က အဘအတွက် ကူညီနိုင်တာကို ကူညီပေးသွားမယ်လို သိရပြီး အဘအတွက် စျေးအတည်တကျရောင်းလို့ ရအောင်လည်း စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။

ဒီလိုမျိုး လူစိတ်ကင်းမဲ့ ကိုယ်ချင်းစာစိတ် မရှိတဲ့လုပ်ရက်ကို ကြည့်ရသူအများက ရွံ့ရှာ စက်ဆုတ်ခဲ့ကြပါတယ်။ နိုင်ငံဝန်ထမ်းတစ်ယောက်အနေနဲ့ လမ်းဘေးစျေးသည်ကို ဖမ်းမိရင် ရောင်းကုန်ပစ္စည်းတွေကို ထုချေဖျက်စီးခွင်ရှိတယ်လို့ စည်ပင်ဥပဒေ ဘယ်နားမှာ ပြဌာန်းထားတာလဲ ဆိုတာကိုလည်း မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဘာပဲဖြစ်ဖြစ် အကူအညီရရှိခဲ့တဲ့ အဘ ဦးသိန်းထွန်းအတွက် ဝမ်းသာရပြီး လူစိတ်ကင်းမဲ့တဲ့ စည်ပင်ဝန်ထမ်းတွေရဲ့ လုပ်ရပ်ကတော့ နိုင်ငံဝန်ထမ်းတစ်ယောက်အနေနဲ့ ရှက်စရာ အပြုအမှု ဖြစ်ပါတယ်။

 


21 Jan 2020     13,469 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS