BEC-TERO TV

ဆေးထိုးအပ်အမြောက်အများ ပင်လယ်ထဲ မျောပါနေမှုကြောင့် ဒေသခံများစိုးရိမ်နေ

18 Feb 2020     1,397 Views


ထိုင်းနိုင်ငံ စတဟိပ် ပင်လယ်ပြင်မှာ ဆေးထိုးအပ်တွေ အများအပြား မျောလာနေတာကြောင့် ဒီဆေးထိုးအပ်တွေကနေ ရောဂါပိုးတွေ ကူးစက်လာမှာကို ဒေသခံတွေ စိုးရိမ်လျှက်ရှိပါတယ်။
 
 
ဆေးထိုးအပ်အမြောက်အများ ရေထဲမှာမျောနေတဲ့ ဓါတ်ပုံတွေကို ဆေးဝါးကျွမ်းကျင်သူ အမျိုးသားတစ်ဦးက ဖေ့စ်ဘွခ်ပေါ်မှာ တင်လိုက်ရာက ပြန့်နှံ့သွားခဲ့ပါတယ်။ တာဝန်ရှိသူများ သွားရောက်စစ်ဆေးတဲ့အခါမှာ ဆေးထိုးအပ် အချောင်းရေ ၅၀၀ ကျော် လောက်ကို တွေ့ရပြီး ဒီဆေးထိုးအပ်တွေဟာ အလှအပခွဲစိတ်ပြုပြင်ရေးဆေးခန်း (သို့မဟုတ်) တရားမဝင် ဆေးခန်းတွေကနေ စည်းကမ်းမဲ့စွန့်ပစ်ထားတာ ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုခဲ့ပါတယ်။
 
 
စွန့်ပစ်ထားတဲ့ အရာတွေထဲမှာ ဆေးထိုးအပ်တစ်မျိုးတည်းမဟုတ်ဘဲ သွေးစစ်ပြွန်တွေ၊ အပ်အမျိုးမျိုးတွေ ပါဝင်နေတာကြောင့် ဆေးရုံ၊ ဆေးခန်းတွေက စွန့်ပစ်ထားတဲ့ အမှိုက်တွေဖြစ်နိုင်တယ်လို့ ယူဆနေကြတယ်။
 
 
ဖေဖော်ဝါရီ ၁၆ ရက်နေ့က ချွန်ဘူရီပြည်နယ် စတဟိပ်မြို့ စဲမ်စန်ကျေးရွာ အုပ်ချုပ်ရေးမှူးကို သတင်းထောက်များက သွားရောက်မေးမြန်ခဲ့ပါတယ်။ ပင်လယ်ထဲမှာ ဆေးထိုးအပ်တွေ မျောလာနေတယ်လို့ လာတိုင်ကြားတဲ့အတွက် သွားရောက်စစ်ဆေးခဲ့ပြီး ချက်ချင်းဆိုသလို  ပင်လယ်ထဲက ဆေးထိုးအပ်အမှိုက်များကို ဆယ်ယူပြီး စနစ်တကျစွန့်ပစ်နိုင်ရန် သက်ဆိုင်ရာနဲ့ ဆေးရုံက အမြန်ရေယာဉ် တို့ကို အကူအညီလှမ်းတောင်းခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
 
ဆေးထိုးအပ်အမှိုက်များ စည်းကမ်းမဲ့စွာ စွန်ပစ်မှုနဲ့ ပက်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။ ဒီအမှိုကတွေဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ပြန်ရောက်လာတဲ့ ထိုင်းလူမျိုးတွေရဲ့ လက်ချက်ဟု ကောလဟာလတွေ ပြောဆိုနေမှုအပေါ် မဖြစ်နိုင်ကြောင်း တာဝန်ရှိသူ ဆရာဝန်တစ်ဦးက ရှင်းလင်းပြောကြားခဲ့ပါတယ်။
 
 
“ဝူဟန်ကပြန်လာတဲ့ ထိုင်းလူမျိုးတွေဟာ နေမကောင်းနေတဲ့ လူတွေမဟုတ်သလို ဆေးထိုးအပ် အသုံးပြုတာလည်း မရှိပါဘူး။ အားလုံးက ၂ ပါတ်ပြည့်ဖို့ အခြေအနေစောင့်ကြည့်ရန် ရောက်လာတဲ့လူတွေပါ၊ ရက်ပြည့်သွားရင် ပကတိအတိုင်း အိမ်ပြန်သွားကြမည့်သူတွေပါလို့၊ အားလုံး မစိုးရိမ်လွန်းကြပါနဲ့” ဟု ရှင်းပြခဲ့ပါတယ်။
 
အခုလိုမျိုး ဆေးထိုးအပ်အမှိုက်များကို စွန့်ပစ်တဲ့ ကျူးလွန်သူကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

18 Feb 2020     1,397 Views




RELATED

Most Popular of Special or Others

Most Popular of NEWS