BEC-TERO TV

သက္ကရာဇ် ၂၀၂၀ အတွက် စိတ်ကျန်းမာရေး နည်းလမ်းကောင်း(၅)သွယ်

04 Feb 2020     1,430 Views


၂၀၂၀ နှစ်ဦးရဲ့အစက ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်း ဆိုသလိုပင် ရာသီဥတုဖောက်ပြန်မှုတွေ၊ ကပ်ရောဂါတွေကြောင့် လူတွေမှာ စိုးရိမ်သောက ဖြစ်ကြရပါတယ်။ ဒါ့အပြင် တစ်ဦးခြင်းစီမှာ ပုဂ္ဂလိကဆိုင်ရာ ပြဿနာလေးတွေလည်း ရှိနေနိုင်သေးတာကြောင့် ၂၀၂၀ ဟာ ခက်ခဲတဲ့ နှစ်တစ်နှစ်လို့ မြင်ကောင်း မြင်သွားပါလိမ့်မယ်။
 
ဒါကြောင့် ၂၀၂၀ မှာ ပြဿနာတွေ အခက်အခဲတွေကို ကျော်လွှားပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စရာ နှစ်တစ်နှစ်ဖြစ်အောင် ကျော်ဖြတ်နိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြလိုက်ရပါတယ်။ အခုဖော်ပြမယ့် နည်းလမ်းတွေက သိပ္ပံနည်းကျကျ လေ့လာဆန်းစစ်ထားနဲ့ နည်းတွေဖြစ်လို့ လိုက်နာကျင့်သုံးမယ်ဆိုရင် အကျိုးရှိမှာ အမှန်ဖြစ်ပါတယ်။
 

အကောင်းမြင်စိတ်မွေးပါ

 
အရေးကြီးဆုံး တစ်ချက်က မိမိကိုယ်မိမိ အပြစ်မတင်လိုက်နဲ့။
၂၀၁၉ ခုနှစ်က Boston University ရဲ့ သုသေသန လေ့လာတွေ့ရှိချက်အရ အကောင်းမြင်ခြင်း ဆိုတာ နေ့စဉ်ကြုံတွေ့ရတဲ့ အကြောင်းအရာတွေကို ဂရုမစိုက်တာ၊ လျစ်လျူရှုလိုက်တာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ဒီပြဿနာက ငါ့မှာသာဖြစ်ခဲ့မယ်ဆိုရင်လို့ တွေးကြည့်လျှင် တစ်ခုခုမှတ်သားစရာရရှိပြီး ရင့်ကျက်လာပါလိမ့်မယ်။
 
အကောင်းမြင်ခြင်းဟာ လေ့ကျင့်ပေးလို့ရပါတယ်။ စင်ကြယ်တဲ့အမြင်ဝါဒ (အကောင်းမြင်စိတ်) ရှိခြင်းဟာ နှလုံးရုတ်တရက် ဖောက်ပြန်သေဆုံးခြင်းနဲ့ ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ချေကို ၃၅% အထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ အကောင်းမြင်စိတ်ဟာ ဦးနှောက်ဖွဲ့စည်းပုံနဲ့ ဆင်ခြင်တုံတရားကို သက်ရောက်မှုရှိစေတဲ့ အရေးကြီးတဲ့ သော့ချက်တစ်ခုလည်း ဖြစ်ပါတယ်။
 
စိတ်ကူးယဉ်ဆန်တဲ့ အတွေးကို လေ့ကျင့်ပေးရတာဖြစ်ပြီး တစ်ပတ်မှာ ၁၅ မိနစ်ခန့်၊ ၆ လကြာ လေ့ကျင့်ပေးရပါတယ်။ ဒီလေ့ကျင့်နည်းဟာ ‘Best Possible Self’ ကိုယ့်ကိုယ်ကို အကောင်းဆုံး တိုးတက်ပြောင်းလဲလာအောင်လုပ်တဲ့ နည်းလမ်းဖြစ်တယ်လို့ စိတ်ကျန်းမာရေးပညာရှင် Richard Davidson က ဆိုပါတယ်။
 

ပရဟိတစိတ်ဓါတ်မွေးမြူပါ

 
‘ပေးဆပ်ခြင်းသည်ရရှိခြင်းဖြစ်သည်’ ဟု San Francis ဆရာတော်ကြီးက မိန့်ကြားခဲ့ဖူးပါတယ်။ ဒီအဆိုအမိန့်ဟာ သိပ္ပံပညာနဲ့ ဆက်နွယ်မှုရှိနေတာတွေ့ရပါတယ်။ သုတေသီတွေရဲ့ လေ့လာချက်အရ သူတစ်ပါးထံမှ ပြန်လည်ရယူလိုခြင်းမပါတဲ့ စိတ်ရင်းနဲ့ ကူညီခြင်းဟာ ဦးနှောက်ကနေပြီး ပျော်ရွှင်စေတဲ့ ဓါတ်တစ်မျိုးကို အလိုလျှောက် ထုတ်လုပ်ပေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတစ်ပါးကို ထပ်မံကူညီချင်တဲ့စိတ်ကလေးတွေ ဆက်တိုက် ဖြစ်ပေါ်စေပါတယ်။
အများကြီးမဟုတ်ပဲ နည်းနည်းလောက်ဖြစ်ဖြစ် အခုလိုမျိုး စိတ်ထားရင် စိတ်ဖိစီးမှုနှင့် စိတ်ကျခြင်းဝေဒနာကို သက်သာလျှော့နည်းစေတာ တွေ့ရတယ်။ အထူးသဖြင့် မိဘမဲ့ကလေးတွေကို သွားရောက် လှူဒါန်းတဲ့ခံစားချက်က စိတ်ရဲ့ပျော်ရွှင်မှုကို ပိုပြီးဖြစ်စေတယ်။
 

