BEC-TERO TV

ဝူဟန်ဈေးထဲကနေ ကိုရိုနာဗိုင်းရပ်စ် စတင်ပေါက်ပွားခဲ့ရတဲ့ ဇစ်မြစ်

24 Jan 2020     562,514 Views


ကိုရိုနာဗိုင်းရပ်စ်အနွယ်ဝင် ဗိုင်းရပ်စ်တစ်မျိုး စဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့က သားငါးဈေးထဲမှာ နေ့စဉ်ရောင်းချ ဝယ်ယူစားသောက်နေတဲ့ သားငါးပုံရိပ်တွေ အွန်လိုင်းပေါ် ပျံ့လာခဲ့ပြီးနောက် အားလုံးကို အံ့အားသင့်သွားစေခဲ့ပါတယ်။

ဒီပုံတွေကို တွေ့လိုက်ရပြီးနောက်မှာ အခုလို ထူးဆန်းတဲ့ ဗိုင်းရပ်စ်တွေ ကူးစက်ပျံ့ပွားခံနေရတာ နည်းတောင် နဲသေးတယ်လို့ ပြစ်တင်ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။ ဝူဟန်ဈေးထဲမှာ ဝယ်လို့ရတဲ့ အသားတွေဟာ လူတွေအတွက် စားစရာလို့ တစ်ခါမှ မတွေးခဲ့မိဖူးတဲ့ အကောင်ဗလောင်တွေရဲ့ အသားတွေ ပါဝင်ပါတယ်။ ဒီအသားတွေဟာ ရံဖန်ရံခါမှ ရတာမဟုတ်ပဲ နေ့စဉ်ပုံမှန်ရတဲ့အတွက် တိရိစ္ဆာန်ပုံတွေနဲ့ ပေါက်ဈေးနှုန်း စာရင်းတွေကို ဆိုင်ရှေ့တွေမှာ ချိပ်ဆွဲထားတာကို တွေ့ရပါတယ်။

ဒီစာရင်းဇယားတွေထဲမှာ သတ္တဝါအမျိုးပေါင်း ၁၁၂ မျိုးလောက်ပါရှိပြီး မြေခွေး၊ ဖြူ၊ မြွေ၊ ခိုအားလား၊ မိကျောင်း၊ ကြွက်၊ ဒေါင်း တွေအပြင် တွင်းအောင်းသတ္တဝါတွေ အိမ်မွေးတိရိစ္ဆာန်တွေရဲ့ အသားတွေပါ ပါဝင်ပါတယ်။

ကြော်ငြာဆိုင်းဘုတ်မှာတော့ လတ်ဆတ်တဲ့အသားတွေကို အိမ်အရောက် ဝန်ဆောင်မှုနဲ့ ပို့ပေးပါမယ်လို့လည်း ရေးသားထားပါတယ်။

ဈေးထဲမှာဆိုရင် အချို့အသားတွေက ဝယ်သူလာမှ တိရိစ္ဆာန်ကို ချက်ခြင်းသတ်ပြီး လတ်လတ်ဆတ်ဆတ် ရောင်းချပေးပါတယ်။ ပုံမှာတော့ အိမ်မွေးခွေးလေးတွေကို လှောင်အိမ်ထဲထည့်ပြီး ဝယ်သူအလာမျှော်နေတဲ့ ဈေးသည်ကို တွေ့ရမှာပါ။

ဒါပေမယ့် ဈေးဟာ သန့်ရှင်းသပ်ရပ်မှုအားနည်းပြီး မျိုးနွယ်မတူတဲ့ သတ္တဝါတွေကို နီးနီးကပ်ကပ် ရောရှက်သတ်ဖြတ်ကြသလို ဈေးကလည်း အမြဲလိုလို လူတွေနဲ့ စည်ကားနေတဲ့ အတွက် ဗိုင်းရပ်တွေ ပေါက်ပွားဖို့ အကောင်းဆုံး ပင်မနေရာကြီးသဖွယ်ဖြစ်နေခဲ့ပါတယ်။

ဒီအကျိုးဆက်တွေကြောင့်ပဲ ဝူဟန်မြို့ရဲ့ သားငါးဈေးကြီးကနေ ဝူဟန်ဗိုင်းရပ်စ်တစ်မျိုး ပေါက်ပွားကာ တစ်ဆင့်ပြီးတစ်ဆင့် ကူးစက်နေရာက အခုဆိုရင် ထိန်းချုပ်ရခက်ခဲတဲ့ ကူးစက်ရောဂါဆိုးကြီးအဖြစ် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေပြီဖြစ်ပါတယ်။


24 Jan 2020     562,514 Views




RELATED

Most Popular of Special or Others

Most Popular of NEWS