BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်နေထိုင်ရန် နည်းလမ်းကောင်းများ

17 Feb 2020     1,423 Views


ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုအန္တရာယ် မြင့်မားနေချိန်မှာ ကူးစက်ပြန့်နှံ့မှု မဖြစ်ပွားအောင် နှာခေါင်းစည်း တပ်ဆင်ထားရုံဖြင့် မလုံလောက်ပါ။ ကျွန်မတို့ရဲ့ နေ့စဉ် နေထိုင်လုပ်ကိုင်နေကြတဲ့ လူနေမှုပုံစံအချို့ကိုလည်း ပြုပြင်သင့်ပါသည်။
 
မိသားစု၊ သူငယ်ချင်းများနဲ့ ထမင်းဝိုင်းဖွဲ့စား‌သောက်ရာတွင် ရှေးယခင်ကလို လက်ရည်တပြင်တည်း ပုံစံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်မှုအန္တရာယ် အမျာကြီးရှိ‌နေပါတယ်။ 
ထမင်းဝိုင်းမှာ ဟင်းပန်းကန်တွေကို သီးသန့်ဇွန်းမတပ်ပဲ ကိုယ်စားတဲ့ ဇွန်း၊ ခက်ရင်း၊ တူ စည်တို့ဖြင့် တစ်ယောက်တစ်လက် ဝိုင်းနှိုက်ပြီး စား‌သောက်ကြတဲဲ့ပုံစံက အန္တရာယ်များပါတယ်။ တစ်ယောက်ယောက်မှာ ကူးစက်ရောဂါရှိနေပါက အခြားတစ်ယောက်ထံကို လွယ်ကူစွာပင် ကူးစက်သွားနိုင်ပါတယ်။

သီးသန့် ဟင်းခပ်ဇွန်း မသုံးရင် ဘာရောဂါတွေကူးစက်နိုင်လဲ..?

ကုရာနတ္တိဆေးမရှိသေးသည့် ကိုရိုနာဗိုင်းရပ်စ် အပါအဝင် အခြားကူးစက်ရောဂါများဖြစ်သော အသည်းရောင်အသားဝါ ဘီပိုး၊ အအေးမိရောဂါ၊ တုပ်ကွေးရောဂါ၊ ခြေလက်ပါးစပ်ရောဂါ၊ ပါးချိတ်ရောင်နာရောဂါ၊ ရေယုန်၊ ဆုံဆို့နာရောဂါ၊ တီဘီရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါတို့ လွယ်ကူစွာ ကူးစက်တတ်ပါတယ်။
 
နောက်ထပ်သတိထားရမည့် အချက်မှာ ဇွန်းတစ်ချောင်းတည်းကို အသုံးပြုကာ အတူတူဝေမျှ စားသောက်ရသည့် အစားအစာများလည်း ရှိတတ်ပါတယ်။ ဥပမာ လက်ဖက်သုတ်၊  သင်္ဘောသီးထောင်း အစရှိသည့် အစားအစာများ၊ ဟင်းခပ်ဇွန်းတစ်ချောင်းတည်းကို တစ်ယောက်တစ်လှည့် အသုံးပြုတာမျိုးကနေလည်း ကူးစက်နိုင်တဲ့အတွက် သတိထားသင့်ပါတယ်။
 
ဟော့ပေါ့၊ စူကီ၊ ချာဘူ စားရာတွင်လည်း တူ၊ ဇွန်း၊ ခက်ရင်းတို့ကို ဟင်းအိုးတစ်အိုးထဲမှာ တူတူနှိုက်ယူစားကြရပါတယ်။ ဒီလိုအစားအစာတွေမှာ သားစိမ်း၊ ငါးစိမ်းတွေပါ ရှိတတ်တာမို့ ကူးစက်ရောဂါရှိနေသူရဲ့ အသုံးအဆောင်တစ်ခုခုက မတော်တဆ ထိမိသွားခဲ့မယ်ဆိုရင် ရောဂါကူးစက်ပြန့်ပွားသွားစေနိုင်ပါတယ်။
လူအများနဲ့ ဝိုင်းဖွဲ့ပြီးမှ စားတတ်လေ့ရှိတဲ့ အကင်စာတွေမှာလည်း ထိုနည်းတူစွာ ကူးစက်နိုင်တယ်။
 

ထမင်းတစ်ဝိုင်းတည်း အတူတူစားပြီး ရောဂါမကူးစက်အောင် ကာကွယ်ရန် နည်းလမ်းကောင်းများ

၁။ ဟင်းပန်းကန်တိုင်းတွင် သီးခြားဟင်းခပ်ဇွန်း အသုံးပြုပါ 
တစ်ဦးတည်းသော်၎င်း အခြားသူများနဲ့ အတူတူ စားတဲ့အခါ သီးသန့် ဟင်းခပ်ဇွန်းသုံးပါ။ ယခုလိုလုပ်ခြင်းအားဖြင့် အစားအစာထဲ တံတွေးများ မဝင်​အောင် ကာကွယ်ပြီးသားဖြစ်တဲ့အတွက် တစ်ယောက်ကိုယ်တစ်ယောက် အပြန်အလှန်ရောဂါကူးစက်ခြင်း မဖြစ်စေပါဘူး။ ထို့ပြင် အစားအစာများ ရေရှည်အထားခံနိုင်အောင်လည်း ထိန်းသိမ်းထားရာ ရောက်ပါတယ်။
 
၂။ အစားအသောက်စားးတဲ့အခါမှာ ကိုယ့်စားနေတဲ့ ဇွန်း (သို့ ) လက်ဖြင့် ဟင်းပွဲများနှိုက်ခြင်း၊ အခြားသူများ၏ ပန်းကန်နဲ့ အစားအသောက်များကို ထိတွေ့ခြင်း မရှိစေရန် အထူးရှောင်ကျဉ်ပါ။
 
၃။ မိမိမှာ ကူးစက်တတ်သော ရောဂါတစ်မျိုးမျိုး ရှိနေခဲ့ပါက အခြားသူများကို ထပ်မံမကူးစက်စေရန် ပင်ကိုယ်တာဝန်သိစိတ်ဖြင့် ဆင်ခြင်နေထိုင်ပြုမူပါ။ 
 
၄။ အသုံးအဆောင်ပစ္စည်းများကို အတူတစ်ကွ မျှဝေသုံးစွဲခြင်းကို ရှောင်ကျဉ်ပါ။
 
၅။ တကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုစိုက်ပြီး အစာမစားခင်နှင့် စားပြီးအချိန်တိုင်းမှာ လက်ကိုဆပ်ပြာနဲ့ စင်ကြယ်အောင် သေချာဆေးကြောပါ။

17 Feb 2020     1,423 Views




RELATED

Most Popular of Health Fix

Most Popular of Life Style