BEC-TERO TV

ဝူဟန်ဗိုင်းရပ်စ်ဟာ လင်းနို့စွပ်ပြုတ်ကြောင့် ဖြစ်နိုင်ကြောင်း ထောက်ပြဝေဖန်(ရုပ်သံ)

23 Jan 2020     2,320 Views


ကမ္ဘာကိုခြိမ်းခြောက်နေသည့် ဝူဟန်ဗိုင်းရပ်စ်(ကိုရိုနာဗိုင်းရပ်စ်) ဖြစ်ပွားရတာဟာ ဝူဟန်မြို့ခံတွေ မဆင်မခြင် အစားအသောက် သောင်းကျန်းလို့ ဖြစ်ကြောင်း လင်းနို့စွတ်ပြုတ်သောက်နေတဲ့ ရုပ်သံတွေ ဓါတ်ပုံတွေကို ကိုးကားပြီး ပြစ်တင်ပြောဆိုလိုက်ပါတယ်။

ဝူဟန်ဗိုင်းရပ်စ်ဟာ လင်းနို့နဲ့ မြွေတို့ကနေ ပေါင်းစပ်ပြီးဖြစ်ပေါ်လာတဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ကြောင်း၊ ဒီဗိုင်းရပ်စ်မျိုးဟာ လင်းနို့တွေမှာသာ ပေါက်ပွားနိုင်ကြောင်းကို ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုခဲ့ပြီးနောက် အခုလို ပြစ်တင်ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ဆေးသိပ္ပံကျွမ်းကျင်သူတွေက အခုလိုဗိုင်းရပ်စ်မျိုးကို သုတေသနလောကမှာ လျှော့ထွက်ခဲ့မိတယ်လို့ ဝန်ခံခဲ့ပြီး လူကို ဘယ်လိုပုံစံနဲ့ ကူးစက်သွားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပဲ အခြားမသိနိုင်တဲ့ ကြားခံတစ်ခုခုရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အပြီးမှာတော့ လင်းနို့နဲ့ လူသားကြား ဒီဗိုင်းရပ်စ်က ဘယ်လိုကူးစက်ရောက်ရှိလာနိုင်တယ်ဆိုတာကို ရုပ်သံတွေ ဓါတ်ပုံတွေနဲ့ အွန်လိုင်းပေါ်မှာ ဝေဖန်ထောက်ပြမှုတွေ မြင့်တက်လာပါတယ်။

ဓါတ်ပုံတစ်ပုံမှာ လင်းနို့အတောင်ပံကို ကိုက်စားနေတဲ့ အမျိုးသမီးပုံနဲ့ လင်းနို့စွပ်ပြုတ်သောက်နေကြတဲ့ ရုပ်သံဗီဒီယိုတွေ ပေါ်ထွက်လာပါတယ်။ ဝူဟန်မြို့က စားသောက်ဆိုင်တွေမှာ လင်းနို့စွပ်ပြုတ်ရောင်းချကြပြီး မြို့ခံတွေကလည်း ကျယ်ကျယ်ပြန့်ပြန့်ပဲ စားသောက်လာခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ လင်းနို့ကနေ စတင်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပြီးနောက်မှာ နိုင်ငံခြားရေးရုံးတွေက တစ်ကမ္ဘာလုံးကို မပြန့်ပွားစေရန် သက်ဆိုင်ရာ ဒေသတွင်းမှာရှိတဲ့ လင်းနို့တွေ ဝူဟန်ဒေသကို ရောက်မလာနိုင်အောင် တားဆီးဖို့နှိုးဆော်ထားပါတယ်။

လက်ရှိမှာတော့ မြို့တွင်းမှာတင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၅၇၀ ကျော်ရှိနေပြီး လူ ၁၇ ဦး သေဆုံးခဲ့ရပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လူတစ်ဦးကနေ တစ်ဦးကို လျှင်မြန်စွာ ကူးစက်တတ်တဲ့ ရောဂါလည်းဖြစ်ပါတယ်။

 

ဆက်စပ်သတင်းများ

>> ဝူဟန်ဗိုင်းရပ်စ်ကို သေစေနိုင်တဲ့နည်းလမ်းကို ပညာရှင်များတွေ့ပြီ

>> ဝူဟန်မြို့ကို အာဏာပိုင်များပိတ်လိုက်ပြီ မည်သူမှဝင်ထွက်ခွင့်မပြုတော့

 


23 Jan 2020     2,320 Views




RELATED

Most Popular of International News

Most Popular of NEWS