BEC-TERO TV

ဝူဟန်မြို့ကို အာဏာပိုင်များပိတ်လိုက်ပြီ မည်သူမှဝင်ထွက်ခွင့်မပြုတော့

23 Jan 2020     1,795 Views


လက်တလောမှာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသည့် ဝူဟန်ဗိုင်းရပ်(ကိုရိုနာဗိုင်းရပ်စ်) စတင်ဖြစ်ပွားခဲ့ရာ ဝူဟန်မြို့ကို တရုတ်အာဏာပိုင်များက ပိတ်ထားလိုက်ပြီဖြစ်ပြီး မည်သည်မျှဝင်ထွက်သွားလာခွင့်မရှိသလို ဆက်သွယ်ရေးလမ်းကြောင်းများကိုလည်း ရပ်ဆိုင်းလိုပ်ပါတယ်။

ဗိုင်းရပ်စ်ဟာ မြို့တွင်းမှာတင် ကူးစက်ခံထားရသူ ၅၇၀ ကျော်ရှိနေပြီး လူ ၁၇ ဦး သေဆုံးခဲ့ရပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လူတစ်ဦးကနေ တစ်ဦးကို လျှင်မြန်စွာ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ တရုတ်အာဏာပိုင်တွေက ဇန်နဝါရီလ ၂၃ (ယနေ့) နံနက် ၁၀ နာရီအချိန်မှ စတင်ကာ ခရီးသွားတာတွေအားလုံးကို တားမြစ်ပိတ်ပင်လိုက်ပြီး ခရီးစဉ်တွေအားလုံးကို ရပ်ဆိုင်းကာ ကားဂိတ်၊ သင်္ဘောဆိပ်၊ လေဆိပ် နဲ့ ရထားဘူတာရုံတွေကိုပါ အရေးပေါ် ခတ္တပိတ်ထားလိုက်ပါတယ်။

မြို့နေပြည်သူများအား အခုလိုမျိုး အထူးသတိပြုရမယ့် အခြေအနေမျိုးမှာ ဘယ်ကိုမှမသွားသင့်ကြောင်း အစိုးရက အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဝူဟန်မြို့ကို ဝင်လာတဲ့ ယာဉ်တွေ၊ တိရိစ္ဆာန်သယ်ယူပို့ဆောင်မှုတွေ၊ ကုန်ပစ္စည်းတွေကိုပါ တိတိကျကျ စစ်ဆေးသွားမှာဖြစ်ပြီး တောရိုင်းတိရိစ္ဆာန်တွေကိုတော့ လုံးဝတားမြစ်ထားပါတယ်။ အခုလို မြို့ကို ပိတ်ထားလိုက်ပြီဖြစ်တဲ့အတွက် မြို့နေလူ ၁၁ သန်းလောက် ဘယ်မှသွားလို့လာလို့ မရတော့ပါဘူး။

ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရမှုကို ဝူဟန်မြို့ရဲ့ ပင်လယ်စာရောင်းချရာ သားငါးစျေး ကနေ စတင်သိရှိခဲ့ရပြီး အလုပ်သမားအချို့ စတင်ကူးစက်ခံခဲ့ရပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ဆားရောဂါ အနွယ်ဝင်ဖြစ်ပြီး သူ့ကိုသေစေနိုင်တဲ့ နည်းလမ်းရှာတွေ့ပြီလို့ မကြာသေးမီက တရုတ်ဆေးသိပ္ပံပညာရှင်တွေ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဝူဟန်ဗိုင်းရပ်စ်ကို ရောဂါအမျိုးအစားအဆင့် A ဟုသတ်မှတ်ထားပြီး ရောဂါကူးစက်ခံထားရတဲ့ လူနာတွေနဲ့ သက်ရောက်မှုရှိနေတဲ့ ဧရိယာတွေကို အာဏာပိုင်တွေက အခြေနေပေါ်မူတည်ပြီး လိုအပ်ရင် ပိတ်ဆို့ထိန်းသိမ်းသွားမှာဖြစ်ကြောင်း သိရသည်။

>> ဝူဟန်ဗိုင်းရပ်စ်ကို သေစေနိုင်တဲ့နည်းလမ်းကို ပညာရှင်များတွေ့ပြီ <<


23 Jan 2020     1,795 Views




RELATED

Most Popular of International News

Most Popular of NEWS