BEC-TERO TV

အိမ်သာသုံးစက္ကူများနဲ့ နှာခေါင်းစည်းအတုများ ထုတ်လုပ်တဲ့စက်ရုံ ဖမ်းဆီးမိ

19 Feb 2020     1,507 Views


ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုကြောင့် စျေးကွက်အတွင်း နှာခေါင်း(Mask)များ ပစ္စည်းပြတ်နေမှုကို အခွင့်ကောင်းယူကာ စီးပွားရေးအမြတ်ထုတ်ချင်ရုံသက်သက်ဖြင့် ကျင့်ဝတ်ကိုချိုးဖောက်ကာ အိမ်သာသုံးစက္ကူများကို အသုံးပြုပြီး နှာခေါင်းစည်းအတု ထုတ်လုပ်နေသည့် ကုမ္ပဏီတစ်ခုကို သက်ဆိုင်ရာက ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာရှိတဲ့ Viet Han ကုမ္ပဏီလီမိတက်ဟာ တစ်ရှူးစက္ကူနဲ့ ပုံနှိပ်လုပ်ငန်းသုံးစက္ကူများ ထုတ်လုပ်တဲ့ လုပ်ငန်းအဖြစ် မှတ်ပုံတင် လုပ်ကိုင်နေခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဈေးကွက်အတွင်း နှာခေါင်းစည်းဈေးနှုန်းများ အဆမတန်မြင့်တက်နေတဲ့ အချိန်ကို အခွင့်ကောင်းယူကာ အိမ်သာသုံးစက္ကူများကို အတွင်းထဲမှာခံပြီး နှာခေါင်းစည်းများ ပြုလုပ်ကာ ရောင်းချခဲ့ပါတယ်။

သက်ဆိုင်ရာက စက်ရုံကို ဝင်ရောက်စစ်ဆေးတဲ့အခါ နှာခေါင်းစည်းထဲမှာ ရောဂါပိုးကို ကာကွယ်နိုင်တဲ့ အလွှာများအသုံးပြုထားခြင်းမရှိပဲ အိမ်သာသုံးစက္ကူတွေထည့်ပြီး ထုတ်လုပ်နေတာကို သက်သေပစ္စည်းတွေနဲ့တကွ တွေ့ရှိခဲ့ပါတယ်။ အဆိုပါ နှာခေါင်းစည်း အတုပေါင်း ၁၄၀,၀၀၀ ထုတ်လုပ်ခဲ့ပြီး အားလုံးရောင်းထွက်သွားပြီဖြစ်ကြောင်း သိရသည်။ ဗီယက်နမ်သတင်းရုပ်သံက ထုတ်လွှင့်ပြသခဲ့မှုအရ နှာခေါင်းစည်းတွေကို ရေထဲနှစ်လိုက်တဲ့အခါ ချက်ခြင်းပျော်ဝင်သွားပြီး သုံးလို့မရအောင် စုတ်ပြဲသွားတာကိုတွေ့ရပါတယ်။ 

ကုမ္ပဏီအနေနဲ့ ကျင့်ဝတ်ချိုးဖောက်မှု၊ စားသုံးသူတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားပြုမှုနဲ့ ကျန်းမာရေးအရ အန္တရာယ်ရှိတဲ ကုန်ပစ္စည်းများ တရားမဝင်ထုတ်လုပ်မှု၊ လိမ်လည်မှုတို့နဲ့ အမြင့်ဆုံးပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖို့ရှိနေကြောင်း သိရသည်။


19 Feb 2020     1,507 Views




RELATED

Most Popular of Special or Others

Most Popular of NEWS