BEC-TERO TV

တောရိုင်းတိရိစ္ဆာန်များအား ရောင်းဝယ် စားသောက်ခြင်းကို တရုတ် ဥပဒေထုတ် တားမြစ်

25 Feb 2020     1,505 Views


ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားရခြင်း အကြောင်းရင်းကို အခြေခံကာ တောရိုင်းတိရိစ္ဆာန် သတ္တဝါများအား ရောင်းဝယ်ဖောက်ကားခြင်း၊ စားသောက်ခြင်းတို့ကို တရုတ်နိုင်ငံက ဥပဒေထုတ်ကာ ယာယီမဟုတ်ပဲ အမြဲတမ်း တားမြစ်ပိတ်ပင်လိုက်ပြီဖြစ်သည်။

တားမြစ်ချက်များထဲတွင် သဘာဝအတိုင်း တောထဲမှာ ရှင်သန်ပေါက်ဖွားနေထိုင်ကြတဲ့ တောရိုင်းတိရိစ္ဆာန်များကို အမဲပစ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုခြင်းနှင့် စားသောက်ခြင်းတို့ကိုပါ တားမြစ်ချက်တွင် ထည့်သွင်း ပြဌာန်းလိုက်သည်။ တောရိုင်းတိရိစ္ဆာန်များဟာ လုံးဝကာကွယ်တားမြစ်ထားသော သတ္တဝါလေးများဖြစ်ကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက်က တနင်္လာနေ့က ဆုံးဖြတ်ချက်ချလိုက်သည်။

တောရိုင်းသတ္တဝါလေးများအား စားသောက်ခြင်းကိုပါ ကာကွယ်တားဆီးလိုက်ပြီဖြစ်ပြီး ချက်ပြုတ်ရောင်းချသူများကို အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ကော်မတီက ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံမှာ တောရိုင်းတိရိစ္ဆာန်အချို့ကို ကာကွယ်မှုများ နှစ်များစွာကတည်းက ရှိထားခဲ့သော်လည်း ထိထိရောက်ရောက် မတာဆီးနိုင်တဲ့အပေါ်မှာ ဝေဖန်မှုများ ရှိခဲ့သည်။

အစိုးရက ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်နှင့် ဆားစ်ရောဂါဖြစ်ပွားခဲ့ချိန်တို့မှာသာ ယာယီသဘော တားမြစ်ပိတ်ပင်တာမျိုးသာ ထိရောက်စွာ လုပ်ဆောင်ခဲ့ကြပြီး ရောဂါ ပျောက်သွားချိန်မှာ တောရိုင်းသတ္တဝါလေးများအပေါ် တားမြစ်ထားချက်များကို ပြန်လည်ရုပ်သိမ်းသွားခဲ့သဖြင့် အဆိုပါတားမြစ်ချက်များကို အမြဲတမ်းထားရှိရန် ဆန္ဒရှိသူများက အစိုးရကို တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

ယခုအခါမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ တောရိုင်းသတ္တဝါတွေရောင်းချတဲ့ ဝူဟန်ဈေးကြီးကနေ စတင်ခဲ့တာမို့ ဗိုင်းရပ်စ်ပေါက်ပွားမှုဟာ တောရိုင်းတိရိစ္ဆာန်တွေဆီက စတင်တယ်လို့ တိကျခိုင်မာတဲ့ သက်သေမပြနိုင်သေးသော်လည်း တောရိုင်းသတ္တဝါများကို ကာကွယ်တားဆီးတဲ့ မစားသောက်ရ၊ မရောင်းချရ၊ အမဲမလိုက်ရ စသည်ဖြင့် ဥပဒေများ ပြဌာန်းလိုက်ခြင်းဖြစ်သည်။


25 Feb 2020     1,505 Views




RELATED

Most Popular of International News

Most Popular of NEWS