BEC-TERO TV

အဝလွန်နေသူ Nintendo ဂိမ်းဆော့ရာ တစ်လအတွင်း ၁၉ ပေါင် ဝိတ်ကျ

20 Feb 2020     1,418 Views


ကိုယ်လက်လှုပ်ရှား အားကစားမပါပဲ အစာရှောင်နည်းလမ်းနဲ့ ကိုယ်အလေးချိန်လျော့ချ( ဝိတ်လျှော့)ခြင်းဟာ လူရဲ့အသွင်ပြင်သဏ္ဍန်ကို အိုမင်းစေပြီး ကျန်းမာရေးနဲ့လည်း မညီညွတ်ပါဘူး။ ဒါပေမယ့် ဝိတ်လျော့ချင်သူ အများစုဟာ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ရမှာကိုတော့ အကြောင့်မျိုးစုံပြပြီး ရှောင်လွှဲတတ်ပါတယ်။

အဲဒီလို အားကစားမလုပ်ပဲ ဝိတ်လျှော့ချင်သူတွေအတွက် နည်းလမ်းကောင်းအသစ်လေးတစ်ခု ရှိနေပါပြီ။ ဖိလစ်ပိုင်နိုင်ငံက အဝလွန်နေတဲ့ လူငယ်တစ်ဦးဟာ နင်တန်ဒိုး(Nintendo)စက်နဲ့ ဂိမ်းကစားခဲ့ရာ တစ်လအတွင်းမှာပင် ကိုယ်အလေးချိန် ၉ ကီလို ကျသွားတာကို မယုံကြည်နိုင်လောက်အောင် တွေ့ခဲ့ရပါတယ်။

သူဟာ နင်တန်းဒိုး ဂိမ်းစက်ထဲမှာပါတဲ့ စွန်စားခန်းဂိမ်း Ring Fit ကို ဂိမ်းစက်နဲ့ ချိပ်ဆက်ထားတဲ့ ကြိုးမဲ့ကရိယာတွေ ကိုယ်မှာ တပ်ဆင်ပြီး ဂိမ်းထဲကဇာတ်ကောင်ရဲ့ လှုပ်ရှားမှုကို လိုက်လုပ်ခဲ့ရာမှ ကိုယ်လက်လှုပ်ရှား အားကစားလေးကျင့်သလို ဖြစ်ပြီး ကိုယ်အလေးချိန် သိသိသာသာလျော့ကျသွားခဲ့တာဖြစ်ပါတယ်။

သူဟာ အရပ် ၅ ပေ ၆ လက္မရှိပြီး ကိုယ်အလေးချိန် ၇၈ ကီလို (၁၇၂ ပေါင်) ရှိခဲ့ပါတယ်။ ၇ နှစ်ကျော်ခန့် ဝတုတ်ကြီးဖြစ်နေခဲ့ပြီး ဝိတ်လျှော့ဖို့ နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် နင်တန်းဒိုး ဂိမ်းစက်ဝယ်ပြီး နေအိမ်မှာပင် ပုံမှန် ဂိမ်းကစားခဲ့ရာ တစ်လအကြာမှာတော့ အလေးချိန် ၉ ကီလို (၁၉ ပေါင်) ကျသွားတာကို လက်တွေ့ခံစားခဲ့ရကြောင်း သူ့ရဲ့ ဖေ့စ်ဘွခ်ပေါ်ကနေ ပြောပြခဲ့ပါတယ်။ သူ့လိုပဲ အားကစားလုပ်ရမှာ အပျင်းထူနေသူတွေအတွက် ဝိတ်ကျနိုင်ဖို့ဆိုရင် နင်တန်ဒိုး က အများကြီး အထောက်အကူဖြစ်စေတယ်လို့ အကြံပြုထားပါတယ်။

စာဖတ်သူတွေလည်း နင်တန်ဒိုး စက်ဝယ်မလား၊ မှန်မှန်မသွားဖြစ်တဲ့ Gym ကို လစဉ်ကြေးတွေ သွင်းပြီး ဝိတ်ချမလားဆိုတာ စဉ်းစားစရာပဲနော်။


20 Feb 2020     1,418 Views




RELATED

Most Popular of Special or Others

Most Popular of NEWS