BEC-TERO TV

တရုတ်ကလက်မခံသဖြင့် ကယ်ဆယ်ရေးအစီစဉ် ထိုင်းဆိုင်းငံ့ထားရ

28 Jan 2020     1,398 Views


တရုတ်နှင့် ထိုင်းအစိုးရအကြား အနီးကပ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဝူဟန်မြို့တွင် ပိတ်မိနေသော ထိုင်းနိုင်ငံသားများကို ကယ်ဆယ်မည့်အစီစဉ်ကို ခေတ္တဆိုင်းငံ့ထားကြောင်း လက်ထောက် အမြဲတမ်းအတွင်းရေးမှူး ‘တာနာဝက်စ်ကိုဆစ်’ က ပြောကြားလိုက်သည်။ ထိုင်းနိုင်ငံ၏ အလျှင်အမြန်တုံပြန်ဆောင်ရွက်ရေးစင်တာ (RPC) က တရုတ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ကယ်ဆယ်ရေး အစီအမံများကို စီစဉ်ထားခြင်းဖြစ်သည်။

နှစ်နိုင်ငံအချက်အလက်ဖလှယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးနောက် တရုတ်အစိုးအရအနေနဲ့ ထိုင်းနိုင်ငံသားများကို ကောင်းမွန်စွာစောင့်ရှောက်ဖို့ ဆွေးနွေးခဲ့ကြောင်း ‘တာနာ’ က ပြောဆိုခဲ့သည်။

တရုတ်အစိုးအရအနေနဲ့ ထိုင်းနိုင်ငံသားများကို စောင့်ရှောက်မှုပေးနိုင်မည်ဟု ယုံကြည်မှုရှိကြောင်းနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကိုလည်း ထိန်းသိမ်းနိုင်လိမ့်မည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံက လက်ရှိပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ကို ထိန်းသိမ်းနိုင်ဖို့အတွက် ဝူဟန်မြို့ကို ဝင်ရောက်ဖို့ တင်းကျပ်စွာတားမြစ်ထားပါတယ်။ ထိုင်းနိုင်ငံအနေနဲ့လည်း လိုအပ်လို့ချမှတ်ထားတဲ့ လုံခြုံရေးအစီအမံတွေကို ပူးတွဲလိုက်နာဆောက်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ C-130 လေယာဉ်ကို လူတွေကယ်ဆယ်ဖို့ မလွှတ်နိုင်တော့ပါဘူး၊ ဒါပေမယ့် အခြေအနေတွေ လမ်းညွှန်ချက်တွေကို မပြတ်စောင့်ကြည့်နေပြီး လိုအပ်လို့ ကယ်ဆယ်ရေးတွေလုပ်ရမယ်ဆိုရင် အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားဖို့လိုပါတယ်” လို့ ‘တာနာ’ က ပြောကြားခဲ့ပါတယ်။

ဘေဂျင်းမှာရှိတဲ့ ထိုင်းသံရုံးကလည်း ထိုင်းလူမျိုးတွေအနေနဲ့ လူထူထပ်တဲ့နေရာတွေ ရောဂါပိုးကူးစက်နိုင်မယ်လို့ သံသယရှိတဲ့နေရာတွေကို ရှောင်ကျဉ်ကြဖို့ ထုတ်ပြန်ကြေညာထားကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဝူဟန်မြို့မှာ ထိုင်းလူမျိုး ၆၄ ဦးရှိပြီး ၄၉ ယောက်က ကျောင်းသားတွေဖြစ်ပါတယ်။ ဟူဘေပြည်နယ်ရဲ့ အခြားမြို့တွေမှာလည်း ထိုင်းလူမျိုး ၁၈ ဦး ရှိနေပါသေးတယ်။

သံရုံးက ထိုင်းလူမျိုးတွေအတွက် အထောက်အပံ့ပစ္စည်းတွေ၊ အစားအသောက်တွေ ပေးပို့ခဲ့ပေမယ့် တရုတ်အစိုးရက ခွင့်မပြုတဲ့အတွက် လူတွေရဲ့ လက်ထဲကို မရောက်နိုင်ခဲ့ပါဘူး။ ဝူဟန်မြို့မှာ ရှိတဲ့ ထိုင်းတွေဟာ WeChat ကနေ တစ်ဆင့် ထိုင်းသံရုံးနဲ့ ဆက်သွယ်မှုရှိနေပြီး ထိုင်းကျန်းမာရေးဝန်ကြီးဌါနကလည်း လမ်းညွှန်ချက်တွေ အကြံဉာဏ်တွေ ပေးပို့နေကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြပါရှိသည်။


28 Jan 2020     1,398 Views




RELATED

Most Popular of International News

Most Popular of NEWS