BEC-TERO TV

ပြောဆိုဆုံးမတာ မကျေနပ်လို့ ကျောင်းသားက ဆရာကို အုတ်ခဲနဲ့ထုသတ်(ရုပ်သံ)

18 Feb 2020     1,481 Views


ဆရာ၊ ဆရာမ အလုပ်ဆိုတာ တစ်ကယ်တမ်းကြတော့ မလွယ်ပါဘူး။ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ ဆိုတဲ့ ဆရာဝတ်ထဲကအတိုင်း မတစ်ထောင် သားသမီးရဲ့ ကလေးတွေကို ပညာလည်းသင်ပေးရ၊ ကျင့်ကြံလိုက်နာရမယ့် ကိစ္စတွေကိုလည်း လိုအပ်ရင် ပြောဆိုဆုံးမရပါတယ်။ ဒီကြားထဲမှာ ဆိုသွမ်းတဲ့ ကျောင်းသားတွေ ပါလာခဲ့ရင်လည်း ထိန်းကျောင်းပဲ့ပြင်ရတာ မလွယ်လှပါဘူး။

တရုတ်နိုင်ငံက အလယ်တန်းပြ ကျောင်းဆရာတစ်ဦးကတော့ ဆရာဝတ်ထဲက ‘ဘေးရန်ဆီးကာ’ ဆိုတဲ့ အတိုင်း ကျောင်းသားတွေ အန္တရာယ်ဖြစ်မှာ စိုးရိမ်လို့ ပြောဆိုဆုံးမမိရာကနေ အသက် ၁၅ နှစ်အရွယ် ကျောင်းသားက မကျေနပ်သဖြင့် အုတ်နီခဲနဲ့ ထုရာ ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ပါတယ်။

တရုတ်နိုင်ငံ ဆီချွမ်းပြည်နယ်က Huang Tao အမည်ရှိတဲ့ ကျောင်းဆရာဟာ သူ့ရဲ့ကျောင်းသားတစ်ဦး အသက်မပြည့်သေးပဲ ကျောင်းကို ကားကိုမောင်းလာတဲ့အတွက် ပြောဆိုဆုံးမခဲ့ပါတယ်။ ကျောင်းသားက မကျေမနပ်ဖြစ်ပြီး ဆရာရဲ့နောက်ကို လိုက်ကာ နောက်ကနေ ဦးခေါင်းကို အုတ်နီခဲနဲ့ ၉ ချက်တိတိ ထုနှက်ခဲ့ပါတယ်။

ဖြစ်စဉ်ဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့ပြီး ကျောင်းဆရာဟာ ဒဏ်ရာကြောင့် ကိုမာ(မေ့မြော)ကာ ဆေးရုံတင်ထားခဲ့ရပါတယ်။ ဆရာဖြစ်သူဟာ ဦးခေါင်းနဲ့ အဆဆုတ် ဒဏ်ရာတို့ကြောင့် ကျန်းမာရေးအခြေအနေ တဖြည်းဖြည်းဆိုးရွားလာပြီး ၂၀၂၀ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ကျောင်းဆရာရဲ့ ဇနီးဖြစ်သူက ခင်ပွန်းသည်အတွက် ပူဆွေးဝမ်းနည်းကြောင်း ပေးပို့လာတဲ့ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများအားလုံးကို ကျေးဇူးတင်ပါကြောင်း လူမှုကွန်ယက်ပေါ်ကနေ ပြောကြားခဲ့ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် ‘ယန်’ဟု အမည်ရသော ကျောင်းသားအား အရေးယူမှု တစ်စုံတစ်ရာရှိ၊ မရှိကို ဖော်ပြထားခြင်းမရှိပါ။


18 Feb 2020     1,481 Views




RELATED

Most Popular of Special or Others

Most Popular of NEWS