BEC-TERO TV

ဝူဟန်ဗိုင်းရပ်စ်ဟာ ဓါတ်ခွဲခန်းကနေ လွတ်လာတာဖြစ်နိုင်တယ်ဟု သုတေသီများ သံသယဝင်

28 Jan 2020     1,529 Views


ဝူဟန်မြို့ ပင်လယ်စာ၊ သားငါးဈေးကြီးထဲကနေ စတင်ပျံ့ပွားခဲ့တဲ့ ဝူဟန်ဗိုင်းရပ်စ်ဟာ မိုင် ၂၀ ခန့်အကွာမှာသာရှိတဲ့ အထူးလုံခြုံရေးတင်းကျပ်ထားတဲ့ သုတေသနဓါတ်ခွဲခန်းကနေ လွတ်ထွက်သွားတာလားလို့ နိုင်ငံတစ်ကာက သိပ္ပံသုတေသီတွေက သံသယရှိနေပါတယ်။

သိပ္ပံနဲ့ပက်သက်တဲ့ နောက်ဆုံးရ သတင်းဂျာနယ်တွေကို ရေးသားဖော်ပြပေးနေတဲ့ Nature ဝဘ်ဆိုက်က ဝူဟန်မြို့မှာ ၂၀၁၇ ခုနှစ်က စတင်တည်ဆောက်ခဲ့တဲ့ ဓါတ်ခွဲခန်းအသစ်အကြောင်းကို ဖော်ပြရေးသားထားပါတယ်။ ဝူဟန်သားငါးဈေးနဲ့ မိုင် ၂၀ အကွာမှာသာရှိတဲ့ ဓါတ်ခွဲခန်းအသစ်ကြီးဟာ တရုတ်ပြည်တစ်လျှောက် ၅ ခုကနေ ၇ ခုထိ ဆောက်လုပ်ထားတဲ့ ဓါတ်ခွဲခန်းကြီးတွေထဲက တစ်ခုဖြစ်ပြီး ဇီဝလုံခြုံရေး အဆင့် ၄(BSL-4) ရှိကာ လုံခြုံရေးဆင့် အမြင့်ဆုံးဓါတ်ခွဲခန်းကြီးဖြစ်ပါတယ်။ ဒီဓါတ်ခွဲခန်းထဲမှာ အန္တရာယ်အရမ်းကြီးမားတဲ့ ရောဂါပိုးမွှားတွေဖြစ်တဲ့ အီဘိုလာဗိုင်းရပ်စ်နဲ့ အခြားအန္တရာယ်ကြီးမားတဲ့ ရောဂပစ္စယတွေကို စစ်တမ်းပြုလေ့လာရန် သိုလှောင်ထားတဲ့နေရာ ဖြစ်ပါတယ်။

ဓါတ်ခွဲခန်းနဲ့ ပြင်ပကို လေထု၊ ရေထု အစစအရာရာ အထပ်ထပ်သန့်စင်ခွဲခြားထားပါတယ်။ ဓါတ်ခွဲခန်းကို အသုံးပြုသူတွေ အပြင်ကို အဝင်အထွက် မလုပ်ခင်မှာ သန့်စင်မှုတွေ ပြုလုပ်ရပါတယ်။ သုတေသီတွေဟာလည်း ဓါတ်ခွဲခန်းကို သုံးပြီးတိုင်း အဝတ်လဲ၊ ရေချိုးသန့်စင်ကြရကြောင်း Nature က ဖော်ပြထားပါတယ်။ ဝူဟန်ဓါတ်ခွဲခန်း အသစ်ကြီးဟာ အီဘိုလာ၊ ဆားစ် နဲ့ အာဖရိကန် လာဆာဗိုင်းရပ်စ်တွေကိုပါ စမ်းသပ်ဖို့ ရည်ရွည်ချက်နဲ့ ထူထောင်ထားတာဖြစ်ပါတယ်။

အမေရိကန် မော်လီကျူးဇီဝဗေဒပညာရှင် Dr Richard Ebright က ဆားစ်ဗိုင်းရပ်စ်ဟာ ဝူဟန်ဓါတ်ခွဲခန်းမတိုင်မီက ဘေကျင်းမှာရှိတဲ့ လုံခြုံရေးမြင့် ဓါတ်ခွဲခန်းတွေကနေ အကြိမ်ကြိမ်လွတ်ထွက်သွားတာ ရှိခဲ့ဖူးကြောင်း သူသိသမျှအကြောင်းအရာကို ပြန်ပြောပြခဲ့ပါတယ်။ ဝူဟန်ဓါတ်ခွဲခန်းမှာလည်း အလားတူမျိုးသာ ဖြစ်ခဲ့မယ်ဆိုရင် မိုင် ၂၀ သာ ကွာတဲ့ ဝူဟန်ဈေးထဲကို ရောက်သွားနိုင်စရာ အကြောင်းရှိတယ်လို့ သိပ္ပံပညာရှင်တွေက သံသယရှိနေပါတယ်။ ဒီဇိုင်းရပ်စ်ဟာ သန္ဓေပြောင်းလဲပြီး လူရဲ့ခန္ဓာကိုယ်ထဲကို တိရိစ္ဆာန်နဲ့ လူသားထိတွေ့မှု ပုံစံတစ်ခုကနေ ကူးစက်ပျံ့နှံ့တာ ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင် အသိုင်းအဝိုင်းက ယုံကြည်နေကြပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ဒီအဖြစ်အပျက်ဟာ မှန်ကန်တယ်လို့ တရားဝင်  စွပ်စွဲပြောဆိုမှုတွေမရှိသေးသလို အတည်ပြုနိုင်ခြင်းလည်း မရှိသေးပဲ ဖြစ်နိုင်ချေ သံသယအချက်တစ်ချက်အဖြစ်သာ ရှိနေပါသေးသည်။


28 Jan 2020     1,529 Views




RELATED

Most Popular of Special or Others

Most Popular of NEWS