BEC-TERO TV

လင်းနို့အသား စားကောင်းကြောင်းရိုက်ပြခဲ့တဲ့ အွန်လိုင်းဆယ်လီ ပြန်လည်တောင်းပန်

28 Jan 2020     1,449 Views


အကြီးအကျယ်ကူးစက်ပျံ့ပွားနေသည့် ဝူဟန်ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူတွေ တစ်နေ့တခြား မြင့်တက်လာနေပါတယ်။ ဝူဟန်ဗိုင်းရပ်စ်ဟု လူသိများသည့် ကိုရိုနာဗိုင်းရပ်စ်ဟာ လင်းနို့တွေမှာသာ တွယ်ငြိပေါက်ပွားတတ်ကြောင်း ဆေးသုတေသီများမှတ်ချက်ပြုခဲ့ပြီးနောက် အဆိုပါဗိုင်းရပ်စ်ပိုး လူတွေထံရောက်ရှိလာရခြင်းမှာ လင်းနို့စွပ်ပြုတ်တွေ မဆင်မခြင်စားသောက်လိ့ဖြစ်ကြောင်း ရုပ်သံတွေ ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

ဒီရုပ်သံတွေကို ရိုက်ကူတင်ဆက်ခဲ့တဲ့ တရုတ်အွန်လိုင်းမီဒီယာနဲ့ ရိုက်ကူးရေးမှာ ပါဝင်ကာ လင်းနို့သားစားပြခဲ့သူ တရုတ်ဆယ်လီအမျိုးသမီးတို့က အဆိုပါဗီဒီယိုအတွက် ပြန်လည်တောင်းပန်လိုက်ပါတယ်။

အဆိုပါရုပ်သံဟာ လွန်ခဲ့တဲ့ ၃ နှစ်က လင်းနို့သားက အရသာရှိကြောင်း ရိုက်ပြခဲ့တာဖြစ်ပါတယ်။ Wang Mangyun ဟာ နိုင်ငံတစ်ကာကို ခရီးထွက်တဲ့အကြောင်းတွေကို အွန်လိုင်းမှာ ရိုက်ကူးထုတ်လွှင့်ပြသနေသူဖြစ်ပါတယ်။ သံဟာ ၂၀၁၇ ခုနှစ်မှာ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ လင်းနို့သား စားပြတဲ့ရုပ်သံကို ရိုက်ကူးခဲ့စဉ်က လင်းနိုတွေဟာ ဒီဗိုင်းရပ်စ်ကိုသယ်ဆောင်နိုင်တယ်ဆိုတာ သူမ မသိရှိခဲ့ပါကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူနေ့က အွန်လိုင်းပေါ်ကနေ ပြန်လည်တောင်းပန်လိုက်ပါတယ်။

ဒီရုပ်သံကလည်း တရုတ်နိုင်ငံထဲမှာ ရိုက်တာမဟုတ်ပဲ ပစိဖိတ်အနောက်ဘက်ပိုင်းက ကျွန်းစုတစ်ခုဖြစ်တဲ့ ပလောကျွန်းမှာ လွန်ခဲ့တဲ့ သုံးနှစ်က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က သူတို့အဖွဲ့ဟာ ခရီးသွားခြင်းနဲ့ သက်ဆိုင်တဲ့ ရိုက်ကူးရေးလုပ်ရင်း ဒေသခံအစားအစာတွေကို မိတ်ဆက်ပေးခဲ့ရာ အဲဒီအထဲမှာ လင်းနို့စွပ်ပြုတ်ဟင်းလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒီရုပ်သံတွေကို ပြန်လည်ဖြုတ်ချခဲ့ပြီးဖြစ်ပေမယ့် တရုတ်အွန်လိုင်းသုံးသူတွေက ကူယူထားတဲ့ ရုပ်သံကို အွန်လိုင်းပေါ် ပြန်လည်တင်နေကြတာကြောင့် အွန်လိုင်းပေါ်မှာ ဆက်လက် ပျံ့နှံ့နေဆဲဖြစ်ပါတယ်။


28 Jan 2020     1,449 Views




RELATED

Most Popular of Special or Others

Most Popular of NEWS