BEC-TERO TV

လူ ၁၀၀ မှာ ၉၈ ယောက်လောက် အဖြေမှန်မရတဲ့ သင်္ချာပုစ္ဆာတစ်ပုဒ်

28 Feb 2020     2,170 Views


ဂဏန်းပေါင်းစက်မပါပဲနဲ့ ဒီပုစ္ဆာကို မှန်အောင် ဖြေဆိုနိုင်ရင်တော့ သင်ဟာ သင်္ချာမှာဆရာတစ်ဆူ ဖြစ်နိုင်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်ပေမယ့် လူအယောက် ၁၀၀ ဖြေရင် ၉၅ ယောက်လောက်က တူညီတဲ့အဖြေမှားထွက်တဲ့ ပုစ္ဆာဖြစ်ပါတယ်။

9 – 9 ÷ 9 + 9 – 9 ÷ 9 = ?

ဒီပုစ္ဆာရဲ့ အဖြေမှန်က ဘယ်လောက်ဖြစ်မလဲ..?

ဂဏန်းပေါင်းစက်မပါပဲ သင်တွက်ကြည့်ပြီးရင်တော့ အောက်မှာ အဖြေတိုက်နိုင်ပါပြီ။

လူအတော်များများက ဒီပုစ္ဆာကို ရိုးရှင်းစွာပဲ အစဉ်လိုက်ပုံစံနဲ့ ဘယ်ဘက်ကနေ ညာဘက်ကို တစ်ဆင့်ခြင်း ဖြေရှင်းသွားတတ်ကြပါတယ်၊ အဲဒီအတွက် နောက်ဆုံးအဖြေက “0” ရကြပါတယ်။

(9 – 9) ÷ 9 + 9 – 9 ÷ 9 = ?
(0 ÷ 9) + 9 – 9 ÷ 9 = ?
(0 + 9) – 9 ÷ 9 = ?
(9 – 9) ÷ 9 = ?
0 ÷ 9 = 0

အားနီးလုံးပါးရဲ့ အဖြေက “0” တူညီတာကြောင့် အဖြေမှန်တယ်လို့ မယူဆစေချင်ပါဘူး၊ တစ်ကယ်တော့ ဒီပုစ္ဆာအတွက် “0” အဖြေက အမှား ဖြစ်ပါတယ်။

သင်္ချာရဲ့ သဘောတရား သီအိုရီမှာ ပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းတဲ့အခါ အတိုကောက် “BEDMAS” နည်းနဲ့ ဖြေရှင်းမှသာ အဖြေမှန်ထွက်ပါတယ်။

B = Bracket ပထမ ကွင်းခတ်တွေ ရှင်းပါ

E = Exponent ဒုတိယ ထပ်ညွှန်းကိန်းတွေ ရှင်းပါ

D = Division တတိယ အစားလက္ခဏာ ရှင်းပါ

M = Multiply စတုတ္ထ အမြှောက်လက္ခဏာ ရှင်းပါ

A = Add ပဥ္စမ အပေါင်းလက္ခဏာ ရှင်းပါ

S = Subtraction အနုတ်လက္ခဏာ ရှင်းပါ

ဖော်ပြပါ အဆင့်အတိုင်း အဆင့်ဆင့် တွက်ချက်မှ မှန်ကန်မှာ ဖြစ်ပါတယ်။

ဒီပုစ္ဆာရဲ့ တွက်နည်းအမှန်က -

9 – (9 ÷ 9) + 9 – (9 ÷ 9) = ?
9 – (1) + 9 – (1) = ?
(9 – 1) + 9 – 1 = ?
(8 + 9) – 1 = ?
17 – 1 = 16

အဖြေမှန်က ၁၆ ဖြစ်ပါတယ်။ အဖြေမှန်ရသူတွေအားလုံးအတွက် ဂုဏ်ယူပါတယ်။

အဖြေမှန်မရသူတွေအနေနဲ့ စိတ်ချယုံကြည်ချင်ရင်တော့ ဂဏန်းပေါင်းစက်တစ်လုံး ယူလိုက်ပြီး “ 9 – 9 ÷ 9 + 9 – 9 ÷ 9” အတိုင်း ဆက်တိုက်နှိပ်သွားပါ၊ အားလုံးပြီးမှ “=” ညီမျှခြင်းကို နှိပ်ကြည့်လိုက်ပါ။ အဖြေမှန်ရလာပါလိမ့်မယ်။


28 Feb 2020     2,170 Views




RELATED

Most Popular of Special or Others

Most Popular of NEWS