BEC-TERO TV

မွေးကင်းစ ၁၇ ရက်သမီးလေးတွင် ကိုရိုနာဗိုင်းရပ်စ် အလိုလိုပျောက်ကင်း

25 Feb 2020     1,312 Views


ဝူဟန်မြို့က ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ မိခင်ကနေ မွေးဖွားလာတဲ့ သမီးလေးဟာ မွေးဖွားလာစဉ်ထဲက ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရသော်လည်း ၁၇ ရက်သားအရွယ်မှာ မည်သည့် ဆေးနှင့်မျှ ကုသမှုမခံယူရသေးပဲ ကိုရိုနာဗိုင်းရပ်စ် သူ့အလိုလို ပျောက်ကင်းသွားကြောင်း ထူးဆန်းစွာ တွေ့ရှိရသည်။

ဒီကလေးဟာ အသက်အငယ်ဆုံး ကိုရိုနာဗိုင်းရပ်လူနာဖြစ်ပြီး ဆေးကုစရာမလိုပဲ အလိုလိုပျောက်ကင်းသွားခဲ့တာကြောင့် ပြီးခဲ့တဲ့ သောကြာနေ့က ဆေးရုံကဆင်းပြီး အိမ်ပြန်သွားခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖောပြထားသည်။

ကလေးကို ဖေဖော်ဝါရီ ၅ ရက်နေ့က မွေးဖွားခဲ့ပြီး အဲဒီနေ့မှာပင် ဝူဟန်ကလေးဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ပါတယ်။ တစ်ရက်ထဲမှာပင် ကလေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

“ရှောင်ရှောင်” လို့ အမည်ပေးထာတဲ့ သမီးလေးရဲ့ အသက်ရှုလမ်းကြောင်းစနစ်မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး အသေးစားပျက်ဆီးမှုတွေကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း မွေးကင်းစကလေးဌာနမှ ဒေါက်တာ ကျန်လင်ကောင်း က ဆိုပါတယ်။ ကလေးရဲ့ ရောဂါလက္ခဏာအခြေအနေဟာ ထင်သာမြင်သာသိပ်မရှိတာကြောင့် ကလေးကို ဆေးတွေမပေးပဲ ရောဂါကို အလိုလိုတိုက်ဖျက်နိုင်မလားဆိုတာ စောင့်ကြည့်ခဲ့ကြပါတယ်။

ကလေးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပေမယ့် အသက်ရှုရခက်တာ၊ ချောင်းဆိုးတာနဲ့ ကိုယ်ပူရှိန်တက်တာတို့ သိသိသာသာမရှိတဲ့အတွက် နှလုံးနဲ့ပက်သက်တဲ့ ကုသမှုလေးသာ ပေးပြီး စောင့်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။

၁၃ ရက်သား အရောက်မှာတော့ ကလေးကို စစ်ဆေးကြည့်ရာမှာ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်သွားသလို သူမရဲ့ နှလုံးကလည်း ကောင်းမွန်စွာ အလုပ်လုပ်တာကြောင့် ဆေးရုံက ဆင်းခွင့်ပြုခဲ့ကြပါတယ်။ ကလေးဟာ ဆေးရုံပေါ်မှာ ရှိနေစဉ် ထွားထွားကြိုင်းကြိုင်းနဲ့ ဝဖြိုးလာတယ်လို့ ဒေါက်တာကျန် က ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက သန္ဓေသားကို ကူးစက်နိုင်ခြေရှိကြောင်း သိရှိပြီးတဲ့နောက်မှာ ဆရာဝန်တွေအနေနဲ့ တုန်လှုပ်ခြောက်ခြားခဲ့ရပါတယ်။

ယခုလအစောပိုင်းမှာလည်း ကိုရိုနာဗိုင်းရပ်စ်လူနာမိခင်ကနေ မွေးလာတဲ့ ကလေးကို နာရီပေါင်း ၃၀ ကြာအောင် ကုသပေးခဲ့ရပါတယ်။ ဒီအတွက်ကြောင့်မို့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကိုယ်ဝန်ဆောင် မိခင်တွေကနေ သန္ဓေသားကိုလည်း ကူးစက်နိုင်တဲ့ လမ်းကြောင်းသစ်အပေါ်ကိုလည်း အာရုံစိုက် သတိထားကြဖို့လို့ကြောင်း ဒေါက်တာကျန် က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံသူပေါင်း ၇၇,၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၂,၅၉၂ ထိ မြင့်တက်လာနေကြောင်း သိရှိရသည်။


25 Feb 2020     1,312 Views




RELATED

Most Popular of International News

Most Popular of NEWS