ကျေးဇူးတရားသိတတ်နားလည်ခြင်း

 
ကျေးဇူးတရား သိတတ်နားလည်ခြင်းဟာ စိုးရိမ်ကြောင့်ကြမှုနဲ့ စိတ်ကျခြင်းကို လျှော့ကျစေနိုင် တယ်။ ဒါ့အပြင် ကိုယ့်ပတ်ဝန်းကျင် အနီးနားကလူတွေကိုလည်း အကောင်းမြင်လာစေနိုင်ပါတယ်။ ကိုယ်ဖြတ်သန်းရတဲ့ တစ်နေ့တာဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ ကောင်းမွန်တဲ့ အကြောင်းအရာတွေ၊ ကြည်နူးမှတ်သားဖွယ်ရာတွေ၊ ကျေးဇူးတင်စကားတွေ၊ ကိုယ့်ကိုအကူအညီပေးခဲ့တဲ့လူတွေ၊ ဘဝမှာကျေးဇူးတင်ထိုက်တဲ့လူတွေ၊ ဘယ်လောက်ပဲ သေးငယ်တဲ့ကိစ္စမျိုးမဆို ညဘက်အိပ်ယာမဝင်ခင် အချိန်လေးမှာ နေ့စဉ်မှတ်တမ်း အဖြစ်နဲ့ မှတ်သားထားပေးပါ။
 

လူမှုဆက်ဆံရေးတွေပိုမိုလုပ်ပါ

 
မိသားစု၊ သူငယ်ချင်း၊ ကိုယ့်အနီးနားကလူတွေနဲ့ ဆက်ဆံရေးကောင်းတဲ့လူ ဟာ ဆက်ဆံရေးမကောင်းတဲ့လူတွေနဲ့စာလျှင် စိတ်ရောကိုယ်ပါ ကျန်းမာရေးပိုကောင်းပြီး အသက် လည်းပိုရှည်တာတွေ့ရကြောင်း ဟားဗတ်တက္ကသိုလ်က စိတ်ကျန်းမာရေးဆရာဝန် Robert Waldinger က TED Talks မှာ ပြောကြားခဲ့ဖူးပါတယ်။
သူဟ ဟောက်စ်တန်မြို့က အမျိုးသား ၇၂၄ ဦးကို နှစ်ပေါင်း ၇၅ နှစ်ကြာ သုတေသန ပြုလုပ်ခဲ့တယ်။ နောက်ပိုင်းမှာလည်း ဒီအမျိုးသားတွေရဲ့ သားသမီး၊ ဇနီးမယား နောက်ထပ်အယောက် ၂,၀၀၀ ကျော်ကို လိုက်လံစစ်တမ်းကောက်တဲ့အခါ ရလဒ်က အချစ်မပါတဲ့အိမ်ထောင်ရေးတစ်ခုဟာ သဘောထားကွဲလွဲမှုတွေ၊ ကွာရှင်းမှုတွေ၊ စိတ်ဆင်းရဲမှုတွေနဲ့ကြုံတွေ့ပြီး ကျန်းမာရေးကိုလည်း ထိခိုက်စေတာတွေ့ရတယ်။ ဒါပေမယ့် မိသားစုဝင်ချင်း ဆက်ဆံရေးကောင်းမွန်ပြီး နွေးထွေးမှုရှိတဲ့မိသားစုတွေက စိတ်ရောကိုယ်ပါ ကျန်းမာရေး ကောင်းမွန်နေတာ တွေ့ရှိရပါတယ်။
 

ဘဝရည်မှန်းချက်ထားပါ

 
ကိုယ့်ဘဝအတွက် ရည်မှန်းချက်ထားမှသာ ဘဝက ပို၍ပျော်ရွှင်စရာကောင်းပါတယ်။ ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်က စိတ်ကျန်းမာရေးဆရာဝန် Martin Seligman က လူတိုင်းမှာ ဘာသာရေး၊ လူမှုရေး၊ မိသားစုနဲ့ တခြားအရေးကြီးတဲ့ အကြောင်းအရာတွေပါဝင်တဲ့ ဘဝရည်မှန်းချက်ဆိုတာ ကိုယ်စီရှိကြပါတယ်လို့ ဆိုပါတယ်။
 
Happiness: Lessons From a New Science  စာအုပ်ထဲမှာ ဖော်ပြထားတာ တစ်ခုကတော့ အကယ်၍ သင့်ဘဝရဲ့အဓိကရည်မှန်းချက်ဟာ အကောင်းတကာ့ အကောင်းဆုံးဖြစ်ရမယ်လို့ ပြဌါန်းထားမယ်ဆိုရင် စိတ်ဖိစီးမှုတွေများလာပါလိမ့်မယ်။ ဒီစိတ်ကြောင့်ပဲ အထီးကျန်သလိုခံစားလာရပြီး အကြီးအကျယ်စိတ်ပျက်မှုတွေဆီကိုသာ ဦးတည်သွားပါလိမ့်မယ်။
ကျွန်တော်တို့တွေဟာ တစ်ခုခု ပိုကောင်းတာတွေ ကြုံတွေ့လာဖို့ အသက်ရှင်နေကြတယ်ဆိုတာကို မမေ့သင့်ပါဘူး။ ဒါမှသာ ဘဝမှာ ကြုံတွေ့နေရတဲ့ဖိအား တွေကို လျှော့ကျစေမှာဖြစ်ပါတယ်။

04 Feb 2020     1,430 Views




RELATED

Most Popular of Health Fix

Most Popular of Life Style