BEC-TERO TV

ဝူဟန်သို့ ကယ်ဆယ်ရေး လေယာဉ်များ ဂျပန် နဲ့ တောင်ကိုရီးယား စေလွှတ်

28 Jan 2020     1,435 Views


ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့က ဝူဟန်မြို့တွင် ပိတ်မိနေသော သူတို့၏ နိုင်ငံသားများအား ကယ်ထုတ်ရန် ကယ်ဆယ်ရေး လေယာဉ်ပျံများ စေလွှတ်သွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံလုံးရဲ့ ဝန်ကြီးချုပ်များက ဇန်နဝါရီ ၂၈ ရက်နေ့က အတည်ပြုပြောကြားလိုက်သည်။

တောင်ကိုရီးယားဝန်ကြီးချုပ် Chung Sye-kyun

တောင်ကိုရီးယားလေယာဉ်သည် ဝူဟန်မြို့သို့ ကြာသပတေးနေ့ အစောပိုင်းတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Chung Sye-kyun က ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေး ဝန်ကြီးများအဆင့် အစည်းအဝေးပွဲတွင် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံက အင်္ဂါနေ့မှာပင် ဝူဟန်သို့ လေယာဉ်တစ်စင်း စေလွှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးချုပ် Toshimitsu Motegi

ကျွန်တော်တို့ အပြီးသတ် တိုင်ပင်ဆွေးနွေးပြီးပါပြီ၊ တရုတ်နိုင်ငံဘက်က လေယာဉ်တစ်စင်းကို ခွင့်ပြုပေးဖို့ အဆင်သင့်ဖြစ်နေပါပြီလို အကြောင်းပြန်ပါတယ်။ လေဆိပ်မှာ လ်ုအပ်တဲ့ လုံခြုံရေးအစီစအမံတွေ လုပ်ထားပြီးပါပြီ” ဟု ဂျပန် နိုင်ငံခြားရေးဝန်ကြီးချုပ် Toshimitsu Motegi က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ညနေမှာ ဝူဟန်လေဆိပ်ကို ပထမဦးဆုံး လေယာဉ်တစ်စင်း စလွှတ်ပါမယ်၊ လိုအပ်တဲ့ ကာကွယ်ရေး ပစ္စည်းတွေ၊ နှာခေါင်းစည်းတွေ အားလုံးကို ဂျပန်နိုင်ငံသားတွေအတွက် ထည့်ပေးလိုက်မှာပါ” လို့ ဆိုပါတယ်။

အဆိုပါဒေသမှာ ဂျပန်နိုင်ငံသား ၆၅၀ လောက်ရှိပြီး ဂျပန်နိုင်ငံကို ပြန်လာဖို့ ဆောင်းဆိုထာသူ ၂၀၀ ခန့် ရှိကြောင်း သိရသည်။ တရုတ်အစိုးရ၊ ကြားခံအေဂျင်စီတွေကနေတစ်ဆင့် အိမ်ပြန်လာဖို့ ဆန္ဒရှိနေကြတဲ့ ဂျပန်နိုင်ငံသားတွေအားလုံးကို အတတ်နိုင်ဆုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်ရောက်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဝူဟန်ကနေ ပြန်လာတဲ့ လေယာဉ်ဟာ ဂျပန်နိုင်ငံကို ဗုဒ္ဓဟူးနေ့ နံနက်စောစောပိုင်းမှာ ဆိုက်ရောက်မယ်လို့ ခန့်မှန်းထားပြီး ကျန်းမာရေး စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဝူဟန်က ပြန်လာတဲ့ လူတွေကို ထိန်းသိမ်းဖစာင့်ကြည့်ထားဖို့ အစီစဉ်မရှိသေးကြောင်း သိရသည်။

လေယာဉ်ပေါ်မှာ ဆရာဝန်၊ သူနာပြု၊ ရောဂါကာကွယ်ထိန်းသိမ်းရေးအရာရှိအပါအဝင် ခရီးသည်တွေကို ကြည့်ရှုစောင့်ရှောက်ဖို့ လူ ၄ ဦး ထည့်ပေးလိုက်မှာဖြစ်ပြီး အိမ်ပြန်လမ်းတစ်လျှောက်လုံး စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်သွားမှာ ဖြစ်ကြောင်း AFP သတင်းတွင်ဖော်ပြပါရှိသည်။


28 Jan 2020     1,435 Views




RELATED

Most Popular of International News

Most Popular of NEWS