BEC-TERO TV

ကလေးကို မေ့ကျန်ပြီး ကားကိုတစ်နေကုန် ပါကင်ထိုးထားခဲ့ရာ ကလေးသေဆုံး

18 Feb 2020     1,763 Views


မလေးရှားနိုင်ငံတွင် ဖခင်ဖြစ်သူက အသက် ၁ နှစ်အရွယ် သားလေး ကားနောက်ခန်းထဲမှာ ထည့်ထားတာကိုမေ့ပြီး တနေကုန် ကားတံခါးပိတ်၊ ပါကင်ထိုးထားခဲ့ရာမှ ကလေးဖြစ်သူ သေဆုံးသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့က နေ့လည်ပိုင်းက ကွမ်တမ်မြို့ ထွန်းရာဇာတ်အဆောက်အဦး ကားပါကင်တွင် တစ်နေကုန် ရပ်နားထားခဲ့သော ကားဆီသို့ ပြန်လာရာ ကားနောက်ခန်းထဲရှိ ကလေးထိုင်ခုံလေးထဲတွင် သားဖြစ်သူအား သေဆုံးလျှက် မမျှော်လင့်ပဲ တွေ့ရှိခဲ့ပြီးနောက် ဖခင်ဖြစ်သူ ဝမ်းနည်းပက်လက် အော်ဟစ် ငိုကြွေးခဲ့သည်။ နီးစပ်ရာဆေးရုံသို့ ခေါ်သွားခဲ့ပေမယ့် ဆေးရုံက ကလေးဖြစ်သူ သေဆုံးနေပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။

ဖခင်ဟာ သားဖြစ်သူ ကားနောက်ခန်းထဲမှာ ပါလာတာကို မေ့လျော့ပြီးနောက် အလုပ်သို့သွားခဲ့ပြီး ကားပါကင်ထဲတွင် တစ်နေကုန်သော့ပိတ်ကာ ရပ်နားခဲ့တဲ့အတွက် ကလေးဖြစ်သူ အသက်ရှုမွမ်းကျပ်ပြီး သေဆုံးခဲ့ရခြင်းဖြစ်သည်။

တိရိစ္ဆာန်လေးများနဲ့ ကလေးငယ်များကို မိဘများက မေ့လျော့ပြီး ကားထဲမှာ ထားခဲ့မိသည့်အတွက် သေဆုံးမှုများ မကြာခဏဆိုသလို ဖြစ်ပွားလျှက်ရှိသဖြင့် ကားကို တစ်နေကုန် ရပ်မည်ဆိုပါက ကားအတွင်းပိုင်းကို သေချာစွာစစ်ဆေးပြီးမှ ရပ်နားသင့်ကြောင်း သတိပြုနိုင်ရန် တိုက်တွန်းအပ်ပါတယ်။


18 Feb 2020     1,763 Views




RELATED

Most Popular of Special or Others

Most Popular of NEWS