BEC-TERO TV

ကိုရိုနာဗိုင်းရပ်ဖြစ်နေလည်း နောက်ဆုံးအချိန်ထိ ခွဲမသွားတဲ့ အဖိုးနဲ့အဖွား

13 Feb 2020     1,612 Views


အချစ်ဆိုတာကို မည်သို့ပင်အဓိပ္ပါယ်တွေ ဖွင့်ဆိုနေကြပါစေ၊ သက်ဆုံးတိုင်းရိုးမြေကျ ကြင်ကြင်နာနာနဲ့ တစ်ယောက်ကို တစ်ယောက် နောက်ဆုံးအချိန်ထိ ဖေးမသွားတဲ့ အချစ်မျိုးကသာ ပြီးပြည့်စုံတဲ့ အချစ်စစ်စစ်ဖြစ်ပါတယ်။

ချစ်သူလင်မယား စုံတွဲတိုင်း ဒီလိုအချစ်စစ်စစ်မျိုးနဲ့ တစ်ယောက်ကို တစ်ယောက် မပေးဆပ်နိုင်ကြပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံက အဖိုးနဲ့အဖွားကတော့ အချစ်စစ်ဟာ ဘာလဲဆိုတာကို သက်သေပြသွားခဲ့ပါတယ်။

အသက်ကြီးရင့်လှနေပြီဖြစ်တဲ့ အဖိုးနဲ့ အဖွားလင်မယားဟာ ကံမကောင်း အကြောင်းမလှစွာနဲ့ နှစ်ယောက်စလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ဆေးရုံတက်နေရပါတယ်။

အဖိုးအိုက အသက် ၈၇ နှစ်ရှိပြီး အဖွားအိုကတော့ အသက် ၈၃ နှစ်ရှိပါပြီ။ သူတို့နှစ်ဦးစလုံးကို တစ်နေရာစီမှာ ရောဂါထိန်းချုပ်ရေး အစီအမံနဲ့ နေ နေကြရပါတယ်။ တစ်ရက်မှာတော့ အဖွားအိုဟာ လုံးဝ အစားမစားတော့ပါဘူး။ ဆရာဝန်၊ ဆရာမတွေ ကျန်းမာရေး ဝန်ထမ်းတွေက ဘယ်လောက်ပဲ ချော့ကျွေးကျွေး မစားတော့ပါဘူး။

နောက်ဆုံးမှာ အဖိုးအိုကို အကူညီတောင်းရပါတော့တယ်။ အဖိုးအိုရောက်လာပြီး ကုတင်ပေါ်မှာ ဝေဒနာခံစားနေရတဲ့ ဇနီးဖြစ်သူကို စိတ်မကောင်းစွာကြည့်ရင်း သူမရဲ့နံဘေးမှာ ထိုင်ကာ ချော့မော့ပြောဆိုပြီး ကျွေးတော့မှ နောက်ဆုံးမှာ အစားပြန်စားတာကို တွေ့လိုက်ရပါတယ်။

ဒီရုပ်သံကို ကြည့်လိုက်ရတဲ့ အချိန်ခဏလေးဟာ မျက်ရည်ဝဲစရာကောင်းပြီး အချစ်နဲ့ သံယောဇဉ် အတိမ်အနက်ကို နက်ရှိုင်းစွာခံစားလိုက်မိပါတယ်။

တစ်ဦးအပေါ်တစ်ဦး သစ္စာထားပြီး ချစ်ကြတဲ့ အဖိုးနဲ့အဖွား ကိုရိုနာဗိုင်းရပ်စ် ပျောက်ကင်းပြီး သက်ဆုံးတိုင် ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


13 Feb 2020     1,612 Views




RELATED

Most Popular of Special or Others

Most Popular of NEWS