BEC-TERO TV

ဆီကြော်စာ အလွန်ကြိုက်သူများ စောစောအသက်တိုနိုင်

04 Feb 2020     1,859 Views


ဆီကြော်နည်းနဲ့ ချက်ထားတဲ့အစားအစာတွေ(ဆီကြော်စာ) များများစားခြင်းက တခြားနည်းနဲ့ချက်ထားတဲ့ အစားအသောက်တွေကို စားတာထက် ရောဂါတိုးစေပြီး အချိန်မတိုင်မိသေဆုံးရနိုင်တဲ့ထိ ကျန်းမာရေးအန္တရာယ်မြင်းမားကြောင်း ဗြိတိန်နိုင်ငံထုတ် ကျန်းမာရေးဂျာနယ်တွင် ဖော်ပြထားသည်။
 
 
BMJ (British Medical Journal) ရဲ့ထုတ်ပြန်ချက်အရ ဆီကြော်စာတွေဖြစ်တဲ့ ကြက်ကြော်၊ ဝက်ကြော်၊ ငါးကြော်၊ ပုစွန်၊ ခရု၊ ကင်းမွန် အစရှိတာတွေကို များများစားပါက နှလုံး နှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်နိုင်ချေအခွင့်အလမ်း အလွန်များတယ်လို့ ဆိုထားပါတယ်။ အထူးသဖြင့် အသက် ၅၀ ကနေ ၆၅ နှစ်ကြား မီးယပ်သွေးဆုံးတဲ့ အမျိုးသမီးကြီးတွေမှာ ပိုပြီးဖြစ်နိုင်ချေများပါတယ်။
 
 
ဆီကြော်စာတွေကို လမ်းဘေးဆိုင် သေးသေးလေးကအစ စားသောက်ဆိုင်အကြီးတွေအထိ နေရာတိုင်းမှာ လွဘ်လွဘ်ကူကူ တယ်စားလို့ရနိုင်ပါတယ်။ အခုခေတ်မှာဆိုရင် နိုင်ငံခြားက Fast Food လို့ခေါ်တဲ့ အလွယ်တစ်ကူနဲ့ မြန်မြန်စားနိုင်တဲ့ အစားအသောက်တွေလည်း အမျိုးပေါင်းစုံ ဝင်လာနေပါပြီ။ Fast food တွေဟာ စျေးနှုန်းလည်း သက်သာ၊ အရသာလည်းကောင်းပြီး လူမျိုးဘာသာမရွေး စားသုံးနိုင်တာကြောင့် ပို၍ပို၍ ခေတ်စားလာနေပါတယ်။ ဒီအချက်တွေကြောင့်ပဲ ဆီကြော်စာဟာ လူကြိုက်များတဲ့အစားအစာတွေထဲမှ ထိပ်ဆုံးနေရာမှာ ရပ်တည်နေခဲ့တာ နှစ်ပေါင်းကြာနေခဲ့ပါပြီ။
 
ဆီကြော်စာ စားသောက်မှုနဲ့ပက်သက်ပြီး အမေရိကန်နိုင်ငံက အသက် ၅၀ ကနေ ၇၉ နှစ်ကြား အမျိုးသမီးကြီးပေါင်း ၁၀၉,၉၉၆ ဦးကို သုတေသနလေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 
သူတို့အားလုံးရဲ့ နေထိုင်မှုပုံစံ၊ အစားအသောက်၊ ပညာအရည်အချင်း၊ ဝင်ငွေနဲ့ တခြားသောအချက်အလက်တွေကိုပါ လေ့လာပြီး သုတေသနပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအမျိုးသမီးကြီးတွေထဲမှာ ၃၁,၅၈၈ ဦးဟာ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ သေဆုံးခဲ့သူ ထဲမှာမှ သေဆုံးသွားခဲ့ပါတယ်။ ကျန်တဲ့ ၁၃,၈၈၀ ဦးကတော့ တခြားအကြောင်းအရင်းတွေနဲ့ ကွယ်လွန်ခဲ့တာပါ။ 
 
 
သုတေသနပြုထားချက်အရ ဆီကြော်စာတွေ အမြဲတမ်းစားလေ့ရှိသူဟာ နှလုံးရောဂါနှင့် သွေးကြောဆိုင်ရာရောဂါတွေ ဖြစ်နိုင်ချေနဲ့ ပတ်သက်တဲ့ ဆက်နွယ်မှုတွေကို တွေ့ရှိရတယ်။ ဆီကြော်စာ နေ့တိုင်းစားတဲ့သူဟာ မစားတဲ့သူနဲ့ယှဉ်လျှင် ရောဂါဖြစ်နိုင်ချေ ၈% ပိုများနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ကြက်ကြော် တစ်နေ့တစ်တုံး သို့မဟုတ် တစ်တုံးထက်ပိုပြီး စားတဲ့သူဟာ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါတွေအပြင် တခြားသောရောဂါတွေပါ ဖြစ်နိုင်ချေက ၁၃% ထိ ပိုများတယ်လို့လည်း သိရပါတယ်။
 
ဒါပေမယ့် သုတေသန လေ့လာတွေ့ရှိချက်မှာတော့ ဆီကြော်စာနဲ့ ကင်ဆာရောဂါနဲ့ ဆက်နွယ်နေမှုကိုတော့ မတွေ့ရှိခဲ့ပါဘူး။ အဆိုပါလေ့လာတွေ့ရှိချက်ဟာ အမေရိကန်နိုင်ငံထဲမှာ နေထိုင်ကြတဲ့ အမျိုးသမီးများအပေါ်မှာ အခြေတည်ပြီး သုတေသနပြုထားတာကြောင့် အခြားနိုင်ငံက လူတွေအပေါ်မှာရော ထပ်တူကျနိုင်မလားဆိုတာကိုတော့ အခိုင်အမာပြောလို့ မရသေးပါဘူး။
 
မည်သို့ပင်ဖြစ်စေကာမူ ဆီကြော်စာတွေကို လျှော့နိုင်သလောက် လျှော့စားပြီး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ပိုပြီးစားပေးသင့်ပါတယ်။ အစာအာဟာရ အုပ်စု ၅ ခုစလုံး စုံလင်အောင်စားပြီး စနစ်တကျ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ပေးပါက အသက်တိုခြင်းမှ ကင်းဝေးပြီး ပျော်ရွှင်ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

04 Feb 2020     1,859 Views




RELATED

Most Popular of Health Fix

Most Popular of Life Style