BEC-TERO TV

လူမပါပဲ သုမုဒ္ဒရာထဲမျောနေတဲ့ သင်္ဘောကြီး အိုင်ယာလန်ကမ်းခြေကို ရောက်လာ

18 Feb 2020     1,404 Views


တန်ဇမ်နီယန်း အလံလွှင့်ထူးထားတဲ့ ကုန်တင်သင်္ဘောကြီးတစ်စီးဟာ အန္တလန်တိတ်သမုဒ္ဒရာထဲကနေ အာဖရိကကမ်းရိုးတစ်လျှောက်မှာ ၆ လကြာ မျောနေခဲ့ပြီးနောက် ဒနီစ်မုန်တိုင်းအရှိန်ကြောင့် အိုင်ယာလန်နိုင်ငံ ဘေလီကော်တွန်ကမ်းရိုးတန်းက ကျောက်ဆောင်ကမ်းနားမှာ လာရောက်ဆိုက်ကပ်နေတာကို တနင်္ဂနွေနေ့ နံနက်ပိုင်းက တွေ့ခဲ့ရပါတယ်။

သင်္ဘောကြီးဟာ မုန်တိုင်းကြောင့် ရာလာတာဖြစ်ပြီး သင်္ဘောပေါ်မှာ လူတစ်ယောက်မှ မပါကြောင်း ကမ်းခြေစောင့် တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါအပြင် သင်္ဘောကြီးရောက်လာတဲ့အတွက် အနီးနားရေပြင်တစ်ဝိုက် ညစ်ညမ်းမှုတွေလည်း မဖြစ်ပေါ်ခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒီလိုအဖြစ်မျိုးက တစ်သန်းမှာ တစ်ကြိမ်တောင် ကြုံရခဲပါတယ်၊ ဒီသင်္ဘောကြီးက အာဖရိကကမ်းရိုးတန်း၊ စပိန်ကမ်းရိုးတန်း၊ အင်္ဂလိပ် ကမ်းရိုးတန်းတွေကနေ အခု အိုင်းရစ်ကမ်းရိုးတန်းကို ရောက်လာတာပါ၊ ဒီလိုမျိုးသင်္ဘောကြီးတစ်စီးလုံးကို စွန့်ပစ်ထားတာမျိုး ကျွန်တော်တစ်ခါမှ မမြင်ဖူးဘူး” ဟု ကမ်းခြေစောင့်အဖွဲ့မှ အသက်ကယ်လှေ ကြီးကြပ်မန်နေဂျာ John Tattan က ပြောကြားခဲ့ပါတယ်။

မျောပါလာတဲ့ သင်္ဘောကြီူဟာ ၁၉၇၆ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ကုန်တင်သင်္ဘောကြီးဖြစ်ပြီး သက်တမ်းအားဖြင့် ၄၄ နှစ်ဝန်းကျင်ရှိပြီဖြစ်ပါတယ်။ ဒီသင်္ဘောကြီးဟာ အန္တလန်တိတ် သမုဒ္ဒရာထဲမှာ လူမပါပဲ မျောပါနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဒီသင်္ဘောကြီးကို အန္တလန်တိတ်သမုဒ္ဒရာရဲ့ အလယ်မှာ တွေ့ခဲ့ကြောင်း ယူကေတော်ဝင်ရေတပ်မတော်က သတင်းပို့ခဲ့ပါသေးတယ်။

၂၀၁၈ ခုနှစ်တုန်းက ဒီသင်္ဘောကြီးကို ဘာမြူဒါးတြိဂံဒေသရဲ့ အရှေ့တောင်ဘက် မိုင်ပေါင်း ၁၃၀၀ အကွာမှာ သင်္ဘောသား ၁၀ ဦးနဲ့အတူ တွေ့ခဲ့ရပြီး သင်္ဘောသားတွေကိုတော့ ကယ်တင်ခဲ့သွားခဲ့ပြီလို မှတ်ယူနိုင်ပါတယ်။

အိုင်းရစ်ကမ်းခြေစောင့်အဖွဲ့ကတော့ ဒီသင်္ဘောကြီးဟာ မုန်တိုင်းအရှိန် လှိုင်းတံပိုးများကြောင့် မကြာခင်မှာ ကျောက်ဆောင်တွေပေါ်ကနေ လျောကျပြီး တစ်နေရာရာကို ထပ်ပြီးမျောသွားလိမ့်ဦးမယ်လို့ ယူဆနေကြပါတယ်။ တစ်ကယ်တမ်းလုပ်ရမှာကတော့ ဒီသင်္ဘောကြီးရဲ့ ပိုင်ရှင်ကို ရှာဖွေရမှာဖြစ်ပါတယ်။


18 Feb 2020     1,404 Views




RELATED

Most Popular of Special or Others

Most Popular of NEWS