BEC-TERO TV

ဝူဟန်က မြန်မာတွေနဲ့ ပက်သက်ပြီး သတင်းမှားတွေ မယုံကြရန်တောင်းပန်

28 Jan 2020     1,420 Views


တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသည့် ဝူဟန်ဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ရှိနေကြတဲ့ မြန်မာတွေနဲ့ ပက်သက်ပြီး တရားမဝင် အွန်လိုင်းသတင်းမီဒီယာ ဝဘ်ဆိုက်များမှ ထင်ကြေးပေးရေသားထားသော သတင်းအမှားတွေကို မယုံကြဖို့နဲ့ ဝူဟန်မြို့မှာ လက်ရှိပိတ်မိနေဆဲဖြစ်တဲ့ ဝူဟန်တက္ကသိုလ်ကျောင်းသူလေး တစ်ဦးက မြန်မာပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

ဝူဟန်မြို့က မြန်မာတွေ လေယာဉ်နဲ့ မန္တလေးကို ဆိုက်ရောက်ပြီး စစ်ဆေးမှုတွေပြုလုပ်မယ်ဆိုတဲ့ သတင်းအမှားတွေကြောင့် မြန်မာနိုင်ငံ (အထူးသဖြင့်) မန္တလေးမှ လူအချို့က သူမတို့ထံ မက်ဆေ့တွေပေးပို့ကာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာတွေ ခံနေရကြောင်း ဖော်ပြထားပါတယ်။

ဝူဟန်မြို့မှာ ပိန်မိနေတဲ့ မြန်မာတွေအတွက် လက်ရှိအခြေအနေမှာတော့ သက်ဆိုင်ရာ မြန်မာသံရုံးက အစွမ်းကုန်ကူညီပေးနေပေမယ့်လည်း မြန်မာပြည်ကို ပြန်ခေါ်လာနိုင်ဖို့က အတားအဆီးလေးတွေ ရှိနေပါသေးတယ်။

လက်ရှိမှာတော့ မြန်မာကျောင်းသားတွေ အားလုံး ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိသေးပဲ ကျန်းမာစွာနဲ့ သက်ဆိုင်ရာ အခန်းတွေမှာ နေထိုင်နေကြဆဲဖြစ်ပါတယ်။ ဒါပေမယ့် အစားအသောက် ပြတ်လပ်နေတဲ့ ပြသနာတွေကြောင့် စိတ်ဓါတ်မကျအောင် တစ်ယောက်ကိုတစ်ယောက် အားတင်းပြီး နေထိုင်နေကြရတဲ့ အခြေအနေရှိနေပါတယ်။ မြန်မာပြည်က မိသားစုတွေ စိတ်မပူရအောင် အဆင်ပြေပါတယ်လို့ ပြောထားရပေမယ့် သူတို့မှာတော့ အခက်အခဲတွေရင်ဆိုင်နေရတဲ့အတွက် အကူအညီမပေးနိုင်ရင်နေပါ ဒါပေမယ့် စိတ်ဓါတ်တွေကျသွားအောင်တော့ မနှောက်ယှက်ပါနဲ့လို့ ကျောင်းသူလေး မခင်သီရိသန့်ဇင် က သူမရဲ့ ဖေ့စ်ဘွခ်ပေါ်ကနေ တောင်းပန်လိုက်ပါတယ်။

ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ မြန်မာတွေအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ မိသားစုထံကို အမြန်ပြန်လာနိုင်ပါစေလို့ ပိုပိုလေး က ဆုတောင်းပေးလိုက်ပါတယ်။

သတင်း/ဓါတ်ပုံ : KhinThiriThantZin’s FB


28 Jan 2020     1,420 Views




RELATED

Most Popular of Special or Others

Most Popular of NEWS