BEC-TERO TV

မေသန်းနုထပ်မံတရားစွဲခံရခြင်းဟာ မတရားခံရတာဖြစ်ကြောင်း ညီမဖြစ်သူမှပြောကြား

20 Feb 2020     17,351 Views


ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလို မြန်မာ့ရုပ်ရှင်လောကရဲ့ ဝါရင့်၊သမ္ဘာရင့်သရုပ်ဆောင်တစ်ဦးဖြစ်သူ အကယ်ဒမီများရှင် မေသန်းနုဟာဆိုရင် သိပ်မကြာသေးခင်ကပဲ ငွေကြေးလိမ်လည်မှုကြောင့် ထောင်ဒဏ် (၁) နှစ်ကျသွားတာပဲဖြစ်ပါတယ်။ မေသန်းနုထောင်ကျတယ်ဆိုတဲ့သတင်းဟာ သူမရဲ့မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများနဲ့ အနုပညာလောကမှာသာမက ပရိသတ်တွေအားလုံးပါ အံ့ဩတကြီးဖြစ်ခဲ့ရတဲ့ သတင်းတစ်ခုဖြစ်ပြီး အားလုံးက စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အမှုကိစ္စဖြစ်နေချိန်မှာ အကြောင်းအရာတစ်စုံတစ်ရာထွက်ပေါ်လာခြင်းမရှိခဲ့ပဲ တရားရုံးမှ ထောင် (၁) နှစ်ကျခံရန် ပြစ်ဒဏ်ချမှတ်လိုက်ချိန်မှသာ ထိုသတင်းကထွက်ပေါ်ခဲ့တာလဲဖြစ်ပါတယ်။ သရုပ်ဆောင်မေသန်းနုထောင်ကျသွားတဲ့ကိစ္စရပ်အပေါ် သားဖြစ်သူရဲ့ဝမ်းနည်းပူဆွေးမှုတို့ကို မကြည့်ရက်တာကြောင့် ခင်ပွန်းဟောင်းဖြစ်သူမှ လိုက်လံဖြေရှင်းကူညီဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်မှာတော့ ငွေကြေးလိမ်လည်မှုကြောင့် ပြစ်ဒဏ်ကျနေတဲ့သရုပ်ဆောင်မေသန်းနုကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ထပ်မံတရားစွဲဆိုမှုဖြစ်ပေါ်ခဲ့ပါတယ်။ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်မှ ခင်မင်မှုကြောင့် သူမ၏နေအိမ်အား ငွေကျပ်သိန်း (၂၅၀၀) ဖြင့်ပေါင်နှံပေးခဲ့ရာမှ ငွေကြေးများဆုံးရှုံးသွားသောကြောင့် သရုပ်ဆောင်မေသန်းနုအား ငွေကြေးအာမခံလိမ်လည်မှု နောက်တိုးတရားခံအဖြစ် ထပ်မံတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း သူမရဲ့ဆုံးရှုံးသွားသောငွေကြေးများကို ပြန်ပေးမည်ဆိုပါက ထိုအမှုကိုရုတ်သိမ်းပေးမယ်လို့လဲ ဆိုထားပါတယ်။

လက်ရှိမှာ အင်းစိန်ထောင်၌ပြစ်ဒဏ်ကျခံနေရတဲ့မေသန်းနုတစ်ယောက် ယခုလိုထပ်မံတရားစွဲဆိုခံရခြင်းမှာ မတရားခံရတာဖြစ်ပြီး မေသန်းနုဟာ ယင်းအမှုနဲ့သက်ဆိုင်မှုမရှိကြောင်းကို မေသန်းနု၏ညီမဖြစ်သူ မမေဦးခင်က မီဒီယာမှာဖြေကြားခဲ့ပါတယ်။ ငွေကြေးသိန်း (၂၅၀၀) အာမခံပေးမှုဖြင့် ထပ်မံတရားစွဲဆိုခံရခြင်းမှာ မတရားခံရခြင်းဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်ညှိနှိုင်းသော်လည်း ငွေကြေးညှိနှိုင်းမရတာကြောင့် တရားဥပဒေအတိုင်းပဲ ရှေ့ဆက်သွားမည်ဖြစ်ကြောင်းကို အလုံးစုံပြောကြားသွားခဲ့တဲ့ မမေဦးခင်ရဲ့ အင်တာဗျူးဗီဒီယိုကိုပါထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

 

Video_MC 7

(ပိုပိုလေး)


20 Feb 2020     17,351 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS