BEC-TERO TV

Kobe Bryant ရဲ့ မုဒိန်းမှုသတင်းကို ပြန်လည်မျှဝေတဲ့ သတင်းထောက်အား တာဝန်မှရပ်ဆိုင်း

28 Jan 2020     1,373 Views


ဇန်နဝါရီ ၂၆ ရက်နေ့က ဂန္တဝင်ဘတ်စကတ်ဘော ကစားသမား “ကိုဘီ ဘရိုင်ယန်”(Kobe Bryant) ဟာ သူရဲ့ အသက် ၁၃ နှစ်အရွယ် သမီးနဲ့အတူ ဇန်နဝါရီ ၂၆ ရက်နေ့က ရဟတ်ယာဉ်ပျက်ကျပြီး သေးဆုံးခဲ့ရသည့်သတင်းကြောင့် တစ်ကမ္ဘာလုံးက စိတ်မကောင်းဖြစ်ခဲ့ကြရသည့် အချိန်တွင် သည်ဝါရှင်တန်ပို့စ် သတင်းစာမှ နိုင်ငံရေးသတင်းထောက် Felicia Sonmez က အဓ္ဓမပြုကျင့်မှုဖြင့် တရားရင်ဆိုင်ခဲ့ရသည့် “ကိုဘီဘရိုင်ယန်” ရဲ့ အမှုဟောင်းကို တွစ်တာပေါ်မှာ ပြန်လည်တင်ခဲ့တဲ့အတွက် ပြဿနာတွေကြီးထွားလာကာ အလုပ်မှ ရပ်ဆိုင်းခြင်းခံလိုက်ရသည်။

သူမဟာ ၂၀၁၆ ခုနှစ် ဧပြီလက The Daily Beast သတင်းစာမှာ ဖော်ပြခဲ့သည့် “ကိုဘီဘရိုင်ယန် ရဲ့ စိတ်ပျက်စရာ မုဒိန်းမှု” ခေါင်းစဉ်ပါ သတင်းကို သူမရဲ့ တွစ်တာပေါ်မှာ ပြန်လည်ဝေမျှခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကို ဝေမျှပြီး သိပ်မကြာခင်မှာ လူပေါင်း ၁၀,၀၀၀ လောက်က သူမထံကို အီးမေးလ်၊ မက်ဆေ့ချ်တွေ ပေးပို့ပြီး ဆဲဆိုကာ အသက်ကိုလည်း ခြိမ်းခြောက်ခဲ့ကြကြောင်း သိရပါတယ်။

သူမက ဒီသတင်းဟာ သူမရေးထားတဲ့ သတင်းမဟုတ်ကြောင်း ရှင်းပြပေမယ်လည်း အွန်လိုင်းသုံးသူတွေက အခုလို ဝမ်းနည်းစရာအဖြစ်ဆိုးနဲ့ သေဆုံးသွားရတဲ့ ဂန္တဝင်အားကစားသမားတစ်ယောက်ကို ဂုဏ်သိက္ခာညှိုးနွမ်းအောင်၊ ကျန်ရစ်သူတွေ မျက်နှာငယ်အောင် လုပ်တယ်လို့ ပြောဆိုဝေဖန်ပြီး တွစ်တာပေါ်မှာ #FireFeliciaSonmez ဆိုပြီး ဟက်ရှ်တက်ခ်နဲ့ ကမ်ပိန်းလုပ်ကြတော့မှ ဒီသတင်းပို့စ်ကို ပြန်လည်ဖြုတ်ချခဲ့ပါတယ်။

ဒီဖြစ်ရပ်အတွက် The Washington Post သတင်းစာမှ မန်နေဂျာအယ်ဒီတာ Tracy Grant က Felicia Sonmez ကို သတင်းထောက်ရာထူးမှ ရပ်ဆိုင်းလျော့ချထားပြီး ဒီကိစ္စအပေါ် လူမှုကွန်ယက်ဆိုင်ရာ နည်းဥပဒေနဲ့ ပြန်လည်သုံးသပ်မယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

Sonmez မျှဝေခဲ့တဲ့ သတင်းထဲလင့်ခ်ထဲမှာ ၂၀၀၃ ခုနှစ်က ဘရိုင်ယန် ကို မုဒိန်းမှုနဲ့ စွဲချက်တင်ခဲ့တဲ့ သတင်းအပြည့်အစုံပါဝင်ပါတယ်။ အဲဒီအချိန်တုန်းက ဘရိုင်ယန်ဟာ အသက် ၂၇ နှစ်ဖြစ်ပြီး ကော်လိုရာဒိုဟိုတယ်က အသက် ၁၉ နှစ်အရွယ် ဝန်ထမ်းမိန်းကလေးကို အဓ္ဓမပြုကျင့်တယ်လို့ စွပ်စွဲတိုင်ကြားခံခဲ့ရတာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဘရိုင်ယန် ဘက်က တောင်းပန်ကြောင်း တရားဝင်စာထုတ်ခဲ့တဲ့အတွက် တရားလိုဘက်က အမှုကိုပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။ ဒီအကြောင်းတွေကို အချိန်ကိုက် ပြန်လည်ဝေမျှခဲ့တဲ့အတွက် Felicia Sonmez ရဲ့ လုပ်ရပ်ကို ဝိုင်းဝန်း ပြစ်တင်ဝေဖန်နေကြပြီး ခြိမ်းခြောက်မှုတွေလည်း ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သိရသည်။

“ကိုဘီဘရိုင်ယန်” ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နံနက်ပိုင်းက သမီးဖြစ်သူနဲ့အတူ ရဟတ်ယာဉ်စီးသွားစဉ် ရာသီဥတုဆိုးရွားမှုကြောင့် လော့အိန်းဂျလိစ်မြို့အပြင်ဘက် တစ်နေရာတွင် ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၉ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။


28 Jan 2020     1,373 Views




RELATED

Most Popular of International News

Most Popular of NEWS